သတင်းအင်တာဗျူး

စစ်ကိုင်းတိုင်း တိုက်ပွဲအပေါ် ကာကွယ်ရေးတပ်ဖွဲ့များ၏ အမြင် နဲ့ သုံးသပ်ချက်များ

အာဏသိမ်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ တစ်နိုင်ငံလုံးမှာ စစ်ကောင်စီက စစ်ကိုင်းတိုင်းကို အင်အားသုံး ထိုးစစ်ဆင်မှုတွေပြုလုပ်နေပြီး ကျေးရွာအလိုက် နေအိမ် မီးရှို့မှုတွေကို အများဆုံးပြုလုပ်နေပါတယ်။ လက်ရှိ စစ်ကိုင်းအတွင်း တိုက်ပွဲအခြေအနေ နဲ့အတူ စစ်ကောင်စီဘက်က စစ်ကိုင်းတိုင်းကို အင်အားသုံးထိုးစစ်ဆင်နွဲနေတဲ့အပေါ် ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အမြင်တွေကို စုဆည်းတင်ပြထားပါတယ်။

Special.9-HPDF (ထီးချိုင့်တာဝန်ရှိသူတစ်ဦး

Special.9-HPDF (ထီးချိုင့်) ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ

စစ်ကောင်စီက စစ်ကိုင်းတိုင်းကိုတော့ အဓိကပစ်မှတ်ထားတယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းတွေထဲမှာ ကျနော်တို့ စစ်ကိုင်းတိုင်းက ပိုပြီးတော်လှန်တာကို။ အဲ့တော့ သူတို့က သူတို့ကို တော်လှန်တဲ့ဒေသမှန်သမျှ မီးရှို့မယ်၊ ဖျက်ဆီးမယ် ဒါကသူတို့ရဲ့ ရည်ရွယ်ချက် ကျနော်တို့ထီးချိုင့်ဆိုလည်း တော်တော်ဖျက်ဆီးခံရတယ် နောက်ဆုံးအဆင့် လေယာဥ်နဲ့ပါ ကြဲခံရတယ်။

သူတို့ရဲ့ရည်ရွယ်ချက်ကတော့ ငါတို့ကိုတော်လှန်ရင်း ငါတို့လုပ်မှာပဲ ဘယ်သူသေသေငါတို့မသေရင်ပြီးတာပဲ ဒါသူတို့က ပြည်သူတွေကိုလုံးဝလှည့်မကြည့်တာပဲ သူတို့က ဒေသပေါင်းစုံကို သူတို့လက်အောက်ရောက်စေချင်တာပဲ။ သူတို့အာဏာသိမ်းတာကို လက်ခံစေချင်တယ်။ လက်မခံတော့ အကြမ်းနည်းနဲ့ရက်စက်ပြတယ်။ ဒါပေမဲ့ကျနော်တို့ပြည်သူတွေက သူတို့ရဲ့ယုတ်မာမူကို အာဏာသိမ်းမူကို ကျနော်တို့ပြည်သူတွေအားလုံး ကန့်ကွက်နေကြတယ် ဆန္ဒပြနေကြတယ် တိုက်ခိုက်နေကြတယ်ပေါ့လေ ဒီလိုတော်လှန်တဲ့ဒေသတွေကို သူတို့ကအဓိကပစ်မှတ်ထားတာလို့ထင်ပါတယ်။

Salingyi Special Task Force (ဆားလင်းကြီး)

Salingyi Special Task Force (ဆားလင်းကြီး) ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ

တော်လှန်ရေးအင်အား အရမ်းကောင်းလွန်းလို့ပေါ့ ပွင့်ပွင့်လင်းလင်းပြောရရင် စစ်အာဏာရှင်ဖီဆန်တဲ့ တော်လှန်ရေးအင်အားစု တော်တော်များများက အခြားမြို့နယ်က တော်လှန်ရေးအင်အားစု အားလုံးက စစ်ကိုင်းတိုင်းမှာပဲလာစုပြီး စစ်ကိုင်းတိုင်းမှာပဲ တော်လှန်ရေး အင်အားစုတွေများလာတော့ သူတို့ကဖိအားပေးတဲ့အနေအထားမျိုးပါပဲ။ နောက်ပြီး အစိုးရတစ်ရပ် ပုံဖော်တာကလည်း စစ်ကိုင်းတိုင်းမှာပဲ အစိုးရတစ်ရပ်ကို ပီပြင်အောင်ပုံဖော်နေတဲ့ ပုံရိပ်တွေကလည်း စစ်ကိုင်းတိုင်းမှာပဲ သက်ရောက်လာတာပေါ့။

