တိုက်ပွဲ
-
May- 2024 -7 Mayသတင်း
စင်းခန်းရဲစခန်းနဲ့ ကာကင်းဂိတ်တွေကို KIA မဟာမိတ်ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်
ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာထဲက စစ်ကောင်စီ ရဲစခန်းနဲ့ကာကင်းဂိတ်တွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIAနဲ့မဟာမိတ်ပူးပေါင်းတပ်တွေ သိမ်းပိုက်ရရှိခဲ့ပြီး ကျေးရွာကိုထိန်းချုပ်လိုက်ပြီလို့သိရပါတယ်။ ရွှေကူမြို့နယ်နဲ့ ဗန်းမော်မြို့နယ်အစပ်မှာရှိတဲ့ စင်းခန်းကျေးရွာထဲက စစ်ကောင်စီရဲစခန်းနဲ့ ကာဂင်းဂိတ်တွေကို KIA၊KPDF နဲ့ရွှေကူနယ် LPDF ပူးပေါင်းတပ်တွေက ဒီနေ့မနက် ၅…
Read More » -
7 Mayသတင်း
မိုးမောက်မြို့အပါ မြို့နယ် ၃ ခုမှာရှိတဲ့ ဗျူဟာမြောက်တပ်စခန်းအားလုံးနီးပါး KIA တိုက်ခိုက်နေ
ဗန်းမော်ခရိုင်ထဲက မိုးမောက်မြို့အပါ မြို့နယ် ၃ ခုမှာရှိတဲ့ စစ်တပ်ရဲ့ ဗျူဟာမြောက်တပ်စခန်းနေရာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ တပြိုင်နက်ဝင်ရောက်တိုက်ခိုက်နေတာကြောင့် ၁၀ နေရာလောက်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။ KIA ပူးပေါင်းတပ်တွေက မေလ ၇ ရက်နေ့ မနက်ပိုင်း ၅ နာရီခန့်ကနေ မြို့နယ် ၃ ခုက ဗန်းမော်မြို့နယ် ဒုတိယမြစ်ကျဉ်းနားမှာရှိတဲ့ စင်းခန်းရွာ၊ မိုးမောက်မြို့တွင်းတပ်နဲ့ မံစီမြို့တဝိုက်မှာရှိတဲ့ စစ်တပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပါတယ်။ မြို့နယ် ၃ နေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်အထိ ဗန်းမော်မြို့နယ် ဧရာဝတီမြစ်ကမ်း ဒုတိယမြစ်ကျဉ်းနားမှာရှိတဲ့ စင်းခန်းရွာကို KIA က သိမ်းပိုက်လိုက်ပြီးတော့ ကျန်ရှိတဲ့နေရာတွေမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “မိုးမောက်နဲ့ မံစီက တိုက်ပွဲပြင်းထန်နေတုန်းပဲ။ မိုးမောက်မှာဆိုရင် မြို့တွင်းထဲမှာကို တိုက်ပွဲဖြစ်ပွားနေတာ။ စင်းခန်းက ရွာတစ်ခုလုံးကို သိမ်းထားပြီ။ တံတား ဟိုဘက်ခြမ်း ဒီဘက်ခြမ်း စစ်တပ်စခန်းအားလုံးကို သိမ်းထားပြီ။ အခုက ရွာအပြင်မှာရှိတဲ့ တာဝါတိုင်စခန်းအနည်းငယ်ကျန်သေးတယ်”လို့ပြောပါတယ်။ စင်းခန်းရွာထဲမှာအထိုင်ချထားတဲ့ ရဲစခန်းအပါ၊ တပ်စခန်းနေရာတွေကို KIA သိမ်းပိုက်ထားပြီ လက်ရှိ ၁၀ နာရီဝန်းကျင်အထိ ရွာအပြင် တာဝါတိုင်တပ်စခန်းနေရာကို အပြီးသတ်ရှင်းလင်းဖို့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တယ်လို့သိရပါတယ်။ မိုးမောက်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ အားလုံးနီးပါးခန့်က မြို့တွင်းရပ်ကွက်တွေမှာ နေရာယူပုန်းရှောင်သွားတဲ့အတွက် မြို့တွင်းမှာတင် ၂ ဖက်တပ် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။ KIA တပ်တွေက မိုးမောက်မြို့တွင်းတပ်ဖြစ်တဲ့ ခမရ ၄၃၇ တပ်ရင်းကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ရန်အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်တပ်နဲ့ မြို့တွင်း ၂ နေရာမှာ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဘက်ကို ဒီကနေ့ မနက်ပိုင်း ၈ နာရီလောက်မှာ စစ်တပ်ဘက်ကနေ ဂျက်လေယာဉ် တစ်စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်တာတွေရှိခဲ့တာကြောင့် မြို့တွင်းထိခိုက်ပျက်စီးတာတွေရှိသလို ဒေသခံတွေလည်း ကိုယ်လွတ်ထွက်ပြေးနေကြဆဲဖြစ်တယ်လို့ မိုးမောက်ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။ “တိုက်ပွဲက ဒီကမနက် ၆ နာရီလောက်ကဖြစ်ပြီ။ ပြည်သူတစ်ချို့က ထွက်ကြပြီလို့ ပြောတယ်။ တစ်ချို့က မြို့ထဲမှာ ကျန်နေသေးတယ်လို့လည်းကြားတယ်။ အားလုံးက တစ်ကွဲတပြားဖြစ်ကုန်ပြီ။ စစ်သားတွေအကုန်လုံးက မြို့ထဲကို ဝင်ပြေးသွားပြီဖြစ်တဲ့အတွက် မြို့ထဲမှာလည်း တိုက်ပွဲတွေဖြစ်နေပြီ”လို့ပြောပါတယ်။ မံစီမြို့မှာလည်း ဒီကနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်အထိ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲ မံစီ ခမရ ၆၀၁ တပ်ရင်းအနောက်မှာရှိတဲ့ ကာကင်းတပ်စခန်းကြီးနေရာမှာ ၂ ဖက်တပ်အပြန်အလှန် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့မံစီဒေသခံတွေကပြောပါတယ်။ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ် ၃ နေရာမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာကြောင့် ထိခိုက်သေဆုံးမှုအသေးစိတ်ကို သိရှိဖို့ရန် ခက်ခဲနေဆဲဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
6 Mayသတင်း
ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ရုပ်အလောင်း ၁၅ လောင်းတွေ့ရှိ
မြစ်ကြီးနား – ပူတာအိုလမ်းမပေါ် ရှိ ဆွမ်ပရာဘွမ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF၊KPF ပူးပေါင်းတပ်က အပြီးသတ်သိမ်းပိုက်ထိန်းချူပ်လိုက်ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်အလောင်း ၁၅ လောင်းခန့်တွေ့ရှိတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေပြောပါတယ်။ ဆွမ်ပရာဘွမ် စစ်ကောင်စီဗျူဟာတပ် ခလရ ၄၆ တပ်ရင်းကို KIA ပူးပေါင်းတပ်ဘက်က မေလ ၄ ရက်နေ့ မနက် ၆နာရီကစပြီး တစ်ဖန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ရာစစ်ကောင်စီတပ်သားတွေ ခုခံနိုင်စွမ်းမရှိတော့တာကြောင့် တပ်ရင်းမှူး ၂ ဦးနဲ့အတူတပ်သားတစ်ချို့ ထွက်ပြေးသွားပြီးနောက် KIA ဘက်က မတ်လ ၅ ရက်နေ့ မနက်ပိုင်း အပြီးသတ်ဝင်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။ တိုက်ပွဲ ၂လအတွင်း စစ်တပ်ဘက်က အစာရေစာရိက္ခာပြတ်လပ်ပြီး ငှက်ပျော်အူတွေသာ စားနေရတဲ့အခြေနေရှိနေတာကိုလည်း တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ “စစ်တပ်က အစာရေစာငတ်ပြတ်သွားပြီး သူတို့တပ်စခန်းထဲက ငှက်ပျောအူတွေကိုပဲ နုတ်စားပြီးနေကြတော့တာဆန်တွေလည်း တစ်စိမျှမရှိဘူး။ သူတို့ ရိက္ခာပြတ်ပြီး အစာငတ်ပြတ်နေတာ ၁ လကျော်ပြီလေ။တပ်ရင်းမှူးက