ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို
,
စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်တွင် ၄ ရက်အတွင်း ကျေးရွာပေါင်း ၆ ခုကို စစ်ကောင်စီအဖွဲ့က မီးရှို့ဖျက်ဆီးသွားပြီး လူနေအိမ် ၇ ထောင်နီးပါးခန့် မီးလောင်းပျက်စီးသွားသည်ဟု ဒေသခံများပြောဆိုချက်မှသိရသည်။ စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများအပါအဝင် အင်အား ၂၀၀ ကျော်ခန့်က ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ တန့်ဆည်မြို့နယ်၏ မြောက်ဘက်ခြမ်းရှိ ကျေးရွာများကို ဝင်ရောက်မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု ဒေသခံတစ်ဦးက KNG ကိုပြောသည်။ “သူတို့က ကန့်ဘလူဘက်ကနေ လက်နက်အင်အားအပြည့်နဲ့ ပျူအင်အားတွေနဲ့
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်ထဲရှိသော ကျေးရွာ ၃နေရာတွင် စစ်ကောင်စီတပ်သည် ယနေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်မှ ရဟတ်ယာဉ် ၄စီးဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ရေဦးနှင့်တန့်ဆည် မြို့နယ် ၂ခုချင်းစပ်ရှိသော ရေဦးနယ်မဲအိုး၊ အင်မထိုးရွာနှင့် ဝက်သေပေကြီး စသော ၃နေရာတွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ် ၄စီးဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောပါသည်။ "ရဟတ်ယာဉ် လေးစီးထဲမှာ နှစ်စီးက Mi-
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်တွင် စစ်ရှောင်ပြည်သူ သောင်းချီ တိုးလာနေပြီး ငှက်ဖျားရောဂါ ဖြစ်ပွားလာနေသောကြောင့် ၎င်းတို့အတွက် ဆေးဝါးကူညီမှု အရေးပေါ် လိုအပ်နေကြောင်း သိရသည်။ ယခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ကာ ကျေးရွာပေါင်း ၅၀ ကျော် ထွက်ပြေးတိမ်းရှောင်လာကြသည့် ပြည်သူများသည် တောတောင်များတွင် ရာသီဥတုဒဏ်ကြောင့် ငှက်ဖျားရောဂါ ဖြစ်ပွားသူ များပြားနေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဒေသခံ အမျိုးသမီးတစ်ဦး က KNG သို့ ပြောသည်။ “ကျွန်မတို့ ဒီဘက်မှာဆိုရင်တော့
စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်အတွင်းရှိ အိမ်ခြေ ၇၀၀ ကျော်ကို စစ်ကောင်စီတပ်က တစ်ချိန်တည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ငါးထောင်ကျော် မီးဘေးသင့်နေကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ် အင်အား ၂၅၀ ကျော်သည် မေလ ၂၀ ရက်နေ့ က တန့်ဆည်မြို့နယ်ရှိ စိမ်းစားကျေးရွာ၊ ဖန်းခါးဇင် ကျေးရွာနှင့် ချောင်းရိုး ကျေးရွာအတွင်းသို့ ဝင်ရောက်လာကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး လူနေအိမ် စုစုပေါင်း ၇၀၀ ကျော် မီးရှိုခဲ့သည်ဟု