ကန့်ဘလူဒေသရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့မှရဲဘော်တစ်ဦး

စစ်ကောင်စီအနေနဲ့က ဖေဖော်ဝါရီလမှာ အာဏာသိမ်းပြီဆိုကတည်းက လွယ်လွယ်ပဲ အာဏာသိမ်းလို့ရတယ်ဆိုတဲ့အနေအထား မလုပ်ရဲတာဘာမှမရှိဘူးဆိုတဲ့ အနေအထားနဲ့ ရုတ်တရက်ကောက်သိမ်းလိုက်တာပေါ့။ သို့ပေမဲ့ ယနေ့အချိန်ထိ ဒီနိုင်ငံကို သူတို့အုပ်ချုပ်လို့ မရတော့ဘူးပေါ့နော် အဲ့ဒီမှာ NUG ရဲ့ ပုံဖော်ထားတဲ့ အနေအထားအရ စစ်ကိုင်းတိုင်းမှာ လွတ်မြောက်နယ်မြေ ဖြစ်ဖို့ ဒီဟာကိုကျနော်တို့က ကြိုးစားနေတဲ့အနေအထားကို သူတို့ဘက်ကလည်းသိရှိပြီးသားပေါ့လေ။ ဒါ့ကြောင့်မို့ စစ်ကိုင်းတိုင်းပြိုရင် မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲလာနိုင်တယ်ဆိုပြီး သူတို့တွက်ဆပုံရပါတယ်။ ဒါ့ကြောင့်မို့ စစ်ကိုင်းတိုင်းမှာဆိုရင် လူမဆန်တဲ့အနေအထားနဲ့ ကြောက်ပြီးတော့ရွာတွေကိုမီးရှို့တယ်။ အကြောက်တရားနဲ့ပဲ ပြည်သူတွေကို ခြောက်တယ်။ ဒါ့ကြောင့်မို့ သူတို့က စစ်ကိုင်းတိုင်းမှာဆိုရင် တော်တော်များများဖိနှိပ်ပြီးတော့မှ သူတို့ဘက်က ကြည့်ရင်ရှင်းလင်းရေး ပုံစံမျိုး လုပ်ဆောင်နေတာပေါ့။

Student Revolution Force (မင်းကင်းမြို့နယ်)

စစ်ကောင်စီဘက်မှာ ဖိအားနှစ်ခုရှိမယ်လို့ထင်တယ်။ ပထမကကျနော်တို့ဘက်က စစ်ဆင်ရေးတွေ ဆောင်ရွက်တာတွေရှိတယ်။ အဲ့လိုစစ်ဆင်ရေးတွေလုပ်ပြီဆိုရင် အထူးသဖြင့် မြောက်ပိုင်းအကူအညီကြောင့် များလာတယ်လို့ သူတို့ကထင်တယ်။ ပြီးရင် ကျနော်တို့သုံးတဲ့ ကျည်တွေကို သူတို့တွေ့ရလိမ့်မယ် မြောက်ပိုင်းကကျည်တွေများတာကို သူတို့ရဲ့အမြင်မှာ မြောက်ပိုင်းရဲ့ အကူညီကြောင့်ပေါ့။ အခုနောက်ပိုင်းမှာအဲ့လိုအနေအထားရှိတယ်။