ကျနော်တို့ဝင်တိုက်လာတဲ့အချိန်မှာပဲ ညကြီးမိုးချူပ် သူ့တပ်သားတွေနဲ့ ထွက်ပြေးသွားတယ်။ ၄၆ တပ်ရင်းမှူးနဲ့ ၃၇ တပ်ရင်း ၂ ယောက်ပါတယ်။ စခန်းထဲ စစ်တပ်အလောင်း ၁၅ လောင်းခုလောက်တွေ့တယ်” လို့ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ကချင်သတင်းဌာန KNG ကိုပြောပါတယ်။ ဆွမ်ပရာဘွမ်ကို အပြီးသတ်သိမ်းပိုက်ဖို့ မေလ ၄ ရက်နေ့ မနက်အစောပိုင်းကစပြီး KIA ဘက်က စစ်တပ်ထဲကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ အရင်ဆုံးပစ်ခတ်ခဲ့ပြီးနောက် ညနေ ၂ နာရီခွဲမှာတော့ ခြေလျင်နဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သူကဆက်ပြောပါတယ်။ အဲဒီနောက် ည ၁၁ နာရီလောက်မှာတော့ စစ်တပ်စခန်းထဲကို ဝင်ရောက်နေရာယူရှင်းလင်းလိုက်နိုင်ပြီး မေလ ၅ ရက်နေ့ မနက် ၅ နာရီကစ ဆွမ်ပရာဘွမ်ခြေကုတ်စခန်းကို အကာအကွယ်ပေးနေတဲ့ ရှေ့တန်းစခန်းငယ်အားလုံးကိုရှင်းလင်းကာမနက် ၉ ခွဲမှာတော့ အားလုံးအပြီးသတ်ရှင်းလင်းသိမ်းပိုက်လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး၊လက်နက်ငယ် စုစုပေါင်း ၆၀ ကျော်သိမ်းဆည်းရမိပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိတယ်လို့ ဆက်လက်သိရပါတယ်။ ဆွမ်ပရာဘွမ်စစ်တပ်စခန်းကို KIA ဘက်က အပြီးသတ်ထိုးစစ်ဆင် တိုက်ခိုက်ချိန် စစ်ကောင်စီအင်အား ၄၀ ဝန်းကျင်သာ စခန်းထဲမှာကျန်ရှိတော့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်ကျော်ကစပြီး ဆွမ်ပရာဘွမ်ခလရ ၄၆ တပ်ရင်း ဗျူဟာမြောက်စခန်းကုန်းကြီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF ၊ KPF တပ်ပေါင်းစုတွေ စတင်တိုက်ခိုက်ခဲ့ရာ ၂ လ နီးပါးအကြာ မေလ ၅ ရက်နေ့ မနေ့က မနက် ၉ နာရီခန့်မှာပဲ အပြီးသတ်သိမ်းပိုက်လိုက်ခြင်းဖြစ်ပါတယ်။…
Read More » -
6 Mayတိုက်ပွဲ
ဝိုင်းမော်မြို့နယ်မှာ စစ်ရေးတင်းမာနေတဲ့အတွက် ရွာပေါင်း ၃ ရွာထက်မနည်းစစ်ဘေးရှောင်နေရ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာ တိုက်ပွဲမကြာခဏဖြစ်ပွားလာပြီး စစ်တပ်ဘက်က လက်နက်ကြီးဆက်တိုက်ပစ်ခတ်နေတာကြောင့် တိုက်ပွဲနယ်မြေမှာရှိနေတဲ့ ဒေသခံပြည်သူအားလုံးစစ်ရှောင်နေကြရတယ်လို့ ပြောပါတယ်။ ဝူယန်ကျေးရွာက ပြည်သူ့စစ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က မကြာမခဏလာရောက်တိုက်ခိုက်နေတာဖြစ်ပြီး စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း စစ်ရေးလှုပ်ရှားနေတာကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ နောက်ဆုံးအပတ်က ညတိုင်း ဝိုင်းမော် ခလရ ၅၈ တပ်ရင်းနဲ့ မြစ်ကြီးနား မြောက်ပိုင်းတိုင်းဘက်က လက်နက်ကြီးတွေရမ်းတမ်းပစ်ခတ်တာကြောင့် လူနေရပ်ကွက်တွေထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေကြောင့် ရွာသားတွေ တိမ်းရှောင်ပြီလို့ ဝူယန်ကျေးရွာဒေသခံအမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။ “ကျနော်တို့ ဝူယန်ကျေးရွာတွေက အားလုံးရှောင်ပြီ။ ရွာမှာ ပြည်သူ့စစ်စခန်းရှိတော့ ခဏခဏ တိုက်ပွဲဖြစ်လို့ ရှောင်ပြီ။ မဒိန်ရွာတွေလည်း ရှောင်တော့ရှောင်ပေမဲ့ ရှောင်လိုက်၊ နေလိုက် ရှိနေပုံပဲ။ သွားလာရင် မဒိန်၊ ခကွမ်ရွာတွေ အိမ်တွေမှာရှိနေကြတာ တွေ့ရသေးတယ်။ ကျနော်တို့တော့ ပြည်သူ့စစ်နဲ့ကပ်ရပ်ဆိုတော့ နေလို့အဆင်မပြေတော့ဘူး။ ၅၈ တပ်ရင်းက လက်နက်ကြီးပစ်တာလည်း ရွာသားတွေကို လာထိတယ်။ စာသင်ကျောင်း၊ ဘုရားကျောင်းတွေမှာလည်း ထိတယ်။” လတ်တလော ဝူယန်ကျေးရွာအပြင်အနီးအနားက မုတ်ကျိတ်၊လမြန်၊ကျေးရွာ ၃ ရွာက ဒေသခံတချို့ နောင်းချိန်း ကျေးရွာဘက်ကိုထွက်ပြေးတိမ်းရှောင်နေပြီး ဝိုင်းမော်မြို့၊ မြို့မရပ်ကွက်ရှိ စစ်ရှောင်စခန်းမှာလည်း အိမ်ခြေ ၁၀၀ ကျော် စစ်ရှောင်နေကြရပါတယ်။ ပြည်သူ့စစ်တပ်စခန်းတည်ရှိရာ ဝူယန်ကျေးရွာက ဒေသခံတွေလည်း အားလုံးတိမ်းရှောင်နေကြပြီဖြစ်ပြီး နေအိမ်မှာကျန်ခဲ့တဲ့ ကြက်၊ ဝက် တိရိစ္ဆာတွေကိုအစာပြန်ကျွေးလိုက်ဖို့ နေ့ချင်းပြန်လာရောက်တာတွေတော့ရှိတယ်လို့ သိရပါတယ်။ လက်ရှိ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်တွေက ကားလမ်းမတစ်လျှောက်မှာ နေရာယူထားပြီး စစ်ရေးလှုပ်ရှားနေတယ်လို့ ဝိုင်းမော်မြို့ခံတစ်ယောက်က ပြောပါတယ်။ “ဝူယန်၊ လမြန်ရွာကသူတွေက တစ်ခါတရံ မြောက်ပိုင်းတိုင်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီးတွေလည်း ရွာမှာလာကျတယ်။ တချို့ ထိခိုက်သေဆုံးတာတွေလည်း ရှိလာတယ်။ ဒါကြောင့် ရွာသားတွေက ကြောက်လို့ ရှောင်ကြတာ ဟုတ်တယ်။ အခု ကားလမ်းမတစ်လျှောက် စစ်တပ်နဲ့ပြည်သူ့စစ်တွေနေရာယူထားတယ်။ ဂိတ်အသေးလေးတွေချပြီး နေနေတယ်။ သွားသွားလာလာတော့ ရပေမဲ့ လက်နက်ကြီးတွေလာကျတာရှိတော့ ထွက်ပြေးကြတာဖြစ်တယ်။” ဟု ဝိုင်းမော်မြို့ခံတစ်ဦးကလည်း ပြောပါတယ်။ လက်ရှိမှာလည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဘက်ကလည်း ဝူယန်၊ မုတ်ကျိတ်ကျေးရွာအထိ ထိုးစစ်ဆင်လှုပ်ရှားနေပြီး ပြည်သူ့စစ်တွေနဲ့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့ တို့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား စစ်ရေးတင်းမာနေတာ ၂ လကျော်လာပြီဖြစ်ပြီး ဝူယန်ပြည်သူ့စစ်စခန်း မကြာခဏတိုက်ခိုက်ခံနေရတာဖြစ်ပါတယ်။ ဒါ့အပြင် မတ်လ ၇ ရက်နေ့ စတင်ခဲ့တဲ့ KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေး ၂ လနီးပါးမှာ စစ်တပ်ရဲ့စခန်းကြီးငယ်ပေါင်း ၈၀ ထက်မနည်းတိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
3 Mayသတင်း
