ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို
,
စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်ရှိ ညောင်လှကျေးရွာကို စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ယမ်းသမ်းပစ်ခတ်ခဲ့သည့် ဖြစ်စဉ်တွင် ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့လည်း ပျက်စီးခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။ ဖြစ်စဥ်မှာ ယနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သား အင်အား ၆၀ ဝန်းကျင်သည် သံချပ်ကာ ကား ၂ စီးဖြင့် ရေဦးမြို့နယ် ရွာသာလေး၊ ကုက္ကိုစု၊ မူးသာကုန်း ကျေးရွာအတွင်းသို့ ဝင်ရောက်လာစဥ် ဒီပဲယင်းမြို့နယ် အရှေ့ဘက်ခြမ်းကို ၁၂၀ မမ ၉လုံးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ညောင်ပင်လှကျေးရွာအတွင်းသို့ ကျရောက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။ “အသက်၄၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး လက်နဲ့ခြေထောက်မှာ ဒဏ်ရာရတယ်လို့သိရတယ်။ ပြီးတော့ အိမ်တွေပေါ်ကျတယ် တော်တော်ဆိုးပါတယ်၊ ၁၂၀မမတွေနဲ့ထုတာ
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ညောင်လှကျေးရွာနှင့် မဲအိုးကျေးရွာတွင် လူနေအိမ် ၈၁ လုံး မီးရှို့ဖျက်ဆီးခံရပြီး ပြည်သူ ၃ ဦး သတ်ဖြတ်ခံလိုက်ရကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သိရသည်။ အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းသည် ဧပြီ ၁၈ ရက်နေ့မှ စတင်ကာ ညောင်လှရွာနှင့် မဲအိုး ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး မဲအိုးရွာမှ လူနေအိမ် ၁၇ လုံးနှင့် ညောင်လှရွာမှ လူနေအိမ် ၆၄လုံး