,
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်ရှိ ဆားထုံးကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသကာကွယ်ရေးတပ်များအကြား ယနေ့ နံနက်ပိုင်းမှစတင်ကာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ အင်အား ၅၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်သည် ဆားလင်းကြီးမြို့နယ် အရှေ့မြောက်ဘက်ခြမ်းရှိ ကျေးရွာများတွင် စစ်ကြောင်းထိုးခဲ့ပြီး ယနေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် ရွှေလှေကျေးရွာမှ ထွက်ခွာလာစဉ် ဆားထုံးကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး က ဆိုသည်။ “တိုက်ပွဲ ဖြစ်တာပါ အဲ့စစ်ကြောင်းက မနေ့က ရွှေလှေမှာ ညအိပ်တယ် ဒီနေ့ အဲ့ဒီကနေထွက်လာပြီး ဆားထုံးရွာ မရောက်ခင်လေးမှာဖြစ်တယ်။ နာရီဝက်လောက်နေတော့ သူတို့ဘက်က
အာဏသိမ်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ တစ်နိုင်ငံလုံးမှာ စစ်ကောင်စီက စစ်ကိုင်းတိုင်းကို အင်အားသုံး ထိုးစစ်ဆင်မှုတွေပြုလုပ်နေပြီး ကျေးရွာအလိုက် နေအိမ် မီးရှို့မှုတွေကို အများဆုံးပြုလုပ်နေပါတယ်။ လက်ရှိ စစ်ကိုင်းအတွင်း တိုက်ပွဲအခြေအနေ နဲ့အတူ စစ်ကောင်စီဘက်က စစ်ကိုင်းတိုင်းကို အင်အားသုံးထိုးစစ်ဆင်နွဲနေတဲ့အပေါ် ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အမြင်တွေကို စုဆည်းတင်ပြထားပါတယ်။ Special.9-HPDF (ထီးချိုင့်) တာဝန်ရှိသူတစ်ဦး Special.9-HPDF (ထီးချိုင့်) ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ စစ်ကောင်စီက စစ်ကိုင်းတိုင်းကိုတော့ အဓိကပစ်မှတ်ထားတယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းတွေထဲမှာ ကျနော်တို့ စစ်ကိုင်းတိုင်းက ပိုပြီးတော်လှန်တာကို။ အဲ့တော့ သူတို့က
စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်း ကြားရှိ ဆင်ဖြူရှင်တံတားဂိတ်စခန်းကို ယနေ့နေ့လည် ၁၂ နာရီဝန်းကျင်တွင် ဒေသခံကာကွယ်ရေးတပ် ၃ ဖွဲ့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးကာ ၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ဆားလင်းကြီး (Salingyi Special Task Force) မှ သိရသည်။ အဆိုပါ ဂိတ်စခန်းသည် ဒေသခံပြည်သူများကို ငွေကြေးတောင်းခံခြင်း၊ မတရားစစ်ဆေးခြင်းများ ပြုလုပ်နေသဖြင့် ပြည်သူများနှင့် ပူးပေါင်းရန် သတိပေးခဲ့သော်လည်း ပူးပေါင်းခြင်းမရှိသဖြင့်