သတင်း

ဖားကန့်တွင် PDF အယောင်ဆောင် ဓါးပြတိုက်နေသူများအား KIA,PDF မှ ဖမ်းဆီးထား

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာတွင် PDF အယောင်ဆောင်ကာ ဓါးပြတိုက်‌နေသူများကို ဖားကန့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် KPDF မှ ပူးပေါင်းကာ ဖမ်းဆီးထားကြောင်း သိရသည်။

စက်တင်ဘာ ၂၉ ရက်‌နေ့ ညနေ ၄နာရီဝန်းကျင် ဆိပ်မူကျေးရွာတွင်းရှိ KTV တွင် ရှောင်တခင်ဝင်ရောက်ကာ ဖမ်းဆီးလိုက်ကြောင်း သိရသည်။

စုစုပေါင်း ၆ ယောက်ဖမ်းမိတာ စစ်ဆေးမြေးမြန်းတာတွေ ဆက်လုပ်မယ်ဟု PDF နှင့် နီးစပ်သူက ပြောသည်။

အဆိုပါ PDF အယောင်ဆောင် ၆ ဦးနှင့်အတူ လက်နက်နှင့် ကျည်ဆံအချို့ကိုလည်း သိမ်းဆည်းရမိကြောင်း သိရသည်။

ဖားကန့်ဒေသတွင် အာဏာသိမ်းပြီးနောက်ပိုင်း PDF အယောင်ဆောင်ကာ ငွေကြေးလိမ်လည်တောင်းမူဖြစ်စဉ် ဓါးပြတိုက်မူဖြစ်စဉ်များ မကြာခဏ ဖြစ်လေ့ရှိသည်။

ယင်းကဲ့သို့ PDF အယောင်ဆောင်ကာ လုပ်ဆောင်နေခြင်းများသည် PDF များအပေါ် ပြည်သူများ၏ ယုံကြည်မူ အထင်အမြင်လွှဲစေရန် လုပ်ဆောင်နေခြင်းဖြစ်သည့်အတွက် KIA နှင့် PDF များမှ အမြန်ဆုံး စုံစမ်းဖော်ထုတ်သွားရန် လုပ်ဆောင်နေကြောင်းလည်း သူကဆက်ပြောသည်။

အားလုံးအကြပ်အတည်းဖြစ်နေတဲ့ချိန် ဒီလိုသေနတ်ပြ ဓါးပြတိုက်တာတွေကို အရမ်းကိုဆိုးရွားလွန်းတယ်။ အဲကြောင့် ဒီကိစ္စတွေရဲ့ နောက်ကွယ်မှာရှိတဲ့ဟာတွေပါ အမြန်ဆုံးစုံစမ်းဖော်ထုတ်နိုင်ဖို့ ကြိုးစားနေကြပါတယ် ဟု PDF နှင့် နီးစပ်သူက ပြောသည်။

ဖားကန့်မြို့တွင် စစ်အာဏာသိမ်းပြီးနောက်မူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှုအပြင် ခိုးဆိုးလုယက်မှုများလည်း ယခင်ထက် ပိုများလာကြောင်း ဒေသခံများကပြောသည်။

Show More

Related Articles

Back to top button