ဆယ်ဇင်းရွာအနီး သံယောဇဥ်ကုန်းမှာ တိုက်ပွဲဆက်ပြင်းထန်နေ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီး သံယောဇဥ်ကုန်းမှာ စစ်ကောင်စီ၊SNA ပူးပေါင်းတပ် နဲ့ KIA၊KPDF တပ်တွေကြားတိုပ်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်ကလေကြောင်းနဲ့ ပစ်ကူနေတယ်လို့ ဆယ်ဇင်းဒေသခံတွေဆီကနေ သိရပါတယ်။ ဆယ်ဇင်းကျေးရွာနဲ့ ၃ မိုင်ကျော်အကွာ ကချင်နဲ့စစ်ကိုင်းတိုင်းအစပ်မှာရှိတဲ့ သံယောဇဥ်ရွှေမှော် ဒေသအခေါ်(သံယောဇဥ်ကုန်း)မှာတပ်စွဲထားတဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA၊စစ်ကောင်စီပူးပေါင်းတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊KPDFတပ်တွေကြား ဧပြီ ၂၆ ရက်နေ့ ဒီကနေ့အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီကလေကြောင်းနဲ့ ပစ်ကူနေတယ်လို့ ဆယ်ဇင်းကျေးရွာနေအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “ပစ်တာတော့ပစ်နေကြတုန်းပါ့ ပစ်လိုက်နားလိုက်ပဲ တစ်ခါတလေကြရင်လည်း တစ်ညလုံးလိုလိုကိုပစ်နေကြတာ မနေ့ကတော့ညပိုင်းမှာ လေယာဥ်နဲ့နှစ်ကြိမ်ဝဲပြီး ဗုံးကြဲချသွားတယ်”လို့ ပြောပါတယ်။ ဖားကန့်ဆယ်ဇင်းနဲ့ ဟုမ္မလင်းနယ်နန့်တောကြားမှာရှိတဲ့ သံယောဇဥ်ကုန်းမှာ SNA အထိုင်တပ်တစ်ခုရှိတာဖြစ်ပြီး လက်ရှိ စစ်ကောင်စီ နဲ့ ပူးပေါင်းတပ်ထိုင်ထားတယ်လို့ သိရပြီး ဒီစခန်းကို KIA ပူးပေါင်းတပ်တွေကသိမ်းပိုက်ဖို့ တိုက်ခိုက်နေတာဖြစ်တယ်လို့ ဖားကန့် KNPDF နဲ့နီးစပ်သူတစ်ဦးက KNG ကိုပြောပါတယ်။ “နဂိုကတော့အဲ့ရွှေမှော်မှာအခွန်ကောက်နေတဲ့ SNA တွေပဲထိုင်တာ အင်အား ၅၀လောက်အမြဲတမ်းရှိတယ်။ စကစတွေပါပေါင်းထိုင်တယ်လို့ကြားတယ် အဲ့တာကိုသိမ်းနေတာ SNA တွေကတပ်အခိုင်အမာချထားတော့နည်းနည်းကြာနေတာထင်တယ်”လို့ပြောပါတယ်။ တစ်ပတ်ကျော်ကြာတိုက်ပွဲတွေပြင်းထန်နေတဲ့ သံယောဇဥ်မှော်ထဲက ပြည်သူအများစုဟာ ဧပြီလ ၂၇ ရက်နေ့ ကတည်းကတိမ်းရှောင်သွားကြပြီး လက်ရှိ သံယောဇဥ်မှော်အနီးတဝိုက်ဖုန်းလိုင်းတွေလည်း မကြာခနဖြတ်တောက်ခံနေရတယ်လို့ ဆယ်ဇင်းဒေသခံတွေဆီကနေသိရပါတယ်။ ဒီနှစ် ဧပြီ ၂၃ ရက်နေ့က ဆယ်ဇင်းကျေးရွာစစ်ကောင်စီတပ်စခန်းထဲကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီကောင်စီစစ်သားနဲ့ SNA စစ်သား ၅၀ ကျော်က သံယောဇဥ်ကုန်းထဲက SNA တပ်စခန်းထဲကိုပူးပေါင်းထားတယ်လို့လည်း သိရပါတယ်။ လက်ရှိတိုက်ပွဲဖြစ်နေတဲ့ သံယောဇဥ်ကုန်းနဲ့ ၃ မိုင်ကျော်ဝေးတဲ့ ဆယ်ဇင်းကျေးရွာထဲက စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်စခန်းကို KIA၊KPDF တပ်တွေက ဧပြီ ၂၀ ရက်နေ့မှာဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဧပြီ ၂၃ ရက်နေ့ညမှာ စစ်ကောင်စီပူးပေါင်းတပ်တွေ သံယောဇဥ် ကုန်းဘက်ထွက်ပြေးသွားတာကြောင့် ဆယ်ဇင်းရွာကို KIA နဲ့မဟာမိတ်တပ်တွေက ထိန်းချုပ်လိုက်တာဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
Apr- 2024 -29 Aprilသတင်း
ဆင်ဘိုမြို့ကို အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ဗိုလ်မှူးကြီးနော်ဘူပြော
မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဘက်က အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောဆိုပါတယ်။ မြစ်ကြီးနား – ဗန်းမော် ရေကြောင်းလမ်းပေါ် ဧရာ၀တီမြစ်ကမ်းဘေးရှိ ဆင်ဘိုမြို့ စစ်ကောင်စီ ခလရ ၁၄၁ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော်…
