စန်းကားရွာ

  • Nov- 2024 -
    18 November
    သတင်း

    စန်းကားရွာ အရပ်သားနေအိမ်မှာ စစ်ကောင်စီတပ်စွဲနေထိုင်

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာရှိ အရပ်သားနေအိမ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲနေထိုင်တာတွေလုပ်နေတယ်လို့ စန်းကားကျေးရွာ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်ရဲ့ စစ်ဆင်ရေးစတင်လာချိန်ကစလို့ ဝိုင်းမော်မြို့နယ်တွင်း ကျေးရွာအများပိုင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြတဲ့ထဲ စန်းကားကျေးရွာအုပ်စုလည်းပါဝင်ပါတယ်။ စန်းကားကျေးရွာအုပ်စုမှာ ကျေးရွာ၊ ရပ်ကွက်ပေါင်း ၁၀ ခုရှိပြီး စစ်ရေးအခြေနေကြောင့် အိမ်စောင့်ကလွှဲလို့ ဒေသခံပြည်သူများအားလုံးနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြချိန် စစ်ကောင်စီတပ်က အရပ်သားနေအိမ်တွေမှာ အိမ်သော့ရိုက်ဖွင့်ပြီးနေထိုင်တာတွေရှိနေတယ်လို့ စန်းကးကျေးရွာ ရပ်ကွက် ၅ ဒေသခံအမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “အိမ်ကောင်းတွေဘဲ ဝင်နေတာ သော့ခတ်ထားလည်း သော့ရိုက်ဖွင့်ပြီးမှနေတယ် ရပ်ကွက် ၃ အိမ်တစ်လုံးမှာ ဗျူဟာမှုးလည်းရှိတယ်လို့ ပြောကြတယ်”လို့ ပြောပါတယ်။ အိမ်စောင့်ကလွှဲပြီး ပြည်သူအများပိုင်းထွက်ပြေးတိမ်းရှောင်သွားတဲ့နောက် စစ်ကောင်စီတပ်တွေဟာ ဇွန်လကစပြီး  ရွာအဝင်အထွက် စစ်ဆေးတာ ပုံမှန်လုပ်နေတဲ့အပြင် ရပ်ကွက် ၇၊ ၃ ၊ ၅ ၊ ၄ စတဲ့ ရပ်ကွက်ရှိ လူနေအိမ်တစ်ချို့တွင်း ဝင်ရောက်တပ်စွဲနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ လကုန်ပိုင်း စန်းကားကျေးရွာ၊ ရပ်ကွက် ၇ အရပ်သားနေအိမ်တစ်အိမ်မှာ လက်နက်ကြီးအထိုင်ချတပ်စွဲထားတဲ့စစ်သားတွေကို KIA ပူပေါင်းတပ်ဝင်ရောက်ပစ်ခတ်ဖမ်းဆီးသွားပြီး အဲဒီနေရာမှာ KIA ပူးပေါင်းတပ်က တပ်စွဲလိုက်နိုင်ပေမယ့် ဩဂုတ်လတွင်း စစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်းနဲ့တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် KIA တပ်ဖွဲ့ ရပ်ကွက် ၇ ကနေတပ်ဆုတ်သွားပြီဖြစ်တယ်လို့ သိရပါတယ်။ လတ်တလော KIA တပ်ဟာ စန်းကားကျေးရွာအုပ်စုမှာပါဝင်တဲ့ ဘန်းဘားရွာ (ဒေသအခေါ်) ရပ်ကွက် ၈ အထိ တပ်ဆုတ်သွားပြီး စစ်ကောင်စီတပ်တွေက ရပ်ကွက် ၇ အထိ နေရာယူထားပြီး နှစ်ဖက်တပ် စစ်ရေးတင်းမာတဲ့အခြေနေမှာရှိနေတယ်လို့ သိရပါတယ်။ “ခုရပ်ကွက် ၇ မှာ စကစပြန်ထိုင်ထားပြီ ဘန်ဘားဘက်မှာ လဆန်းပိုင်းကလည်း တိုက်ပွဲဖြစ်တယ် ခနနပဲ ခုလောလောဆယ်တော့ ရွာအစွန်တွေမှာ တင်းမာတဲ့အခြေနေရှိနေတယ်”လို့ နောက်ထပ် ရပ်ကွက် ၇ နေ အမျိုးသားတစ်ဦး ပြောပါတယ်။ စန်းကားကျေးရွာအုပ်စုဟာ စစ်ကောင်စီတပ်ရဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လေတပ်တည်ရှိရာ နန့်ပေါင်လေတပ်စခန်းနဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိပြီး နန့်ပေါင်လေတပ်စခန်းအတွက် လုံခြုံရေးအရ အလွန်အရေးပါတဲ့ရွာဖြစ်ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ မေလနှောင်းပိုင်း စန်းကားကျေးရွာအထက်ရှိ နောင်ဟီး- ကြက်ပေါင်ခြံကူးသို့နဲ့ ခတ်ချို- ဇီးလွန်ကသို့ ဖြတ်သန်းခွင့်ကို စစ်တပ်က ပိတ်လိုက်ပြီး ရေကြောင်းတစ်လျှောက်ရှိ ကျေးရွာတွေမှာ လုံခြုံရေးတင်းကြပ်နေတာလည်းဖြစ်ပါတယ်။…

