သတင်း

လက်နက်ကိုင်အဖွဲ့ နာမည်ကို အလွဲသုံးကာ ကျောက်စိမ်းသုံးလုံး၊ ဖုန်း နှင့် ဆိုင်ကယ် လုယူထွက်ပြေးသွား

ဖားကန့်မြို့နယ်၊ ဆိပ်မူတွင် နေထိုင်သည့် ကျောက်ပွဲစားတစ်ဦးကို လူငယ်နှစ်ဦးက လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု၏ နာမည်ကို သုံးကာ ခေါ်ဆောင်သွားပြီးနောက် အဖိုးတန်ကျောက်စိမ်းသုံးလုံး၊ ဖုန်းနှင့်  ဆိုင်ကယ်ကို လုယူကာ ထွက်ပြေးသွားကြောင်း ဒေသခံများထံမှ သိရသည်။

သြဂုတ် ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ဆပ်မူ မှ အသက် ၃၀ အရွယ် ကျောက်ပွဲစား ကိုလွမ်းဝေ ကို လူငယ်နှစ်ဦးက စစ်ဆေးမေးမြန်းစရာရှိသဖြင့်ဟုဆိုကာ ခေါ်ဆောင်သွားပြီးနောက် ရွာပြင်အရောက်တွင် အဖိုးတန်ကျောက်စိမ်းသုံးလုံး၊ ဖုန်း နှင့် ဆိုင်ကယ်တစ်စီး လုယူသွားကြောင်း ကိုလွမ်းဝေနဲ့ ရင်းနှီးသူတစ်ဦးက KNG ကိုပြောသည်။

လူငယ်နှစ်ယောက်ကလာပြီး လက်နက်ကိုင်အဖွဲ့တစ်ခုရဲ့နာမည်ကိုသုံးပြီး မေးစရာရှိလို့ဆိုပြီး ခေါ်သွားတာ ဆိပ်မူမှာ စျေးဝယ်နေတုန်း ခေါ်လာတာ။ ခေါ်သွားတာက ဆိပ်မူရွာဟောင်းဘက်ကို ခေါ်သွားတာ ဒီကလာခေါ်တာကနှစ်ယောက် အဲ့မှာရောက်တော့သူတို့ကခြောက်ယောက်တဲ့ သူ့ကိုဝိုင်းရိုက်ပြီးပါသွားတဲ့ကျောက်၊ ဖုန်း၊ ဆိုင်ကယ်တွေလုပြီး ပြေးသွားတာ ဒီဘက်က လက်နက်ကိုင်အဖွဲ့တွေကများတော့ အဖွဲ့နာမည်အလွဲသုံးစားလုပ်ပြီး ခံလိုက်ရတာ” ဟု ကိုလွမ်းဝေ၏ မိတ်ဆွေက ပြောသည်။

လူငယ်နှစ်ဦးသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ နာမည်ကို အလွဲသုံးစား လုပ်ခြင်းဖြစ်ပြီး တာဝန်ရှိသူများနဲ့ ကံယကံရှင်ကိုယ်တိုင်က လိုက်လံစုံစမ်းနေသော်လည်းယနေ့ထိ မမိသေးပဲ ထွက်ပြေးလွတ်မြောက်နေသေးကြောင်း သိရသည်။

ကျော်က အဖိုးတန်ကျောက်လည်းပါတယ်ဗျ ရကျောက်ပါတယ် ပိုင်ရှင်ကိုယ်တိုင်ကတော့ စုံစမ်ဖော်ထုတ်သွားမယ်ပေါ့။ ကျနော်တို့ဆီလည်းအကူ့ညီလာတောင်းတယ်။ ဒါပေမယ့်ခုထိတော့ ဘာမှမသိရသေးပဲပျောက်နေတာ KIAကတော့ မဟုတ်ဘူး တောဘက်ခေါ်ချင်လို့ သက်သက်နဲ့ နာမည်ကိုအလွဲသုံးစားလုပ်သွားတာ ဟု ဒေသခံတစ်ဦးကပြောသည်။

ဖားကန့်မှော်ဒေသတွင် ယခုနှစ်အတွင်း ခိုးဆိုးလုယက်မှုများ ပိုမိုဖြစ်ပွားလျက်ရှိပြီး ရေမဆေးကျောက်ရှာသူများ သတ်ခံရမှုဖြစ်စဥ်လည်း မကြာခဏရှိနေသည်။

Show More

Related Articles

Back to top button