တလူး

  • Jan- 2024 -
    8 January
    သတင်း

    ပိတ်စို့ခံထားရတဲ့ တလူးဒေသခံပြည်သူအချို့ တနိုင်းဘက်ကိုထွက်ပြေးတိမ်းရှောင်လာကြ

    ကချင်ပြည်နယ် တနိုင်းမြို့နယ် စစ်ကိုင်း နဲ့ ကချင်အစပ်မှာ ပိတ်စို့ခံထားရတဲ့ တလူးကျေးရွာထဲကပြည်သူတစ်ချို့ တနိုင်းဘက်ကိုထွက်ပြေးတိမ်းရှောင်လာနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ရေးတင်းမာနေတာကြောင့် ရေကြောင်းလမ်း ၂ လကျော်ကြာပိတ်စို့ခံထားရသလို ဖုန်းလိုင်းတွေဖြတ်တောက်ခံထားရတဲ့တလူးကျေးရွာထဲက ဒေသခံပြည်သူအချို့ဟာ ဇန်နဝါရီလ ၅ရက်နေ့ကနေ ဒီကနေ့အထိ တနိုင်းနှင့်ရှင်ဗွေယန်ဘက်ကို…

    Read More »
  • Dec- 2023 -
    18 December
    သတင်း

    တလူး၊ တကားကျေးရွာဘက် ရေလမ်းကြောင်းပိတ်တာ တစ်လကျော်ကြာလို့ ဆန်စျေး စံချိန်တင် မြင့်တက်

    တနိုင်းမြို့နယ် တလူးကျေးရွာ နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တကားကျေးရွာဘက်ကို တစ်လကျော်ကြာ ရေလမ်းကြောင်း ပိတ်ထားတာကြောင့် လက်ရှိမှာတော့ ဆန်တစ်အိတ် ကျပ် ၄ သိန်း ကျော်အထိ ပေးဝယ်နေရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလက စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်တွေကြား တလူးနယ်မြေထဲမှာ တိုက်ပွဲ သုံးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သလို လက်ရှိမှာလည်း နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်တာကြောင့် အဲဒီဒေသဘက်ကိုသွားနိုင်တဲ့ တစ်ခုတည်းသော…

    Read More »
  • Nov- 2023 -
    22 November
    သတင်း

    စစ်တပ်က ရေလမ်းကြောင်းပိတ်ထားတဲ့အတွက် တလူး၊တကားကျေးရွာမှာ အခြေခံစားသောက်ကုန်တွေပြတ်လပ်

    ကချင်ပြည်နယ် တနိုင်းဒေသ တလူးကျေးရွာနဲ့ စစ်ကိုင်းတိုင်း နန်းယွန်းမြို့နယ် တကားကျေးရွာဘက်ကို စစ်တပ်က ရေလမ်းကြောင်းပိတ်စို့ထားတာကြောင့် ကုန်စည်စီးဆင်းမှုတွေရပ်တန့်ပြီး အခြေခံစား သောက်ကုန်တွေပြတ်လပ်နေတယ်လို့ တလူးကျေးရွာဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီကျေးရွာ ၂ ရွာဟာ ကချင်– စစကိုင်းအစပ်မှာရှိပြီး တစ်ဆက်တည်းတည်ရှိနေတဲ့ ကျေးရွာတွေဖြစ်ကာ…

    Read More »
Back to top button