ကချင်ပြည်နယ်တွင် လိုင်စင်မဲ့ ဆိုင်ကယ် အရောင်းစင်တာများကို အရေးယူတော့မည်ဟုဆို

ကချင်ပြည်နယ်အတွင်း လိုင်စင်မဲ့ ဆိုင်ကယ်ရောင်းချသည့် ဆိုင်ကယ် အရောင်းစင်တာများကို လာမယ့် ဇန်နဝါရီလမှ စကာ ဖမ်းဆီးအရေးယူမူများ ဆောင်ရွက်တော့မည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနမှ သိရပါသည်။ လက်ရှိတွင် ဆိုင်ကယ်အရောင်းစင်တာများအား ပညာပေးအနေဖြင့် စစ်ဆေးမူများပြုလုပ်နေပြီး ပထမအကြိမ်လိုင်စင်မဲ့တွေ့ရှိပါက လိုင်စင်ပြုလုပ်ရန်တိုက်တွန်းမည်ဖြစ်ပြီး၊ ဒုတိယကြိမ် ထပ်မံတွေ့ရှိလျှင် ငွေဒဏ် ကျပ်ငွေ ၁၀သိန်း၊ တတိယအကြိမ်ထပ်မံတွေ့ရှိပါက ထောင်ဒဏ် ၃လအပြင် ငွေဒဏ် ကျပ်သိန်း၃၀ ပေးဆောင်ရန် ညွှန်ကြားထားကြောင်း သိရပါသည်။ “ခုလောလောဆယ်တော့ ဆိုင်ကယ်လိုင်စင်တွေ လုပ်ပေးနေဆဲဖြစ်တဲ့အတွက် သူတို့ကိုလည်း…