သတင်း

ဖားကန့်တွင် ဖယောင်တိုင်မီးမှတဆင့် ၂ထပ်တိုက် ၄လုံး မီးလောင်ပျက်စီး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဆိုင်းတောင်ကျေးရွာတွင် ဖယောင်းတိုင်မီးမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် ၂ထပ်တိုက် ၄လုံးတဆက်တည်း မီးလောင်ပျက်စီးမှု ယနေ့နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဆိုင်းတောင် အမှတ် ()ရပ်ကွက် ကချင်စားသောက်ဆိုင်တစ်ခုဖြစ်သည့် ‘Num Ri Pan’ ဆိုင်တွင် ထွန်းထားသည့် ဖယောင်းတိုင်မီးမှ စတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့်  စားသောက်ဆိုင်အပါ လူနေအိမ် ၄ လုံးဆက် မီးလောင်ပျက်စီးသွားခဲ့သည်ဟု မီးလောင်မှုဖြစ်ပွားခဲ့သည့် နေရာတွင်ရောက်ရှိခဲ့သည့် အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။

လူနေအိမ်က လေးလုံးဆက်ပါသွားတယ်။ နှစ်ထပ်တိုက်အိမ်ကြီးတွေကြီးပဲ အိမ်ခန်းငှားတွေလည်းပါတယ်။ ကျောက်ဝိုင်းလုပ်ထားတဲ့အခန်းတွေလည်းပါတယ်။ မီးဖိုချောင်ထဲမှာ ထွန်းထားတဲ့ ဖယောင်းတိုင်မီးကနေတဆင့် စလောင်တယ်လို့ သိရတယ်ဟုပြောသည်။

မီးလောင်မှုဖြစ်ပွားခဲ့ရာတွင် ဖားကန့်မြို့နယ် မီသတ်ဌာနနှင့် ရပ်ကွက်နေပြည်သူများက ၁၁နာရီဝန်းကျင်တွင် ပြန်လည် သတ်ငြိမ်းနိုင်ခဲ့သည်ဟု သိရသည်။

အဆိုပါ ကချင်စားသောက်ဆိုင်နှင့် တဆက်တည်း မီးလောင်ပျက်စီးသွားသည့် မီးဘေးသင့် အိမ်ထောင်စုများကို ကူညီနိုင်ရန်အတွက်လည်း ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းဆောင်ရွက်နေကြ ကြောင်းလည်းသိရသည်။

ဆိုင်းတောင်ကျေးရွာတွင် ယခုနှစ်အတွင်း ယခုကဲ့သို့ကြီးကြီးမားမား မီးလောင်ကျွမ်းမှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

Show More

Related Articles

Back to top button