    Read More »
  • Oct- 2024 -
    4 October
    သတင်း

    စန်းကားရွာမှာ စစ်တပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတစ်လုံးကျပေါက်ကွဲ

    ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာဘက်ကို နမ့်ပေါင်လေတပ်စခန်း၊ အမြောက်တပ်ကနေပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ရွာအတွင်းကျပေါက်ကွဲတာတွေရှိတယ်လို့ စန်းကားကျေးရွာဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၃ ရက်နေ့ မနေ့ညနေပိုင်း ၅ နာရီဝန်းကျင် စစ်ကောင်စီတပ်ရဲ့ နမ့်ပေါင်လေတပ်စခန်းနဲ့အမြောက်တပ်ဘက်ကနေ စန်းကားကျေးရွာအုပ်စု ဘန်ဘားရွာဘက်ကို လက်နက်ကြီးပစ်ခတ်ရာ စန်းကားရွာ ရပ်ကွက် ၃ မှာတစ်လုံးကျပေါက်ကွဲခဲ့တယ်လို့ ဒေသခံတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “ရပ်ကွက် ၃ ဘက်ကျတယ်လို့ သိရတယ်။ သေဆုံးတာတော့ မရှိဘူး အမျိုးသမီးတစ်ယောက်တော့ လက်မောင်းမှာ နည်းနည်းဒဏ်ရာရတယ်လို့ဘဲ သိထားတယ်ဗျ”လို့ ဒေသခံတစ်ဦး ပြောပါတယ်။ ကျည်အနည်းငယ်ထိမှန်ထားသူဟာ အသက် ၃၀ ကျော်အရွယ်အမျိုးသမီးဖြစ်တယ်လို့ သိရပြီး ဒဏ်ရာစိုးရိမ်စရာမလိုဘူးလို့ သူကဆက်ပြောပါတယ်။ စန်းကားကျေးရွာအုပ်စုဟာ  ကျေးရွာ၊ရပ်ကွက်ပေါင်း ၁၀ ခုရှိပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နမ့်ပေါင်လေတပ်စခန်းရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိပါတယ်။ ဒါကြောင့် စစ်တပ်ဘက်ကလည်း လုံခြုံရေးတင်းကြပ်ထားတဲ့အပြင် လတ်တလောမှာတော့ စန်းကားရွာရဲ့အောက်ဘက် ၇ မိုင်ဝေးတဲ့ ဘန်းဘားကျေးရွာမှာ စစ်တပ်နဲ့ KIA တပ်အကြား စစ်ရေးတင်းမာနေတာ ၂ လဝန်းကျင်ရှိလာပြီဖြစ်ပါတယ်။ တိုက်ပွဲနေရာဖြစ်တဲ့ ဘန်ဘားရွာဘက်ကို စစ်တပ်ဘက်က လေကြောင်းနဲ့ပစ်ခတ်တာတွေရှိနေတယ်လို့လည်းဒေသခံတွေ ပြောပါတယ်။ ဒါပေမယ့် လတ်တလော ဖုန်း၊အင်တာနက်လိုင်းအားလုံးပြတ်တောက်နေတာကြောင့် နှစ်ဖက်တပ်အကြား ထိခိုက်သေဆုံးမှုအခြေနေ အသေးစိတ်ကို သိရဖို့ခက်ခဲနေပါတယ်။ “ဟိုနေ့ကလည်း လေယာဉ်နဲ့လာပစ်တယ် ဒီတစ်လောတိုက်ပွဲဖြစ်နေတယ်။ အရင်လက ရပ်ကွက် ၇ အထိ KIA ဘက်ကလာထိုင်ထားတယ်။ ခုက ပြန်ဆုတ်သွားတဲ့သဘောထင်တယ် ရပ်ကွက်…