နောက်တစ်ခုက သူတို့ရဲ့လက်ပါးစေ ပျူစောထီးပေါ့ ပျူစောထီးတွေကလည်းသူတို့ကိုဖိအားပေးတာရှိမယ်။ အထူးသဖြင့် ကျနော်တို့ရဲ့ အတွေ့အကြုံယူတဲ့နေရာက ပျူစောထီးတွေကိုတိုက်တာဖြစ်တယ်။ ပြီးတော့ စစ်ကောင်စီရဲ့ အားပျော့ရာဆိုပြီး ပျူစောထီးတွေကိုဝင်သိမ်းတာပေါ့။ ကျနော်တို့ရဲ့လက်နက်ရနိုင်တဲ့နည်းလမ်းကလည်း ပျူစောထီးတွေဆီကလေ။ အဲ့တာဆိုတော့ စစ်ကောင်စီရဲ့ လက်ပါးစေပျူစောထီးတွေရဲ့တောင်းဆိုမူတွေကြောင့် ပျူစောထီးတွေကိုယ်တိုင်က ရွာတစ်ရွာကိုဝင်ဖို့ဆိုရင် သတ္တိမရှိသလို စစ်ဗျူဟာမရှိဘူး ပြီးတော့ ဦးဆောင်တိုက်ခိုက်နိုင်တဲ့အရည်အချင်းမရှိဘူး။ အဲ့တော့ သူတို့က စစ်ကြောင်းတစ်ကြောင်းရွာတွေကို ပတ်မီးရှို့ရင် ဒေသခံပျူစောထီးတွေရဲ့ အကူအညီယူပြီးမီးရှို့ရတာ။ အဲ့တာကြောင့် ကျနော့အထင်က စစ်ကိုင်းကို အခုလိုလုပ်တာက ဖိအားနှစ်ခုကြောင့်ဖြစ်နိုင်တယ်။ တစ်ခုက သူတို့ကိုယ်တိုင်က မြောက်ပိုင်းရဲ့အကူအညီတွေ PDF တွေရလာတာကို သူတို့သိလာတာကတစ်ကြောင်း နောက်တစ်ခုက သူတို့ရဲ့ လက်ပါးစေဖြစ်တဲ့ ပျူစောထီးတွေရဲ့ ဖိအားပေးတာကြောင့် အကူအညီတောင်းတာကြောင့်က တစ်ကြောင်းလို့ထင်ပါတယ်။

Chaung U Revolution Army 2

Farmer Revolution Force CHU နှင့် အခြားသောဒေသခံကာကွယ်ရေးတပ်များ

စစ်ကိုင်းတိုင်းမှာက တိုက်ရခိုက်ရလွယ်တယ် လွယ်တယ်ဆိုတာက သူတို့ဘက်က စစ်ကိုင်းကိုလာတိုက်ရင် ကျနော်တို့ ကာကွယ်ရေးတပ်ဖွဲ့တွေက လုပ်ချင်ရာလုပ်လို့မရဘူးလေ။ ပြည်သူရှိသေးတာကို စစ်ကောင်စီဘက်ကကျတော့ သူတို့ကဘာမှ မကြည့်ပဲပစ်လို့ရတယ်။ ကျနော်တို့ကကျတော့ပစ်လို့မရဘူး။ လုပ်ရကိုင်ရကြပ်တာပေါ့။ ဒါကိုလည်းသူတို့ဘက်ကသိတယ်။ တစ်ဖက်မှာလည်း ကျနော်တို့တွေ လက်နက်ကိုင်တာက အာဏာသိမ်းပြီးမှ လုပ်တာကို သူတို့ကကျတော့ နှစ် ၆၀ လောက် တိုက်လာတဲ့သူတွေ စနစ်တကျ လေ့ကျင့်ပေးထားသူတွေလည်းဖြစ်တယ်။ စစ်သားတွေလည်းဖြစ်တော့ အထက်ကအမိန့်ကို နာခံမူလည်း အားကောင်းတာကို အဲ့တာကြောင့်အင်အားနည်းတဲ့ ကျနော်တို့ဘက်ကိုဖိတာလို့ထင်တယ်။

ပြီးရင် အထက်ကနေ သတင်းပေါက်ကြားမူတွေပေါ့ ဘယ်တပ်ရင်းကိုတော့လက်နက်တပ်ဆင်ပေးလိုက်ပါပြီပေါ့ ဘယ်တပ်ရင်းကိုတော့ ဘာတွေလုပ်ပေးလိုက်ပါပြီပေါ့ အဲ့လိုဆို စစ်တပ်ကမကြာဘူး လူမျိုးတုံးနီးပါးလောက်ကို ဆော်တာပေါ့ အရာတော်၊ မြင်းမူဘက်မှာလည်း တစ်ခါတွေ့ခဲ့ရတယ်။ လက်နက်တပ်ဆင်ပေးလိုက်ပြီဆိုပြီး သတင်းပေါက်တော့ ပြည်သူကအစ တွေ့တာနဲ့ပစ်သတ်တယ်။ အဲ့လိုတွေကြောင့်လည်း စစ်ကိုင်းကိုဖိတာလို့ထင်ပါတယ်။

Show More

Related Articles

Back to top button