သတင်း

ပိတ်စို့ခံထားရတဲ့ တလူးဒေသခံပြည်သူအချို့ တနိုင်းဘက်ကိုထွက်ပြေးတိမ်းရှောင်လာကြ

ကချင်ပြည်နယ် တနိုင်းမြို့နယ် စစ်ကိုင်း နဲ့ ကချင်အစပ်မှာ ပိတ်စို့ခံထားရတဲ့ တလူးကျေးရွာထဲကပြည်သူတစ်ချို့ တနိုင်းဘက်ကိုထွက်ပြေးတိမ်းရှောင်လာနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ရေးတင်းမာနေတာကြောင့် ရေကြောင်းလမ်း ၂ လကျော်ကြာပိတ်စို့ခံထားရသလို ဖုန်းလိုင်းတွေဖြတ်တောက်ခံထားရတဲ့တလူးကျေးရွာထဲက ဒေသခံပြည်သူအချို့ဟာ ဇန်နဝါရီလ ၅ရက်နေ့ကနေ ဒီကနေ့အထိ တနိုင်းနှင့်ရှင်ဗွေယန်ဘက်ကို တဖြေးဖြေးချင်းထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ ထွက်ပြေးတိမ်းရှောင်လာသူတွေနဲ့နီးစပ်တဲ့ ရှင်ဗွေယန်ဒေသခံအမျိုးသားတစ်ဦးကKNG ကိုပြောပါတယ်။

ရေကြောင်းကပိတ်ထားတာကြာပြီလေး အခုလည်းဖွင့်တယ်လို့ကြီးတော့မဟုတ်ဘူး ပြည်သူတွေကစိုးရိမ်တော့ကိုယ့်နည်းကိုယ့်ဟာနဲ့ကိုယ်ရုန်းထွက်လာကြတာအဲ့ကြောင်းတဖြေးဖြေးနဲ့နည်းနည်းချင်းဆီထွက်လာကြတာ ဟိုမှာကဒီတိုင်းဆိုငတ်ပြီးသေရုံပါ့တဲ့ တိုက်ပွဲကလည်းထပ်ဖြစ်လာမှာပဲ။ အဲ့ကြောင်းတဖြေးဖြေးချင်းရောက်လာကြတာလို့အထက်ပါအမျိုးသားကပြောပါတယ်။

တလူးကျေးရွာဘက်ကို ရေကြောင်းတစ်ခုတည်းနဲ့သာသွားလာလို့ရတာဖြစ်ပြီး အဲ့ဒီရေကြောင်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက တလူးဘက်ကနေစစ်ကောင်စီတပ်ကပိတ်ထားသလို တနိုင်းဘက်ခြမ်းကနေလည်းKIAဘက်က ပိတ်ထားတာကြောင့် စားသောက်ကုန်နဲ့၊အခြားကုန်ပစ္စည်းတွေနဲ့ ခရီးသည်အဝင်ရပ်တန့်သွားတာကြောင့် အခြေခံစားသောက်ကုန်တွေပြတ်လပ်မှုတွေဖြစ်ပေါ်နေပြီးနှစ်ဖက်စစ်ရေးလည်းတင်းမာနေတာကြောင့်ဒေသခံတွေအခုလိုတိမ်းရှောင်လာနေကြတာလို့သိရပါတယ်။

ဒေသခံတွေထွက်လို့ရအောင်တော့ ဆိုင်ရာဆိုင်ရာလူကြီးတွေအရင်ကတည်းကငြိ နေတာဟုတ်တယ် အခုမှပဲနည်းနည်းချင်းနဲ့ထွက်လို့ရတာ တစ်ခါတည်းအများကြီးတော့မထွက်ခိုင်းဘူး တလူးဘက်ကနေ တစ်နေ့ကို ၅၀ ကျော် ၆၀ အဲ့လောက်လောက်ပဲထွက်လာကြတယ်လို့ အထက်ပါအမျိုးသားကဆက်ပြောပါတယ်။

တလူးဒေသဟာ ရွှေမှော်ဒေသဖြစ်ပြီး တလူးမှာနေထိုင်တဲ့ပြည်သူထက်ဝက်လောက်ဟာ ရွေ့ပြောင်းလုပ်သားတွေနဲ့ ရွှေတူးဖော်တဲ့လုပ်ငန်းရှင်တွေ၊စျေးရောင်းစျေးဝယ်လုပ်တဲ့သူတွေဖြစ်ပါတယ်။

ဇန်နဝါရီလ ၅ရက်နေ့ကနေ ဒီကနေ့ထိတိမ်းရှောင်လာကြတဲ့ ပြည်သူတွေထဲမှာအများစုက တလူးဘက်စီးပွားရေးသွားရောက် လုပ်ကိုင်တဲ့သူတွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေများပြီး တနိုင်းဒေသဘက်နဲ့ရှင်ဗွေယန်ဘက်က နီးစပ်ရာအသိဆွေမျိုးတွေရှိတဲ့ဘက်ကို တိမ်းရှောင်လာကြတယ်လို့သိရပါတယ်။

တလူးကျေးရွာမှာရှိတဲ့စစ်ကောင်စီတပ်နှင့် KIAPDF တပ်တွေဟာ ၂၀၂၃ နိုဝင်ဘာလ ဆန်းကတည်းကနေနှစ်ဖက်စစ်ရေးတင်းမာခဲ့ ပြီးနောက် နိုဝင်ဘာလနဲ့ဒီဇင်ဘာလထဲမှာ နှစ်ဖက်တိုက်ပွဲ ၃ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button