,
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာတွင် PDF အယောင်ဆောင်ကာ ဓါးပြတိုက်နေသူများကို ဖားကန့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် KPDF မှ ပူးပေါင်းကာ ဖမ်းဆီးထားကြောင်း သိရသည်။ စက်တင်ဘာ ၂၉ ရက်နေ့ ညနေ ၄နာရီဝန်းကျင် ဆိပ်မူကျေးရွာတွင်းရှိ KTV တွင် ရှောင်တခင်ဝင်ရောက်ကာ ဖမ်းဆီးလိုက်ကြောင်း သိရသည်။ "စုစုပေါင်း ၆ ယောက်ဖမ်းမိတာ စစ်ဆေးမြေးမြန်းတာတွေ ဆက်လုပ်မယ်"ဟု PDF နှင့် နီးစပ်သူက ပြောသည်။ အဆိုပါ PDF အယောင်ဆောင် ၆ ဦးနှင့်အတူ လက်နက်နှင့် ကျည်ဆံအချို့ကိုလည်း သိမ်းဆည်းရမိကြောင်း သိရသည်။ ဖားကန့်ဒေသတွင် အာဏာသိမ်းပြီးနောက်ပိုင်း PDF အယောင်ဆောင်ကာ ငွေကြေးလိမ်လည်တောင်းမူဖြစ်စဉ် ဓါးပြတိုက်မူဖြစ်စဉ်များ မကြာခဏ ဖြစ်လေ့ရှိသည်။ ယင်းကဲ့သို့ PDF အယောင်ဆောင်ကာ လုပ်ဆောင်နေခြင်းများသည် PDF များအပေါ်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဆိုင်းတောင်ကျေးရွာတွင် ဖယောင်းတိုင်မီးမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် ၂ထပ်တိုက် ၄လုံးတဆက်တည်း မီးလောင်ပျက်စီးမှု ယနေ့နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဆိုင်းတောင် အမှတ် (၂)ရပ်ကွက် ကချင်စားသောက်ဆိုင်တစ်ခုဖြစ်သည့် ‘Num Ri Pan’ ဆိုင်တွင် ထွန်းထားသည့် ဖယောင်းတိုင်မီးမှ စတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့် စားသောက်ဆိုင်အပါ လူနေအိမ် ၄ လုံးဆက် မီးလောင်ပျက်စီးသွားခဲ့သည်ဟု မီးလောင်မှုဖြစ်ပွားခဲ့သည့် နေရာတွင်ရောက်ရှိခဲ့သည့် အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။
ဖားကန့်မြို့နယ်၊ ဆိပ်မူတွင် နေထိုင်သည့် ကျောက်ပွဲစားတစ်ဦးကို လူငယ်နှစ်ဦးက လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု၏ နာမည်ကို သုံးကာ ခေါ်ဆောင်သွားပြီးနောက် အဖိုးတန်ကျောက်စိမ်းသုံးလုံး၊ ဖုန်းနှင့် ဆိုင်ကယ်ကို လုယူကာ ထွက်ပြေးသွားကြောင်း ဒေသခံများထံမှ သိရသည်။ သြဂုတ် ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ဆပ်မူ မှ အသက် ၃၀ အရွယ် ကျောက်ပွဲစား ကိုလွမ်းဝေ ကို လူငယ်နှစ်ဦးက စစ်ဆေးမေးမြန်းစရာရှိသဖြင့်ဟုဆိုကာ ခေါ်ဆောင်သွားပြီးနောက် ရွာပြင်အရောက်တွင် အဖိုးတန်ကျောက်စိမ်းသုံးလုံး၊ ဖုန်း နှင့် ဆိုင်ကယ်တစ်စီး လုယူသွားကြောင်း ကိုလွမ်းဝေနဲ့ ရင်းနှီးသူတစ်ဦးက KNG ကိုပြောသည်။ ''လူငယ်နှစ်ယောက်ကလာပြီး လက်နက်ကိုင်အဖွဲ့တစ်ခုရဲ့နာမည်ကိုသုံးပြီး မေးစရာရှိလို့ဆိုပြီး ခေါ်သွားတာ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာတွင်ရှိသော ဆိပ်မူအထက်တန်းကျောင်းဝင်းအတွင်း ယနေ့ နေ့လည် ၁၂ နာရီဝန်းကျင်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ဆိပ်မူကျေးရွာ(ယခင်အခေါ်အဝေါ် ဆိုင်းတောင်ကျေးရွာ) အထက်တန်းကျောင်းဝင်းအတွင်းသို့ အမည်မသိအဖွဲ့အစည်းတစ်ခု၏ လက်ချက်ကြောင့် မိုင်းတစ်လုံး ပေါက်ကွဲခဲ့မှုဖြစ်ပွားခဲ့သည်ဟု ဆိပ်မူကျေးရွာနေ အမျိုးသားတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ "ပေါက်ကွဲမှုဖြစ်သွားတာက ဒီနေ့ ၁၂ နာရီ ဆယ်မိနစ်လောက်ကဖြစ်သွားတာ ဟုတ်တယ်။ စာသင်ကျောင်းဝန်းထဲကစာကြည့်တိုက်ရှိတယ်။ အဲ့ဒီစာကြည့်တိုက်နောက်ကြောမှာကွဲသွားတာ။ ထောင်ထားပြီး ခွဲခံရတယ်လို့ သိရတယ်။ ကျောင်းထဲဆိုတော့ ထိအောင်မလုပ်ချင်လို့ ထိအောင်လုပ်ချင်ရင်တော့ထိမှာပဲ"ဟုပြောဆိုသည်။