ဆေးဝါးပြတ်လပ်
-
Jul- 2025 -2 Julyသတင်း
ကချင်မှာ ငှက်ဖျားဖြစ်သူများပြီး ဆေးပြတ်လပ်မှုကြုံနေရ
ကချင်ပြည်နယ်မှာ ငှက်ဖျားဖြစ်သူတွေများနေပြီး ဆေးပြတ်လပ်မှုတွေကြုံနေတာ ၂ နှစ်ဆက်တိုက်ရှိလာပြီလို့ ကချင်ပြည်နယ် ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့ ၂၀၂၃ ခုနှစ်အထိ ကချင်မှာ ငှက်ဖျားဆေးတွေကိုအခမဲ့ရယူနိုင်တဲ့ အဖွဲ့အစည်းတွေရှိသလို အိမ်တိုင်းလိုလိုမှာလည်း ပိုးလောက်လန်းကင်းစင်တဲ့ဆေးအိတ်အပြင် ခြင်ဆေးလိုက်ဖြန်းတဲ့သူတွေရှိပေမယ့် ခုနောက်ပိုင်း ခြင်ဆေးဖြန်းပေးတာမရှိသလို ငှက်ဖျားဆေး ပြတ်လပ်မှုတွေကြုံတွေ့နေရတယ်လို့ ကချင်ပြည်နယ် ဒေသခံတွေက ဆိုပါတယ်။ လက်ရှိမှာလည်း…
Read More » -
Feb- 2025 -26 Februaryသတင်း
ပူတာအို ပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးပြတ်လို့ ဆေးကုစရိတ် အကုန်ကျ များနေ
ကချင်ပြည်နယ်မြောက်ပိုင်း၊ ပူတာအိုပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးပြတ်တောက်သွားသောကြောင့် အပြင်ဆေးဆိုင်တွေကို အားကိုးနေရပြီး ဆေးကုစရိတ်အကုန်အကျ များနေတယ်လို့ သိရပါတယ်။ ဆေးလာကုတဲ့ လူနာတွေအနေနဲ့ အပြင်ဆေးဆိုင်တွေမှာ ဝယ်ယူနေရလို့ ဆေးကုစရိတ်တွေအကုန်အကျ များနေတယ်လို့ ပူတာအိုမြို့ခံ အမျိုးသားတစ်ဦးက KNG ကို ပြောဆိုလာပါတယ်။ “သူတို့ပဲ လုပ်စားနေကြတာလား တကယ်ပဲဆေးဝါးတွေ မချပေးတော့ တာလားမသိဘူး။ ဟိုနေ့က နေမကောင်းလို့…
Read More » -
Dec- 2024 -2 Decemberသတင်း
နောင်မွန်မြို့မှာ ဆေးဝါးပြတ်လပ်လာတဲ့အတွက် ပြည်သူတွေဆေးကုသရေးအခက်ကြုံနေ
ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့မှာ ဆေးဝါးပြတ်လပ်လာတာကြောင့် ပြည်သူတွေဆေးဝယ်ယူသုံးစွဲဖို့နဲ့ ကုသဖို့အခက်ကြုံနေတယ်လို့ ဒေသခံတွေပြောပါတယ်။ နောင်မွန်မြို့ဆေးရုံကြီးမှာ ပြီးခဲ့တဲ့ ဇွန်လကစပြီး စစ်ကောင်စီက ဆေးဝါးချပေးခြင်းမရှိတော့တဲ့အတွက် ဆေးရုံမှာဆေးဝါးပြတ်လပ်နေတဲ့အပြင် အပြင်ဆေးဆိုင်တွေမှာလည်း ဆေးဝါးအများပိုင်းပြတ်လပ်နေတယ်လို့ နောင်မွန်မြို့ခံအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။ “ဆေးရုံကြီးမှာဆေးက မချပေးတော့တာလို့ပြောတယ် ဘာဆေးမှကိုမရှိတာ ဖျားလို့နားလို့ဆေးဝါးရှာမရနေတာ လေး၊ငါးလလောက်ရှိပြီ ပါရာစိမ်းတောင်မရှိတဲ့အနေအခြေဖြစ်နေတာ ၊ ချောင်းဆိုးလို့ သွားပြတာဖြစ်ဖြစ် ဆေးကအပြင်မှာပဲဝယ်ရတယ် သူတို့က ရောဂါရှာပေးတာသက်သက်လိုပဲ ဖြစ်နေတယ် ခက်တာက