စီတာပူ

  • May- 2024 -
    24 May
    သတင်း

    မြစ်ကြီးနား စီတာပူရပ်ကွက်မှာ လူနေအိမ် မီးလောင်မှုဖြစ်

    ကချင်ပြည်နယ် မြစ်ကြီးနား မြို့ စီတာပူရပ်ကွက်မှာ နေအိမ်မီးလောင်မှုထပ်မံဖြစ်ပွားခဲ့တယ်လို့ စီတာပူရပ်ကွက်နေပြည်သူတွေ ဆီကနေ သိရပါတယ်။ မေလ ၂၄ ရက်နေ့  ဒီမနက် ၆နာရီခွဲဝန်းကျင်လောက်က စီတာပူနယ်မြေ (၃) ဖားကန့်သူ စားသောက်ဆိုင်လမ်းကြား ၊ စီတာပူမိုတယ်မျက်နှာချင်းဆိုင်မှာရှိတဲ့ အိမ်နှစ်လုံးမီးလောင်သွားတာဖြစ်တယ်လို့ မြင်တွေ့ခဲ့ရတယ်လို့ စီတာပူရပ်ကွက်နေ ပြည်သူတစ်ဦးက ခုလိုပြောပါတယ်။ “ကျွန်တော်တို့ရောက်တဲ့ အချိန်ကလောင်နေပြီး ၆ ခွဲ ၇ နာရီဝန်းကျင်လောက်တော့ ရှိပြီး နောက်တစ်အိမ်ကိုတောင် မီးကကူးနေပြီ ဟုတ်တယ်”လို့ ဆိုပါတယ်။ မီးလောင်တဲ့ အိမ်နှစ်လုံးထဲမှာ တစ်လုံးကတော့ ပျဉ်ထောင်အိမ် ဖြစ်ပြီး နောက်ထပ်တစ်လုံးကတော့ အုတ်တက်ထားတဲ့အိမ်ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ “မီးသတ်ကားရောက်တဲ့ အချိန်က အိမ်တစ်လုံးတော့ ပြာကျသွားပြီး နောက်တစ်လုံးကတော့  အကုန်တော့မပါဘူး တစ်ဝက်ပါသွားတာ ဟုတ်တယ်”လို့ပြောပါတယ်။ မီးလောင်တဲ့အကြောင်းအရင်းနဲ့ပက်သက်ပြီး မီးဖိုချောင်က စလောင်တာဆိုပြီးပြောဆိုနေကြသလို  သစ်ပင်အောက်က အမှိုက်မီးလောင်ရာကန ကူးစက်လောင်တာဖြစ်တယ်ဆိုပြီး သတင်းအမျိုးမျိုးထွက်ပေါ်နေပါတယ်။ အလားတူ စီတာပူရပ်ကွက် ၅မှာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ရက်နေ့တုန်းကလည်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာ ဘဲ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း မြစ်ကြီးနား မြို့မှာ ပြီးခဲ့တဲ့ လေးအတွင်း မီးလောင်မှု သုံးကြိမ်တိတိ ဖြစ်ပွားခဲ့တာ ဘဲ ဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ နိုဝင်ဘာ ၂၁ ရက်အထိ မီးလောင်မှု အကြိမ်ပေါင်း ၁,၂၄၅ ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း ၁၆,၈၆၉ ကျော် ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ By – Hope

    Read More »
Back to top button