တိုက်ပွဲ
-
Aug- 2024 -28 Augustသတင်း
မိုးမောက်နဲ့ မံစီကို လေကြောင်းအပြင် မြေပြင် စစ်ကြောင်းထိုးနေတဲ့အတွက် တိုက်ပွဲပြန်လည်ပြင်းထန်နေ
ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ် သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက်မြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့တိုက်ခိုက်နေတဲ့အပြင် မြေပြင်ကနေ စစ်အင်အား ၄၀၀ ဝန်းကျင်ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ ဗန်းမော်ဘက်ကနေ စစ်အင်အား ၄၀၀ လောက်ထိုးစစ်ဆင်တက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ KIA ပူးပေါင်းတပ်တွေ မိုးမောက်မရောက်မှီ ၆ မိုင်နဲ့ ၇ မိုင်လောက်မှာ ဒီကနေ့ ဩဂုတ်လ ၂၈ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦး KNG ကိုပြောပါတယ်။ “မိုးမောက်အခြေအနေက တပ်ရင်း ၇ ခုလောက်ပေါင်းပြီး စစ်အင်အား ၄၀၀ နဲ့ ၅၀၀ လောက်ရှိတဲ့ စစ်ကြောင်းက မိုးမောက်ဘက်ကို ထိုးစစ်ဆင်နေတယ်။ မိုးမောက်မရောက်ခင် ၆ မိုင်နဲ့ ၇ မိုင်ကြားမှာ တိုက်ပွဲဖြစ်နေတယ်။ KIA ဘက်ကလည်း ကျော်တက်လို့မရအောင် ပိတ်ဆို့တိုက်ခိုက်နေတယ်”လို့ပြောပါတယ်။ စစ်အင်အား ၄၀၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၄ ရက်နေ့နောက်ပိုင်း ဗန်းမောက်ဘက်ကနေ ၂ မိုင်၊ ၃ မိုင် တဆင့်ပြီး တဆင့် ထိုးစစ်တက်လာတဲ့ စစ်ကြောင်းတွေဖြစ်ပြီးတော့ အဲဒီစစ်ကြောင်းတွေက ဩဂုတ်လ ၂၇ ရက်နေ့အထိ မိုးမောက် ၆ မိုင်နေရာမှာ ထိုးတက်နိုင်ခဲ့တယ်လို့သိရပါတယ်။ အဲဒီစစ်ကြောင်းတွေ ဒီကနေ့ ၂၈ ရက်နေ့မှာ ၆ မိုင်ကနေ ၇ မိုင်ဘက်ကို တန်ပြန်ထိုးတက်လာတာကြောင့် ၇ မိုင်ကြားမှာ ဒီကနေ့ ၁၂ နာရီဝန်းကျင်အထိ နှစ်ဖက်စစ်တပ် တိုက်ပွဲပြင်းထန်နေတာဖြစ်တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေကပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ KIA ဘက်က ကြားဖြတ်တိုက်ခိုက်လို့မရအောင် လေကြောင်းအကူနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် ဒီကနေ့ မနက်ပိုင်းမှာပဲ တိုက်ပွဲဖြစ်နေတဲ့ မိုးမောက်နဲ့ မံစီဘက်ကို စစ်လေယာဉ် ၃ ကြိမ်အထက် လာရောက်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဆက်သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ မိုးမောက်မြို့နယ်ထဲမှာ နောက်ဆုံးကျန်ရှိနေတဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို လက်လွတ်လိုက်ရတဲ့နောက် ဩဂုတ်လ ၂၄ ရက်နေ့ကစတင်ပြီး မိုးမောက်နဲ့ မံစီ လမ်းကြောင်းဘက်ကို စစ်ကြောင်း ၃ ခုလောက်ခွဲပြီး စစ်အင်အားအလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်လာတာကြောင့် ၂ နေရာမှာ တိုက်ပွဲပြင်းထန်နေတာ ၅ ရက်လောက်ကြာမြင့်လာပြီဲဖြစ်ပါတယ်။ အလားတူ မံစီဘက်မှာလည်း ဗန်းမော်ဘက်က တပြိုင်နက် စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းနဲ့ ကောင့်ဂျာယန်ကျေးရွာမရောက်မှီ လမ်းခုလပ်တစ်ကြောမှာ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်တွေဟာ လက်လွတ်လိုက်ရတဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းနဲ့ မံစီမြို့နယ်ထဲမှာကျန်ရှိနေသေးတဲ့ ခမရ ၆၀၁ တပ်၊ ခမရ ၃၁၉ တပ်စခန်းတွေကို လက်မလွတ်ရေးအတွက် အခုလို တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက်လာတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
26 Augustသတင်း
အင်းတော်မြို့သိမ်း တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းနဲ့အပြင်းထန်တိုက်ခိုက်နေ
“လေယာဥ်ကတော့မနက်တိုင်း၊နေ့တိုင်းကြဲ ညကိုလဲလာကြဲတယ်။ပြီးရင်လေထီးနဲ့အထုပ်တွေချ နေ့တိုင်းပဲ။ လက်နက်ကြီးတွေဟောင်ဝစ်ဇာတွေနဲ့ကတော့ အထိုင်တပ်ဂျပန်လှိုဏ်ဂူကနေပစ်တာပေါ့။ လေယာဥ်က တော့ နေ့တိုင်းပေါ့ ဒီမနက်လည်းကြဲပြီးသွားပြီ” လို့ပြောပါတယ်။
Read More » -
26 Augustသတင်း
မိုးမောက်၊ မံစီဘက်ကို စစ်တပ်က စစ်ကြောင်း ၃ ခုခွဲပြီး ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေ
မိုးမောက်မြို့နယ်တစ်ခုလုံးအတွက် အရေးပါတဲ့ ခမရ ၄၃၇ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်ဟာ လေကြောင်းအပြင် မြေပြင်စစ်ကြောင်း ၃ ကြောင်းနဲ့ စစ်ကြောင်းထိုးတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ဩဂုတ်လ ၂၄ ရက်နေ့စတင်ပြီး စစ်ကောင်စီတပ်တွေ ဗန်းမော်ဘက်ကနေ စစ်ကြောင်း ၃ ခုနဲ့ မိုးမောက်နဲ့ မံစီ စစ်မျက်နှာ ၂ ခုမှာ ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ဒီနေ့ ဩဂုတ်လ ၂၆ ရက်နေ့ထိ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းတစ်ဦးက KNG ကိုပြောပါတယ်။ “ဗန်းမော်ဘက်ကနေ စစ်ကြောင်း ၃ခုလောက်နဲ့ ထိုးစစ်တက်လာတယ်။ ၅ မိုင်နဲ့ ၆ မိုင် နေရာတွေမှာ တိုက်ပွဲပြန်ဖြစ်နေတာ ၂၄ ရက်နေ့ကတည်းကဟုတ်တယ်။ ဒီကနေ့အထိဆိုရင် ၂ ရက်လောက်ရှိပြီ။ ဗန်းမော်ကနေ မံစီဘက်ကို ထိုးနေလို့ ကောင့်ဂျာယန် မှာလည်း တိုက်ပွဲပြန်ဖြစ်နေတာ”လို့ပြောပါတယ်။ မိုးမောက်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ ၅ မိုင်နဲ့ ၆ မိုင် အထိထိုးစစ်ဆင်နေပြီး KIA ပူးပေါင်းတပ်တွေကလည်း ကျော်တက်လို့မရအောင် တန်ပြန်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ အလားတူ မံစီဘက်မှာလည်း ဗန်းမော်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေ ကောင့်ဂျာယန်မရောက်မှီ အနီးတဝိုက်ရှိတဲ့ ကျေးရွာတွေမှာ စစ်ကြောင်းထိုးထားပြီး အပြန်အလှန်တိုက်ပွဲဖြစ်နေတာလို့ ဆိုပါတယ်။ ဩဂုတ်လ ၁၉ ရက်နေ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီးနောက် ဩဂုတ်လ ၂၀ ရက်နေ့မှာ ကောင့်ဂျာယန် တဝိုက်လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းကာကင်း တပ်စခန်း ၂ နေရာကို KIA က လိုက်လံရှင်းလင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အဲဒီရှေ့တန်းတပ်စခန်းက ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ကောင်စီတပ်တွေက ကောင့်ဂျာယန်မရောက်မှီ ဖန်းခါးကုန်းအနီးရှိ ခလရ ၄၇ တပ်ရင်းမှာ လာရောက်စုပေါင်းသွားပြီး လက်ရှိ မံစီမြို့နယ်ထဲ ကျန်ရှိနေတဲ့ ခမရ ၆၀၁ နဲ့ ခမရ ၃၁၉ တပ်စခန်း ၂ ခုကို လက်မလွတ်ရေးအတွက် စစ်ကောင်စီကနေ တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်တယ်လို့ ဗန်းမော်မြို့နယ်ထဲက တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက အခုလို ပြောပါတယ်။ “ပြီးခဲ့တဲ့ရက်ပိုင်း ကောင့်ဂျာယန်ကနေ တပ်စွန့်ခွာတဲ့ စစ်တပ်တွေက မြို့နဲ့ဝန်းကျင် ဖန်းခါးကုန်းအနီးမှာ ခလရ ၄၇ တပ်ရင်းရှိတယ်။ အဲဒီနေရာမှာ သွားစုသွားကြတာ။ အဲဒါကြောင့် ကောင့်ဂျာယန်ဘက်ကို ထိုးစစ်ပြန်ဆင်လာတဲ့ သဘောပါ။ လောလောဆယ် စစ်တပ်က ကောင့်ဂျာယန်ကိုတော့ မကျော်နိုင်သေးဘူး။ အဓိကတော့ မံစီမြို့ထဲက ၆၀၁ နဲ့ ၃၁၉ က အရေးပါတဲ့တပ်တွေဖြစ်တဲ့အတွက် ထိုးစစ်ပြန်ဆင်တာလို့မြင်တယ်”လို့ပြောပါတယ်။ ဒါကြောင့် လက်ရှိမှာ စစ်ကောင်စီတပ်က တပ်စခန်းလက်လွတ်လိုက်ရတဲ့ မိုးမောက်နဲ့ မံစီ ဘက်ကို စစ်မျက်နှာ ၂ ခုဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်တာဖြစ်တယ်လို့ တော်လှန်ရေးအဖွဲ့တွေကပြောပါတယ်။ တစ်ဆက်ထဲမှာပဲ စစ်ကောင်စီတပ်တွေဟာ ကုန်းလမ်းနဲ့ ထိုးစစ်ဆင်နေသလို ဩဂုတ်လ ၂၄ ရက်နေ့ကစပြီး လက်ရှိတိုက်ပွဲဖြစ်နေတဲ့ မိုးမောက်နဲ့ မံစီ ၂ နေရာဘက်ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆက်သိရပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ မံစီ ဘက်ဆိုရင် ဗန်းမော်မြို့ဘက်ကနေ လက်နက်ကြီးတွေပါ ပစ်ခတ်ပေးနေတာကြောင့် ဗန်းမော်ဒေသခံတွေက ထိတ်လန့်စိုးရိမ်တာတွေဖြစ်နေကြတယ်လို့ သိရပါတယ်။ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို KIA သိမ်းပိုက်လိုက်တဲ့နောက် မိုးမောက်မြို့နယ်တစ်ခုလုံးဟာ စစ်တပ်ကင်းစင်နယ်မြေဖြစ်သွားပြီဖြစ်ပါတယ်။ အလားတူ မံစီမြို့နယ်တစ်ခုလုံးမှာလည်း ခမရ ၆၀၁ နဲ့ ခမရ ၃၁၉ တပ်စခန်း ၂ ခုသာ ကျန်ရှိနေတော့တာကြောင့် စစ်ကောင်စီတပ်တွေဟာ တပ်စခန်းလက်မလွတ်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်လာတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
23 Augustသတင်း
စစ်ကောင်စီ ကင်းစင် မိုးမောက်နယ်
ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေရဲ့ မတ်လ ၇ ရက်နေ့ စတင်ခဲ့တဲ့ စစ်ဆင်ရေးတစ်လျှောက် တိုက်ပွဲကာလအကြာဆုံးလို့ပြောရင် မိုးမောက် ခမရ ၄၃၇ စခန်းသိမ်းတိုက်ပွဲ ထိပ်ဆုံးမှာပါဝင်မှာ သေချာပါတယ်။ ဆယ်စုနှစ်ကြာ အခိုင်အမာတည်ဆောက်ထားတဲ့ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် မြို့စောင့်တပ် ခမရ ၄၃၇…
Read More » -
22 Augustသတင်း
ထီးချိုင့်မှာ ကာကင်းစခန်းတစ်ချို့သိမ်းပိုက်ရရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြော
“မနေ့က ထီးချိုင်မြို့နယ် မြတောင်ဘက်မှာ ကာကင်းစခန်းတွေသိမ်းနိုင်တယ်လို့ကြားရတယ်။ အဲ့ဒါ နောက်ဆုံးပါ။ တစ်ခြားသတင်းတွေတော့ဘာမှမရဘူး။ မြတောင်ကတော့ မနေ့ကမနက်အစောကြီးကို ဝင်တိုက်တာ”လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။
Read More » -
21 Augustသတင်း
အင်းတော်မြို့သိမ်း တိုက်ပွဲပြင်းထန်နေပြီး ရဲစခန်းအပါအဝင် စခန်းတစ်ချို့ သိမ်းပိုက်ရရှိ
“နဘားကာကင်းတော့ရပြီ၊ မြို့တော့မသိမ်းနိုင်သေးဘူး။ ရဲစခန်း၊ထွေအုပ်ရော။ ကျန်တာတော့မရသေး ဘူး။ မြို့တွင်းဝင်ပြီပေါ့ တပ်မကုန်း အကြီးစားပဲ ကျန်တယ်။ အတော်ကြမ်းရမယ် အချိန်ကြာမယ်။ တပ်မ ထိုင်တာ”လို့ပြောပါတယ်။
Read More » -
19 Augustသတင်း
မန္တလေး-မြစ်ကြီးနားလမ်းပိုင်း တိုက်ပွဲကြောင့်ပိတ်နေတာ ၄ ရက်ကြာရှိလာ
စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းပြင်းထန်နေတဲ့ တိုက်ပွဲတွေကြောင့် မန္တလေး–မြစ်ကြီးနား လမ်းပိုင်းပိတ်နေတာ ၄ ရက်ကြာရှိလာပြီး လမ်းတစ်လျှောက်ယာဥ်ရာနဲ့ချီပိတ်မိနေတယ်လို့ ကားသမားတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့ကတည်းက အင်းတော်မြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီး ခရီးသည်တင်ယာဥ်တွေအပါအဝင် ကားကြီး၊ကားလေးအမျိုးအစားအစုံပိတ်မိနေတာလို့ ကားသမားတစ်ဦးက ပြောပါတယ်။ “ပိတ်မယ်လို့ ကြေညာထားတာကကြာပြီဗျ တကယ်ပိတ်တာကတော့ ၄ ရက်လောက်ပဲရှိသေးတာ။ အခုက တော့ တကယ်ပိတ်တာ ပိတ်တာကလည်း၆နေရာလောက်ရှိတယ်။ စစ်ဆေးရေးဂိတ်ရှိတဲ့နေရာတွေပေါ့။ နှစ်ဖွဲ့လုံးဘက်ကပိတ်တာ။ ကားကြီးကားလေးပေါင်းစုံပဲပိတ်မိနေတာ တော်တော်များများပဲ ကချင်ပြည် နယ်မှာစွဲတဲ့လိုင်းပေါင်းစုံပဲ” လို့ပြောပါတယ်။ မန္တလေး–မြစ်ကြီးနား လမ်းပိုင်းသွားလာခွင့်ပိတ်ဆို့မယ်လို့ KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေ ကားသမားတွေကို ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့ကတည်းကအသိပေးခဲ့တာဖြစ်ပြီး တိုက်ပွဲမဖြစ်ခင်ကားတစ်ချို့သွားလာ ကြရာကနေ အခုလိုကားတွေရာနဲ့ချီပိတ်မိကုန်တာလို့ ကားသမားတွေကပြောပါတယ်။ ဒါ့အပြင် ဗန်းမော်–ရွှေကူ ပြေးဆွဲတဲ့ကားတွေဟာလည်းပိတ်မိနေပြီး တိုက်ပွဲက ဒီကနေ့ ဩဂုတ်လ ၁၉ ရက်နေ့အထိပြင်းထန်နေသေးတဲ့အတွက် လမ်းပိုင်းဘယ်တော့ပြန်ဖွင့်မလဲဆိုတာမသိရသေးဘူးလို့ ကားသမားတွေကပြောပါတယ်။ အင်းတော်မြို့နယ်သတင်းတွေကို တင်ပြပေးနေတဲ့ ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Indaw Revolution ဘက်ကတော့ အင်းတော်မြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းအသုံးတိုက်ခိုက်မှု တွေလုပ်နေပြီး ထိခိုက်ပျက်ဆီးမှုတွေရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ “ အင်းတော်ကလည်းမြို့သိမ်းတိုက်ပွဲလုပ်နေတယ်။ ဗျူဟာလမ်းကလည်း အင်းတော်မြို့ထဲကိုဖြတ်တာ ဆိုတော့ အဲ့တာကြောင့်ခဏပိတ်ထားတာနေမှာပါ။ အခုရဲစခန်းနဲ့ ဂျပန်ဆေးရုံပဲကျန်တယ်လို့သတင်းရပါ တယ်။” လို့စစ်ကိုင်းနဲ့ကချင်အစပ်က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကအင်းတော်စစ်ရေးအခြေနေကိုပြောပြ ပါတယ်။ ကချင်နဲ့စစ်ကိုင်းအစပ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့ကစလို့ မြို့သိမ်းတိုက်ပွဲတွေအဖြစ်စစ်ဆင်ရေးတွေလုပ်နေပြီး လက်ရှိ ကောလင်း ခရိုင်ထဲက ပင်လည်ဘူး၊ ကသာခရိုင်ထဲက အင်းတော်မြို့နယ်တို့မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ်။ အင်းတော်မြို့နယ်နဲ့ ပင်လည်ဘူးမြိုနယ်တို့မှာ စစ်ကောင်စီလက်အောက်ခံစစ်သားတွေအပါအဝင် ရှမ်းနီ အမျိုးသားတပ်မတော် SNA နဲ့ ပျူစောထီးတပ်ဖွဲ့ဝင်ပူးပေါင်းအဖွဲ့တွေပူးပေါင်းပြီး တပ်စွဲအထိုင်ချထား တယ်လို့ ကာကွယ်ရေးတပ်တွေကပြောပါတယ်။ မန္တလေး– မြစ်ကြီးနားလမ်းမှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေကြောင့် လမ်းပိုင်းမကြာခဏပိတ်လေ့ရှိပြီး ပြီးခဲ့တဲ့ဖေဖော်ဝါရီလနဲ့ ဧပြီလတို့မှာလည်း ကန့်ဘလူ၊ ကောလင်း ဒေသတစ်ဝှိုက်တိုက်ပွဲတွေကြောင့် လမ်းပိုက်သွားလာခွင့်ပိတ်ဆို့တာတွေရှိခဲ့ပါသေးတယ်။ By – အမိုး