အပြင်မှာလည်းဆေးကမရှိဘူးရှားတယ်” လို့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။ လတ်တလော နောင်မွန်မြို့မှာ အိမ်သုံးဆေးနှင့် နာတာရှည်ရောဂါသည်များအတွက် ဆေးဝါးများ၊ ဆီးချိုဝေဒနာရှင်များသုံးတဲ့ အင်ဆူလင်ထိုးဆေးအပါအဝင်၊ ကျောက်ကပ်ဝေဒနာရှင်တွေသုံးတဲ့ ဆေးဝါးများလည်း ရှားပါးပြတ်လပ်နေသလို လက်ကျန်ဆေးများမှာလည်း ဆေးအမျိုးအစား ပေါ်မူတည်ပြီး စျေးအဆမတန်မြင့်တက်လာကြောင်း ဆေးဝါးသုံးစွဲသူများနှင့် ဆေးအရောင်းဆိုင်များမှ သိရပါတယ်။ “လောလောဆယ် အပြင်မှာပဲ ပါရာစိမ်းတစ်ကဒ်ကိုသုံးလေးထောင်ပေးဝယ်ရတယ် ကျန်တဲ့ဆေးဆိုတော့နော် စျေးတအားကြီးတယ် အဲ့ကြောင့်တချို့ဆို ဆေးမြီးတိုတွေနဲ့ကုနေကြတယ် ဆေးမဝယ်စားနိုင်လို့ တော်တော်လေးခက်ခဲကြတယ်”လို့ ပြောပါတယ်။ နိုဝင်ဘာ လကုန်ပိုင်းအထိ နောင်မွန်မြို့တွင်း ပါရာစိမ်းတစ်ကဒ်ကို ယခင်စျေး ကျပ် ၁၀၀၀ (တစ်ထောင်) ယခု ကျပ် ၃၀၀၀ (သုံးထောင်) ၊ ဘိုင်အိုဂျစ်ဆစ် တလုံး ယခင်က ၂၀၀ (တစ်ရာ) ကျပ်မှ ယခု ၅၀၀ (ငါးရာ) ကျပ်၊ ဒီကိုဂျင် တလုံး ၂၅၀ (နှစ်ရာ့ငါးဆယ်) ကျပ်မှ ၅၅၀ (ငါးရာငါ့ဆယ်) ကျပ်၊ အန်နာဘွန်စီတလုံးလျှင် ၅၀၀ (ငါးရာ) ကျပ်မှ ၁၈၀၀ (တစ်ထောင့်ရှစ်ရာ) ကျပ်အထိ မြင့်တက်နေတယ်လို့ သိရပါတယ်။ မြန်မာပြည်အထက်ပိုင်း ကချင်ပြည််နယ်ထဲကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ သြဂုတ်လနောက်ပိုင်းကနေစပြီး ကုန်းကြောင်းနဲ့ဆေးဝါးတင်သွင်းခွင့်ကို စစ်ကိုင်းတိုင်းထဲကနေ တင်းကြပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ ကချင်ပြည်နယ်မှာ အသုံးပြုနေတဲ့ဆေးဝါးတွေရဲ့ ၈၀ ရာခိုင်နှုန်းခန့်ဟာ လေကြောင်းနဲ့တင်သွင်းနေတာဖြစ်လို့ လမ်းပမ်းဆက်သွယ်ရေးခက်တဲ့ နောင်မွန်မြို့မှာ– ပူတာအို– မြစ်ကြီးနားကနေအဆင့်ဆင့်သယ်ယူနေရာတာကြောင့် အခုလိုဆေးဝါးပြတ်လပ်လာတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း ဆေးဝါး ၈၅ ရာခိုင်နှုန်းကို တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ထိုင်းအစရှိတဲ့ နိုင်ငံတွေကလည်း အဓိကတင်သွင်းပြီး ကျန် ၁၅ ရာခိုင်နှုန်းခန့်ကို ပြည်တွင်းမှာထုတ်လုပ်တာဖြစ်တယ်လို့ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။ သို့သော် စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ်အတွင်း ဆေးဝါးတင်သွင်းခွင့် ပိုကန့်သတ်လာတာကြောင့် ဆေးဝါးရှားပါးမှု၊ပြတ်လပ်မှုဟာ ပိုမိုဆိုးရွားလာနေတာလည်း ဖြစ်ပါတယ်။ By – Zaw Zaw
Read More »


