တိုက်ပွဲ

နန့်ယားစစ်တပ်ကုန်းက ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ယောက် ထိခိုက်ဒဏ်ရာရရှိ

ဖားကန့်သွားလမ်း နန့်ယားကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့က တစ်ရက်လုံးလက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် နန့်ယားကျေးရွာရဲ့ လူနေအိမ်ရပ်ကွက်တစ်ချို့နေရာမှာ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အမျိုးသမီးတစ်ယောက် လက်နက်ကျည်စထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ တိုက်ပွဲဖြစ်ပွားတဲ့ နေရာဘက်ကို ပစ်ခတ်တာတွေရှိသလို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေရှိနိုင်တဲ့  နေရာဘက်မှာ ဩဂုတ်လ ၂၂ ရက်နေ့ တစ်ရက်လုံး နန့်ယားစစ်တပ်ကုန်းကနေ အမြှောက်သီးတွေ ဆက်တိုက်ပစ်ခတ်ခဲ့ပါတယ်။

အခုလို အဆက်မပြတ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတစ်လုံးက နန့်ယားရပ်ကွက် ()မှာရှိတဲ့ နေအိမ်တစ်လုံးအနီးမှာ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အိမ်ဝရံတာအထဲမှာထိုင်နေတဲ့ အသက် ၃၅ နှစ်အရွယ် ဒေါ်ဇင်မာဦး ကျည်ထိမှန်ခဲ့တယ်လို့ နန့်ယားဒေသခံတစ်ယောက်က KNG ကို ပြောပါတယ်

သူတို့က တစ်ရက်လုံး ပစ်ကြတာဟုတ်တယ်။ ပစ်တာက KIA တပ်တွေရှိတဲ့ ဘက်ရယ်၊ နောက် တိုက်ပွဲဖြစ်တဲ့ နေရာဘက်ကို ပစ်ကြတယ်လို့ပြောတာပဲ။ ဒါပေမယ့် တိုက်ပွဲဖြစ်တဲ့နေရာက ဒီကနေ ဝေးတယ်။ သူတို့ပစ်လိုက်တဲ့ အမြှောက်သီးတစ်လုံးက ရပ်ကွက်  မှာကျတယ်။ ပေါက်ကွဲတဲ့ ကျည်စက အမျိုးသမီးတစ်ယောက်မှာ ထိမှန်သွားတယ်လို့ပြောပါတယ်။

လက်နက်ကြီး ကျည်စထိမှန်သွားတဲ့ ဒေါ်ဇင်မာဦးဆိုဟာ ချိုင်းအောက်တစ်နေရာနဲ့ ပေါင်တစ်ဖက် ခြမ်း ၂ နေရာမှာ ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်နေ မနက်ပိုင်းကနေ ညနေ  နာရီလောက်အထိ က်နက်ကြီး အဆက်မပြတ် ပစ်ခတ်ခဲ့တာကြောင့် လုံးခြုံရေးအတွက်စိုးရိမ်ပြီး နန့်ယား စစ်တပ်နဲ့ နီးစပ်တဲ့ ရပ်ကွက်  ခုက လက်မှာ နန့်ယားကျေးရွာရှိ သာဘာရေးကျောင်းတွေမှာ တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

နန့်ယားစစ်တပ်ကုန်းက လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေလုပ်ဆောင်ခဲ့တာဟာ ဒီကနေ့ မနက် ကားမိုင်းစစ်တပ်ကနေ ဖားကန့်ဘက်ကို တက်လားတဲ့ စစ်အင်အား ၁၀၀ ကျော်လောက်ပါရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA က ကားမိုင်းမြို့အထွက် မအူပင်အထက် ကျောက်ထုကျေးရွာအနီးမှာ ကြားဖြတ်တိုက်ခံလိုက်ရတဲ့အတွက်ဖြစ်ပါတယ်။ ါ့ကြောင့် နန့်ယားစစ်တပ်ကုန်းကနေ KIA တပ်တွေရှိတဲ့ဘက်နဲ့ တိုက်ပွဲဖြစ်ပွားတဲ့ဘက်ကို ရမ်းသမ်းပစ်ခတ်မှုလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖားကန့်လမ်းတစ်လျှောက်  ဖက်တပ် တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် နန့်ယားစစ်တပ်ဂိတ်နေရာနဲ့ ကားမိုင်းလမ်းခွဲနေရာတွေမှာ ခရီးသည် ကုန်ကားများကို စစ်ကောင်စီတပ်ဘက်က သွားလာရေးပိတ်ဆို့ထားတာလည်းဖြစ်ပါတယ်။

ကျောက်ထုကျေးရွာနားမှာ ပစ်ခတ်ခံရတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းမှာ ဩဂုတ်လ ၁၇ ရက်နေ့လောက်က မိုးကောင်းမြို့နယ်ကနေ စစ်ကား  စီးနဲ့ တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဖြစ်ပါတယ်။

Show More

Related Articles

Back to top button