Read More » -
19 Augustသတင်း
တိုက်ပွဲကာလ တစ်လလောက်ကြာမြင့်ခဲ့တဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို KIA အပြီးသတ်သိမ်းပိုက်
KIA သိမ်းပိုက်လိုက်တဲ့ မိုးမောက်တိုက်မှာ စစ်ကောင်စီဘက်က ထွက်ပြေးလွတ်မြောက်သွားတဲ့ တပ်သားတစ်ချို့ရှိသလို ဖမ်းဆီးရမိတာတွေလည်းရှိတယ်လို့ သိရပါတယ်။
Read More » -
19 Augustသတင်း
မိုးမောက်တိုက်ပွဲမှာ ထိခိုက်သေဆုံးသူတွေကို သယ်ထုတ်ဖို့နဲ့ စစ်ကူတက်လာတဲ့ စစ်ကောင်စီယာဉ်တန်း တစ်ခုလုံးပြုတ်
တိုက်ပွဲပြင်းထန်နေတဲ့ မိုးမောက်မြို့နယ်ဘက်ကို စစ်ကူတက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်း တိုက်ခိုက်ခံရပြီး တင့်ကားတစ်စီးအပါ စစ်ကား ၄ စီး မီးလောင်ပျက်စီးသွားတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေပြောပါတယ်။ တစ်လဝန်းကျင် တိုက်ပွဲပြင်းထန်နေတဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းဘက်ကို ဗန်းမော်ဘက်ကနေ တင့်ကားတစ်စီးအပါ စစ်လက်နက်နဲ့ ဒဏ်ရာရထားတဲ့ တပ်သားတွေကို သယ်ထုတ်ဖို့ တက်လာတဲ့ စစ်ကား ၅ စီးကို ၆ မိုင်နဲ့ ၇ မိုင်ကြားမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက KNG ကိုပြောပါတယ်။ “စစ်ကားတစ်စီးက သိမ်းနိုင်တယ်။ စစ်ကား ၃ စီးက မီးရှို့ဖျက်ဆီးပေးလိုက်တယ်။ တင့်ကားက စက်နိုးလို့မရလို့ ကားလမ်းပေါ်မှာရပ်နေတာ စစ်တပ်က လေယာဉ်နဲ့ ဗုံးလာကြဲတော့ မီးလောင်ပျက်စီးသွားတယ်။ စစ်အင်အားတော့ သိမ်မများဘူး။ အဓိကတော့ တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ကယ်ထုတ်ဖို့နဲ့ လက်နက်ပစ္စည်းလာပို့ဖို့တက်လာတာ ကျော်တက်လို့မရဖြစ်သွားတာ”လို့ပြောပါတယ်။ KIA ပူးပေါင်းတပ်တွေ ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့ ၆ မိုင်နဲ့ ၇ မိုင်ကြားကို စစ်ကောင်စီတပ်ဘက်က ဒီနေ့ မနက်ပိုင်း ၇ နာရီခွဲလောက်မှာ Y – 12 လေယာဉ်အမျိုးအစားနဲ့ အဆက်မပြတ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တင့်ကားတစ်စီး မီးလောင်ပျက်စီးသွားတယ်လို့ပြောပါတယ်။ ဒါ့အပြင် ဗန်းမော်ဘက်ကနေ တက်လာတဲ့ တင့်ကားအပါ စစ်ကား ၅ စီးတက်လာတဲ့ထဲကနေ ၄ စီးက မီးလောင်ပျက်စီးသွားပြီး ၁ စီးက KIA ပူးပေါင်းတပ်တွေ လက်နက်ပစ္စည်းတစ်ချို့နဲ့အတူ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ အခုလို KIA ဘက်ကနေ စစ်ကား ၃ စီး မီးရှို့ဖျက်ဆီးပေးလိုက်တာနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ အသေးစိတ်မသိရှိရသေးဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ “သတင်းက အသေးစိတ်မသိရသေးဘူး။ ဒါပေမယ့် မိုးမောက်တိုက်ပွဲက တစ်ရက်ပြီး တစ်ရက်တော့ ပိုပြီး ပြင်းထန်နေဆဲဖြစ်ပါတယ်။ စစ်တပ်ဘက်ကနေ လေကြောင်းနဲ့ ပစ်တယ်။ မြေပြင်ကနေ ပစ်တယ်။ နှစ်ဖက်တပ်အပြင်းအထန်တော့ဖြစ်နေတယ်”လို့ပြောပါတယ်။ မိုးမောက်တိုက်ပွဲဟာ ဒီကနေ့ ဩဂုတ်လ ၁၉ ရက်နေ့ နေ့လည် ၁ နာရီအထိ တိုက်ပွဲပြင်းထန်နေဆဲဲဖြစ်ပြီးတော့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက် ထိခိုက်သေဆုံးမှုများတာကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ သူတွေကို သယ်ထုတ်ယူဖို့ နဲ့ စစ်အင်အားပြန်ဖြည့်လာတဲ့ စစ်ကား ၅ စီးဟာ လမ်းခုလပ်မှာ တိုက်ခိုက်ခံရတာလည်းဖြစ်ပါတယ်။ KIA ရှေ့တန်း သတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုချက်အရ မိုးမောက် ခမရ ၄၃၇ တိုက်ပွဲဟာ KIA ပူးပေါင်းတပ်တွေ တပ်တွင်းထဲကအများပိုင်းကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမယ့် အရေးပါတဲ့ နေရာတစ်ချို့ကျန်ရှိနေသေးတာကြောင့် မပြီးပြတ်နိုင်သေးတာဖြစ်တယ်လို့ပြောပါတယ်။ မိုးမောက်တိုက်ပွဲကို KIA တပ်တွေ ဇူလိုင်လ ၂၁ ရက်နေ့မှာ တစ်ကျော့ပြန် တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပြီး တိုက်ပွဲကာလဟာ တစ်လလောက်ကြာမြင့်လာပြီလည်းဖြစ်ပါတယ်။ မိုးမောက် ခမရ ၄၃၇ တပ်ရင်းဟာ ဗန်းမော်မြို့အပါ မိုးမောက်မြို့တစ်ခုလုံးနဲ့ တရုတ်နယ်စပ် လွယ်ဂျယ်နယ်စပ်အထိ စစ်ရေးအရ အလွန်အရေးပါတဲ့ တပ်ရင်းအကြီးတစ်ခုဖြစ်တာကြောင့် စစ်ကောင်စီဘက်ကလည်း တပ်စခန်းလက်မလွတ်ရေး လေကြောင်း၊ ဒရုန်းတွေနဲ့ အပြင်းအထန်ခုခံတိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
15 Augustသတင်း
ဖားကန့်မှာ မှော်မောင်းရွာအပါ ရွာ ၃ ရွာက ပြည်သူရာနဲ့ချီစစ်ဘေးရှောင်