    Read More »
  • Mar- 2024 -
    20 March
    သတင်း

    စန်းကားကျေးရွာအနီးက ခန်လုံးတံတားကို စစ်တပ်ကဖောက်ခွဲဖျက်ဆီး

    ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာနဲ့ ရွာပေါင်း ၂၀ ဝန်းကျင် မှီခိုသွားလာနေတဲ့ ခန်လုံးတံတား(Hkang Lung mahkrai) ကို စစ်ကောင်စီတပ်ဖောက်ခွဲ ဖျက်ဆီးလိုက်တယ်လို့ အနီးပတ်ဝန်းကျင်မှာနေထိုင်သူတွေဆီကနေ သိရပါတယ်။ မတ်လ ၁၉ မနေ့ညပိုင်း စန်းကားကျေးရွာအနီး စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က အဲ့ဒီတံတားကို ဖောက်ခွဲဖျက်ဆီးလိုက်တာဖြစ်တယ်လို့ စန်းကားဒေသခံတွေပြောပါတယ်။ “ရွာအနီး တိုက်ပွဲအရင်ဖြစ်တယ် မနေ့ညဖြစ်တဲ့ တိုက်ပွဲမှာ စစ်တပ်က အထိနာတယ် ပြောတာပဲ ဒါကြောင့် ထင်တယ်။ တိုက်ပွဲဖြစ်ပြီး သိပ်မကြာဘူး ပေါက်ကွဲသံကြားတယ်။ ကျမတို့က တိုက်ပွဲဖြစ်တာနဲ့ ပြန်ပြေးသွားတာ။ မနက်ကျမှ စစ်တပ်က စန်းကားရွာအောက်ပေါ့ အဲဒီ ခန်လုံး(Hkanglung mahkrai)တံတားကို ဖောက်ခွဲလိုက်ပြီဆိုတာ ပြန်သိရတယ်”စန်းကားဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ အဲဒီတံတားဟာ စန်းကားကျေးရွာရဲ့ အောက်ဘက် ၄ မိုင်လောက်အကွာမှာရှိပြီး အင်လုံခချောင်း(Nlung hka)ကိုဖြတ်ပြီးတည်ဆောက်ထားတဲ့ ချောင်းကူးတံတားဖြစ်ပါတယ်။ အဲ့ဒီတံတားနီးမှာ စင်ကြိုင်အမည် တစ်ရှူးငှက်ပျောအလုပ်ရုံကုမ္မဏီတစ်ခုရှိပြီး မနေ့ည တိုက်ပွဲဖြစ်ပွားချိန် အလုပ်ရုံထဲကို လက်နက်ကျရောက်ပေါက်ကွဲမှုကြောင့် အလုပ်သမား ၃ ဦးလည်း ထိခိုက်သေဆုံးမှုရှိခဲ့သလို အလုပ်ရုံအဆောက်အဦးတချို့ မီးလောင်သွားတယ်လို့ ဆက်လက်သိရပါတယ်။ လက်ရှိ စစ်တပ်ဖောက်ခွဲဖျက်ဆီးလိုက်တဲ့ တံတားရဲ့ အောက်ဘက်တစ်ဖက်ခြမ်းမှာ ဒေသခံပြည်သူတွေရဲ့ လယ်ယာ၊ ခြံတွေနဲ့ စိုက်ပျိုးအခင်းတွေများစွာရှိပြီး ရွာသားတွေ ပုံမှန် သွားလာလှုပ်ရှား အားကိုးနေရတဲ့ ရွာချင်းဆက် တံတားတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ ဒီတံတားဟာ ဧရာ၀တီမြစ်ကမ်းဘေး ခတ်ချိုရွာ၊ နောင်ဟီးရွာနဲ့ စန်းကားကျေးရွာ၊ ခန်လုံးရွာ ( Hkanglung) ၊ လောဆာရွာ၊ တာစန်း (Da jang) ၊ မိုင်းမော စတဲ့ကျေးရွာတွေအပါအဝင် ရွာပေါင်း ၂၀ ဝန်းကျင်က အသက်မွေးဝမ်းကျောင်းလုပ်ငန်းနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ပုံမှန် သွားလာ အားထားနေတဲ့ ချောင်းကူး ကွန်ဂရစ်တံတားတစ်ခုလည်း ဖြစ်ပါတယ်။ အခုလို ဒေသခံပြည်သူတွေ အားကိုးပြီး ဖြတ်သန်းသွားလာနေတဲ့ တံတားကို စစ်တပ်ကဖျက်ဆီးလိုက်တာဟာ အဲ့ဒီအနီးနားတဝိုက်က ဒေသခံပြည်သူတွေအတွက် အခက်အခဲ ၊ ဒုက္ခကြုံတွေ့စေပြီလို့ ဒေသခံအမျိုးသားတစ်ဦးကလည်း ပြောပါတယ်။ “အဲ့ဒီလမ်းက ရွာခံတွေ ခြံသွား၊ လယ်သွား၊ တောင်ယာသွား စသဖြင့် သွားလာနေတဲ့လမ်းဖြစ်တယ်။ အဲဒီတံတားရှိခြင်းကြောင့်သာ သွားလာရေးအဆင်ပြေနေတာ။ မဟုတ်ရင် ဟိုး…မြစ်ကနေ ခက်ခက်ခဲခဲစက်လှေနဲ့သွားရတာ။ အခုတံတားပျက်သွားတော့ တော်တော်ဒုက္ခရောက်ပြီ။ ရွာချင်းဆက်ထားတဲ့ တံတားဆိုတော့ အောက်ဘက် ကျေးရွာသေးသေးလေးတွေ များတယ်။ အားလုံးက ခြံလုပ်၊ လယ်လုပ်၊ အခင်း၊တောင်ယာ အားလုံးက တံတားဟိုဘက်မှာပဲ လုပ်ကြတာ။ တံတားပြန်မလုပ်ပေးမချင်းတော့ တော်တော်အခက်အခဲဖြစ်သွားပြီ။” ဟု သူကပြောပါတယ်။ ဒါ့အပြင် အဲဒီအနီးနားတဝိုက် တရုတ်သစ်ရှူးငှက်ပျောခြံအမြောက်အများရှိပြီး သစ်ရှူးငှက်ပျောတင်ကားတွေလည်း ပုံမှန်ဖြတ်သန်းသွားလာနေတဲ့ လမ်းဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီက ဒီ စန်းကား– ခန်လုံး(Hkanglung) တံတားကို ဖောက်ခွဲ ဖျက်ဆီးလိုက်တာနဲ့ အဲ့ဒီအနီးနားတဝိုက် KIA နဲ့ PDF တွေ လှုပ်ရှားသွားလာလို့မရအောင် လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ဒေသခံအမျိုးသားက အခုလို သုံးသပ်ပါတယ်။ “ဒီလိုဖောက်ခွဲလိုက်တဲ့သဘောက KIA/PDF တွေ အမြန်ဒီဘက်ခြမ်ကို လာလို့မရအောင်ဖြစ်နိုင်တယ်။ အင်လုံခ ဟိုဘက်ကမ်း တာလောကြီးဘက်က KIA/PDF တွေ နေရာယူ လှုပ်ရှားနေတဲ့သတင်း သူတို့သိတော့ ဒီဘက်ကို လှုပ်ရှားလာပြီး ဝင်လာလို့မရအောင် တံတားကို ဖောက်ခွဲလိုက်တယ်လို့ မြင်တယ်။” ဟု သူကပြောပါတယ်။ ဧရာ၀တီနောက်ဘက်ခြမ်း ဝိုင်းမော်မြို့နယ် အောင်မြေ ၁ ၊ အောင်မြေ ၂ နဲ့ ရွှေညောင်ပင် တစ်ကြော စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာလျက်ရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် စန်းကားကျေးရွာနေပြည်သူအများပိုင်းကတော့ လက်ရှိ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေပြီ ဖြစ်ပါတယ်။ By…

    Read More »
Back to top button