မြစ်ကြီးနားမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ပွဲ ဖြိုခွဲခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စစ်အာဏာရှင်မလိုလားကြောင်း ဆန္ဒဖော်ထုတ်သည့် သပိတ်စစ်ကြောင်းများ ယနေ့ ဖေဖော်ဝါရီလ ၁၈ရက်နေ့ မနက်ပိုင်း ၁၁နာရီခန့်အချိန်တွင် ရဲနှင့် စစ်တပ်က အင်အားသုံးကာ လမ်းကြောင်းပိတ်ဆို့ပြီး ဖြိုခွဲခဲ့သည်။ ကချင်လူမှုအဖွဲ့အစည်းများ ဦးဆောင်သော သပိတ်လမ်းကြောင်းကို စီတာပူရပ်ကွက်က စတင်ချီတက်လာခဲ့ပြီးနောက် မြို့လယ် မြန်မာ့စီးပွားရေးဘဏ်ရှေ့ရောက်လာခဲ့စဉ် စစ်ကား ၁၀ စီးနှင့် ရဲအင်အား၅၀ ခန့်နှင့်အတူ ရေပစ်ကားများဖြင့် လမ်းပိတ်ဆို့တားဆီးခဲ့သည်။ မြစ်ကြီးနားရှိ လူထု၏ ၁၁ ရက်မြောက်နေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွင်…