စျေနှုန်း

  • Jun- 2024 -
    24 June
    သတင်း

    ပူတာအိုမှာ စက်သုံးဆီတွေကို သတ်မှတ်ထားတဲ့ စျေးနှုန်းထက်ပိုပြီး လုပ်ငန်းရှင်တွေက ဝယ်ယူနေ

    ကချင်ပြည်နယ် ပူတာအိုမြို့နယ်ကိုရောက်လာတဲ့  စက်သုံးဆီတွေကို တစ်ပေပါ ၁၈ သိန်းဝန်းကျင်နဲ့ရောင်းချဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကသတ်မှတ်ထားပေမယ့် လုပ်ငန်းရှင်တစ်ချို့က သတ်မှတ်စျေးထက်ပိုပေးပြီး ဝယ်ယူနေတာကြောင့် စျေးထပ်ပြီးတက်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ ပူတာအိုမြို့ထဲ ဇွန်လ ၁၉ ရက်နေ့ ပထမဆုံးအကြိမ်ရောက်ရှိလာတဲ့ စက်သုံးဆီ ပေပါအလုံး ၃၀၀ ကို တစ်ပေပါ ၁၈ သိန်းအထိသာရောင်းချဖို့ သက်ဆိုင်တဲ့အဖွဲ့စည်းတွေက သတ်မှတ်ထားပေမယ့် လက်ရှိမြေပြင်မှာ တစ်ပေပါ  သိန်း ၂၀ ကနေ ၂၅ သိန်း ပတ်ဝန်းကျင်အထိပေးဝယ်နေရသလို တစ်ချို့လုပ်ငန်းရှင်တွေက ၃၅ သိန်းအထိပေးပြီး ဝယ်ယူတာတွေရှိနေတယ်လို့ သိရပါတယ်။ “အမှန်တကယ် ပြည်သူလူထုတွေဆီရောက်လာတာက စက်သုံးဆီ သုံးပုံမှာ တစ်ပုံပဲ။ ကျန်တဲ့ဆီတွေက သက်ဆိုင်ရာဆီကနေတစ်ဆင့် လုပ်ငန်းရှင်တွေဆီပဲရောက်သွားတယ်။ ကျန်တဲ့ တစ်ချို့တောင်သူတွေက တစ်ဧကကို ဆီ ၃ ပုလင်းလောက်ပဲရသွားတယ်။ ဒီ ၃ ပုလင်းနဲ့ လယ်တစ်ဧက ထွန်ဖို့မဖြစ်နိုင်ဘူးလေ။ နာမည်ခံတာက ဒေသခံလူထုတွေခက်ခဲ ခေါင်းစဥ်နဲ့ ခွင့်ပြုချက်ကိုယူပြီး တကယ်ရောက်လာတော့ သူတို့ ကိုယ်ကျိုးစီးပွားအတွက်ပဲ အသုံးပြုသွားတယ်”လို့ပြောပါတယ်။ ပူတာအိုမှာနေထိုင်တဲ့ပြည်သူတွေရဲ့…

    Read More »
  • Dec- 2022 -
    8 December
    သတင်း

    ပူတာအိုတွင် ဝက်နာကြောင့် ဒေသဝက်သားများ ဝယ်မရသည့်အထိ ရှားပါးနေ

    ကချင်ပြည်နယ် မြောက်ဖျားပိုင်း ပူတာအိုဒေသတွင် ဝက်နာကြောင့် ဒေသဝက်သားရှာမရတော့သည့်အထိ ရှားပါးနေပြီး တစ်ပိသာလျှင် ကျပ် ၁၀၀၀၀ ကျော်အထိ ပေးဝယ်နေရကြောင်း သိရသည်။ ပူတာအိုမြို့ပေါ် နှင့် မြို့နှင့်နီးသည့် ကျေးရွာများတွင် ၂၀၂၂ ခုနှစ် မတ်လနောက်ပိုင်းမှ စတင်ကာ ရောဂါကူးစက်မှုကြောင့် ဒေသဝက်များ သေဆုံးနှုန်းမြင့်မားခဲ့သည်။ ထို့ကြောင့်…

    Read More »
Back to top button