ဇမ္မူရာဇ်

  • Nov- 2024 -
    25 November
    သတင်း

    ပူတာအိုမှာ ဇမ္မူရာဇ်ရွှေဆိုင်ပိုင်ရှင်ကားလုယက်ခံရပြီး ရွှေပိသာ ၃၀၀ ခန့်ပါသွား

    ကချင်ပြည်နယ် ပူတာအိုမြို့မှာ ဇမ္မူရာဇ်ရွှေဆိုင်ပိုင်ရှင်ရဲ့ကားလုယက်ခံလိုက်ရပြီး ရွှေပိသာ ၃၀၀ ခန့်နဲ့ ငွေသားသိန်း ၈၀ ကျော်ပါသွားကြောင်း ဇမ္မူရာဇ်ရွှေဆိုင်ပိုင်ရှင်နဲ့ရင်းနှီးတဲ့ ပူတာအိုဒေသခံတွေဆီကနေ သိရပါတယ်။ ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက် စည်ပင်စျေးထဲမှာဖွင့်လှစ်ထားတဲ့ ဇမ္မူရာဇ်ရွှေဆိုင်ပိုင်ရှင် ဒေါ်ယဥ်ခိုင်ရဲ့ကား(Crown White Color)  နိုဝင်ဘာ ၂၄ရက်နေ့ မနက်ပိုင်းမှာ လုယက်ခံလိုက်ရပြီး ရွှေသား ပိသာ ၃၀၀ ကျော်နဲ့ငွေသား သိန်း ၈၀ ကျော်ပါသွားကြောင်း ရွှေဆိုင်ပိုင်ရှင်နဲ့ရင်းနီးတဲ့အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “သူ့ရွှေဆိုင်က ကောင်ကထောင်မှာအိမ်ကတော့ပန်းလှိုင်ရပ်ကွက်မှာအဝေးကြီးပဲ အိမ်ကနေရွှေဆိုင်ကို အထွက်အိမ်ရှေ့မှာလုခံလိုက်ရတာ ပိုင်ရှင်ကရေနွေး ဓာတ်ဗူးမေ့ကျန်ခဲ့လို့ အိမ်ထဲခနဝင်ယူတဲ့အခါ ကားကိုတခါတည်းမောင်းပြေးသွားတာ ကားကသော့တန်းလန်းနဲ့ဆိုတော့ တစ်ခါတည်းမောင်းပြေးသွားတာ အကုန်ပါသွားတယ်”လို့အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ ကားလုယက်သွားသူတွေဟာ အသက် ၃၀ ကျော်အရွယ် အမျိုးသားသုံးဦးဖြစ်ပြီး ပူတာအိုမြို့အထွက်ဘက် အထက်ဆန်ခေါင်ကျေးရွာဘက်ကိုမောင်းပြေးသွားတာလို့ သိရပါတယ်။ ရွှေဆိုင်ပိုင်ရှင်နဲ့ နီးစပ်ရာပတ်ဝန်းလူတွေက ကားမောင်းပြေးသွားတဲ့ အထက်ဆန်ခေါင်ဘက်ကိုလိုက်လံစုံစမ်းရာမှာတော့ ကားကိုပြန်တွေ့ပေမယ့် ရွှေနဲ့ငွေသားတွေကိုပြန်မရတော့ဘဲ လုယက်သူတွေလည်းလွတ်မြောက်နေဆဲလို့ နောက်ထပ် ကောင်ကထောင်ရပ်ကွက် အမျိုးသားတစ်ဦး ဆက်ပြောပါတယ်။ “ကားကတော့ပြန်တွေ့တယ် ဆန်ခေါင်သွားတဲ့လမ်းမှာ လမ်းဘေးမှာထိုးရပ်ထားတာ ပစ္စည်းတော့မရတော့ဘူး ဘယ်သူဘယ်ဝါတွေလည်းခုထိမသိရသေးဘူး”လို့ ပြောပါတယ်။ ဇမ္မူရာဇ်ရွှေဆိုင်က်ိုတော့ ဒီကနေ့မှာပြန်ဖွင့်နေပေမယ့် ငွေလွဲ၊ငွေထုတ်တစ်ခုတည်းသာရတော့တယ်လို့ သိရပါတယ်။ စစ်အာဏာသိမ်းနောက်ပိုင်း ကချင်ပြည်နယ်ထဲက မြစ်ကြီးနား၊ ဖားကန့်၊ဗန်းမော်၊ မိုးညှင်းစတဲ့မြို့နယ်တွေထဲမှာ ရွှေဆိုင်ဓားပြတိုက်ခံရတာ၊အခုလိုလုယက်ခံရတာတွေမကြာခနဖြစ်ပွားနေပေမယ့် ပူတာအိုမြို့နယ်ထဲမှာတော့ယခုတစ်ကြိမ်ဟာ ပထမဆုံးကြိမ် လုယက်ခံရတာလို့သိရပါတယ်။ By – Zaw Zaw

    Read More »
Back to top button