ဖားကန့်မှာ ဩဂုတ်လ ၁၄ ရက်ကနေ တစ်ကျော့ပြန်တိုက်ပွဲဖြစ်လာတဲ့အတွက် မှော်မောင်းရွာအပါ ရွာပေါင်း ၃ ရွာက ပြည်သူတွေရာနဲ့ချီစစ်ဘေးရှောင်နေကြတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ ၁၄ ရက်နေ့ ဖားကန့်မြို့ လမောင်ဗျူဟာကုန်းစခန်းနဲ့ တောမှော်စခန်းကို KIA ပူးပေါင်းတပ်စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေပြီး နှစ်ဖက်တပ်တို့အကြား တိုက်ပွဲကြောင့် လမောင်၊မှော်မောင်း၊တောမှော် ရွာပေါင်း ၃ ရွာက ပြည်သူတွေ ဖားကန့်မြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်တယ်လို့ ဖားကန့်ပြည်သူတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “စစ်ရှောင်က ဗုဒ္ဓဘာသာက ဘုန်းကြီးကျောင်း ခရစ်ယာန်က ဘုရားကျောင်းရွှေ့နေကြတယ် မနေ့မနက်ကတည်းက ထွက်ပြေးလာကြတာ။ ပျှမ်းမျှက ခန့်မှန်း ငါးရာလောက်ရှိမယ်၊ အမျိုးသမီးနဲ့ကလေးတွေပဲ အမျိုးသားတွေက အိမ်စောင့်ကျန်ခဲ့တယ်”လို့ ပြောပါတယ်။ စစ်ဘေးရှောင်တွေဟာ လက်ရှိ ဖားကန့်မြို့ လုံးခင်းနှစ်ခြင်းအသင်းတော်ဘုရားကျောင်းနဲ့ ဖားကန့်မြို့ပေါ်ဘုရားကျောင်းအပြင်၊ ဖားကန့် မြို့မ မဏိဇေယျုံ ဘုန်းကြီးကျောင်း၊ မြို့ဦးစေတီရယ်၊ မှော်စီစာ တောင်ပေါ်ကျောင်းတွေမှာ အမျိုးသမီးနဲ့ကလေးသူငယ်တွေ အများဆုံး လာရောက်တိမ်းရှောင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။ ဩဂုတ်လ ၁၄ ရက်နေ့ကနေ တိုက်ပွဲပြင်းထန်နေတဲ့ လမောင်၊တောမှော်ရွာအပါအဝင် မှော်မောင်းကျေးရွာနေပြည်သူတွေဟာ တော၊တောင်ဘက်ကို ထွက်ပြေးတိမ်းရှောင်သူတွေရှိသလို ဖားကန့်မြို့ပေါ်ထွက်ပြေးလာသူတွေလည်းရှိတာဖြစ်ပြီး အထက်ဖော်ပြပါ စစ်ရှောင်လူဦးရေဟာ မြို့ပေါ်ထွက်ပြေးတိမ်းရှောင်လာသူတွေဖြစ်တယ်လို့ သိရပါတယ်။ “ခုကလေကြောင်းနဲ့လာနေတုန်းဆိုတော့ မပြန်ကြသေးဘူး ပြီးတော့ တောမှော်မှာလည်း ချနေတုန်းလို့ပြောတယ်။ အဲကြောင့်တစ်ချို့ဆို တောဘက်ကို ထွက်ပြေးတိမ်းရှောင်သူတွေလည်း ရှိတယ်လို့ ကြားရတယ်။ တောဘက်ကတော့ လူဦးရေဘယ်လောက်ရှိလောက်ရှိလဲ ကျနော်တို့မသိရဘူးဗျ”လို့ ဖားကန့်ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။ ဩဂုတ်လ ၁၅ ရက်နေ့ ဒီမနက် ၉နာရီဝန်းကျင်မှာ လမောင်ဗျူဟာကုန်းကို KIA ပူးပေါင်းတပ်သိမ်းပိုက်ရရှိပြီဖြစ်ပေမယ့် နယ်မြေတည်ငြိမ်မှုမရှိသေးတဲ့အတွက် နေရပ်ပြန်လို့မရသေးဘူးလို့လည်း သိရပါတယ်။ ဖားကန့်မှာ ဒီနှစ် နှစ်ဆန်းပိုင်းကနေ KIA၊KPDF ပူးပေါင်းတပ်တွေရဲ့ထိုးစစ်မအတွင်း နန့်တိန်း၊ဝှေခါ၊ဆယ်ဇင်း၊တာမခန်၊ကသိုဏ်းတောင်တို့ကိုသိမ်းပိုက်ရရှိထားပြီး ဧပြီလ ၂၇ ရက်နေ့ မြစ်ကြီးနား–ဖားကန့်လမ်းမပေါ်က နန့်ယားကို နောက်ဆုံးသိမ်းပိုက်လိုက်ပြီးနောက် ၄ လ ဝန်းကျင်စစ်ရေးငြိမ်သက်နေရာကနေ ဩဂုတ်လ ၁၄ ရက်မှာ တစ်ကျော့ပြန်ထိုးစစ်ဆင်လာတာဘဲဖြစ်ပါတယ်။ By – Zami
Read More »