Read More » -
24 Aprilသတင်း
မိုးမောက်မှာ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ဒေသခံပြည်သူများ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်
စစ်ရေးတင်းမာနေတဲ့ မိုးမောက်မြို့မှာ လက်နက်ကြီးပစ်ခတ်တာဆက်တိုက်ရှိနေဆဲဖြစ်တာကြောင့် မြို့ခံပြည်သူတွေအပါအဝင် မြို့ပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာနေပြည်သူအားလုံး ထွက်ပြေးတိမ်းရှောင် သွားကြပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မိုးမောက်မြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF နဲ့ စစ်ကောင်စီတပ်တွေကြား ဧပြီလ ၂၃ ရက်နေ့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့တဲ့အပြင် လက်နက်ကြီးပစ်ခတ်တာ ရပ်တန့်တာမရှိသေးဘူးလို့ ခူးလီ၊ နန့်လိုင် ကျေးရွာဘက်က ဒေသခံတစ်ယောက် က KNG ကိုပြောပါတယ်။ “မနေ့ကဆို အဲ့ဒီ ၁၅…
Read More » -
24 Aprilသတင်း
ဆယ်ဇင်း ခမရ ၁၁၆ တပ်စခန်းကို KIA အပြီးသတ်သိမ်းပိုက်ပြီး ရှင်းလင်းရေးဆောင်ရွက်နေ
စစ်ကိုင်း နဲ့ ကချင်အစပ်မှာရှိတဲ့ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာက စစ်ကောင်စီတပ် ခမရ ၁၁၆ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ် အပြီးသတ်သိမ်းပိုက်လိုက်ပြီး နယ်မြေရှင်းလင်းရေးလုပ်နေပြီလို့KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။ ဆယ်ဇင်းကျေးရွာရဲ့ ရွာထိပ်ပိုင်းမှာတပ်ချထားတဲ့ ခမရ ၁၁၆ တပ်စခန်းကို ဧပြီလ ၂၀ ရက်နေ့စပြီး KIA ပူးပေါင်းတပ်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ၄…
Read More » -
23 Aprilသတင်း
နဘားလမ်းဆုံမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ် အင်းတော်မြို့ထဲဆုတ်ခွာ
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နဘားလမ်းဆုံမှာတပ်ထိုင်ပြီး စစ်ဆေးရေးတင်းကြပ်နေတဲ့ စစ်ကောင်စီတပ်က အင်းတော်မြို့တွင်းဘက်ကို ပြန်ပြီးဆုတ်ခွာသွားတယ်လို့ အင်းတော်မြို့ဒေသခံတွေကနေ သိရပါတယ်။ ရွှေဘို–မြစ်ကြီးနားကားလမ်းပိုင်းမှာရှိတဲ့ နဘားလမ်းဆုံ ဒေသအခေါ်(ဂျပန်လှိုင်ဂူ)ထဲမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းနေထိုင်တဲ့ တပ်မ ၇၇ လက်အောက်ခံတပ် အင်အား ၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေဟာ ပြီးခဲ့အပတ်ကစပြီး အင်းတော်မြို့တွင်းတပ်ထဲကို ဆုတ်ခွာသွားတာဖြစ်တယ်လို့ အင်းတော်မြို့နေ အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “နဘားလမ်းဆုံအဖွဲ့ကတော့ပြန်ဆုတ်သွားပြီ…
Read More » -
22 Aprilသတင်း
ကလေးမြို့နယ်မှာ ၂ လအတွင်းအရပ်သား ၈၀ သေဆုံး၊ အမျိုးသမီးအများဆုံးပါဝင်
တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှာ ၂ လကျော်အတွင်း အရပ်သား ၈၀ သေဆုံးခဲ့ပြီး အဲ့ဒီထဲမှာအမျိုးသမီးသေဆုံးမှုကအများဆုံးဖြစ်တယ်လို့ ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီအဖွဲ့ ဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကနေ ဧပြီလပထမအပတ်အထိ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ ဒရုန်းနဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ရတာဖြစ်ပြီး သေဆုံးခဲ့သူတွေထဲအသက်မပြည့်သေးတဲ့ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ ကလေးမြို့လူထု တိုက်ပွဲဦးဆောင်ကော်မတီအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “အရပ်သားပြည်သူတွေရှောင်တိမ်းရင်းနဲ့ ထိခိုက်သေဆုံးမှုတွေကနေ့စဥ်နဲ့အမျှဖြစ်တယ် လက်နက်ကြီး ကြောင့်ရော စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ဒရုန်းကြောင့်ရော ဖမ်းဆီးသွားပြီးသတ်ဖြတ်ခံရတဲ့ အနေ အထားပေါ့နော် အဲ့ဒီထဲမှာ ၆၅ % က အမျိုးသမီး၊ ၁၅ % က အမျိုးသား၊ ကျန်တဲ့ ၂၀ % က လူငယ်နဲ့ ကလေးသူငယ်တွေဖြစ်တယ်” လို့ပြောပါတယ်။ ဒီသေဆုံးမှုတွေဟာ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ရတာဖြစ်ပြီး ကလေးမြို့နယ် မြောက်ပိုင်း၊တောင်ပိုင်း နဲ့ ကလေးမြို့ပေါ်က အရပ်သားတွေဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ကလေးမြို့နယ်အတွင်း တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က ပြည်သူ့စစ်တွေနဲ့ပါပေါင်းပြီး အင်အားအလုံးအရင်းနဲ့စစ်ကြောင်း တွေထိုးနေတယ်လို့ ကလေးမြို့လူထု တိုက်ပွဲဦးဆောင်ကော်မတီအဖွဲ့ဆီကသိရပါတယ်။ “စစ်ကောင်စီဘက်က ကလေးမြောက်ပိုင်းကို နယ်မြေစိုးမိုးမှုရဖို့အတွက်ထိုးစစ်ဆင်နေတဲ့အနေအထား ရှိပါတယ် ပြီးတော့ ကလေးတောင်ပိုင်းမှာလည်း စစ်ကောင်စီရဲ့လက်ပါးစေတွေဖြစ်တဲ့ ပျူစောထီးတွေ နဲ့ ညှပ်ပြီးတော့ အနည်းဆုံးစစ်မျက်နှာ ၄ ခုလောက်ရှိတယ်ဗျ”လို့ ကလေးမြို့လူထု တိုက်ပွဲဦးဆောင်ကော်မတီအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ တစ်ဖက်မှာ စစ်ကောင်စီတပ်ရဲ့လုပ်ရက်တွေကြောင့် အရပ်သားတွေ နေ့စဥ်သေဆုံးနေရပြီး အဲ့ဒီ ဖြစ်စဥ်တွေကိုလည်း ပြည်တွင်းပြည်ပက အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တာဝန်ရှိသူတွေ ထိရောက်တဲ့ အရေးယူမှုတွေလုပ်ဆောင်ပေးဖို့ ဒေသခံတွေကတောင်းဆိုပါတယ်။ ဒါ့အပြင် တိုက်ပွဲအတွင်း အရပ်သားတွေသေဆုံးမှုတွေကလည်းများပြားသလို အရပ်သားနေအိမ်၊ အဆောက်အဦးတွေနဲ့ ဘာသာရေးအဆောက် အအုံတွေလည်းပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ နိုင်ငံတစ်ဝှမ်းမှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲအရှိန်တွေက ဆက်တိုက်မြှင့်တက်နေပြီး ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ကနေ ၁၁ ရက်နေ့အထိကို အမျိုးသမီး ၁၂ ယောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က မနေ့ကပဲ သတင်းထုတ်ပြန်ထားပါတယ်။ By – အမိုး
Read More »









