တီမား

  • Oct- 2023 -
    21 October
    သတင်း

    KIA တပ်မဟာ ၆ လေကြောင်းနဲ့တိုက်ခိုက်ခံရသဖြင့် အရာရှိအပါအဝင် ၅ ဦးသေဆုံး

    ရှမ်းမြောက် မူဆယ်မြို့နယ် တီးမားကျေးရွာအနီးက KIA တပ်မဟာ ၆ ကို စစ်တပ်က ဂျတ်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် KIA  အရာရှိအပါအဝင် ၅ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ အောက်တို ၁၉ ရက်နေ့က မုံးပေါ်နဲ့ မုံးကိုးကြားက ဝိန်းလားတောင်မှာ အထိုင်ချနေတဲ့ စစ်တပ်ရဲ့ အချက်အချာကျ…

    Read More »
  • Aug- 2023 -
    1 August
    သတင်း

    စစ်တပ်က သတ်ဖြတ်မီးရှို့လိုက်တဲ့ ကချင်လူငယ် ၂ ဦးရဲ့ ရုပ်အလောင်းတွေ့ရှိ

    ရှမ်းမြောက် မူဆယ်နဲ့ ကွတ်ခိုင်ကြား တီးမား(Dima) ကျေးရွာက ကချင်လူငယ် ၂ ဦး ကို စစ်တပ်ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းကို မီးရှုံ့အလောင်းဖျောက်ထားခဲ့ပေမယ့် ဒေသခံတွေ မနေ့က တွေ့ရှိခဲ့ပြီဖြစ်တယ်လို့ တီးမားဒေသခံတွေကပြောပါတယ်။ တီးမား(Dima) ကျေးရွာ KBC ကချင်အသင်းတော်တွင်း တက်ကြွပါဝင်လှုပ်ရှားနေတဲ့ အဲ့ဒီလူငယ် ၂ ဦးကို စစ်တပ် ဇူလိုင်လ ၂၅ ရက်နေ့ မတရားဖမ်းဆီးသွားပြီးနောက်တစ်ပတ်အကြာမှာ ဇူလိုင် ၃၁ ရက်နေ့မှာ သတ်ဖြတ်ပြီး မီးရှို့အလောင်းဖျောက်ထားတဲ့ နေရာကို ရှာတွေ့ခဲ့တာဖြစ်တယ်လို့ တီးမားဒေသခံတစ်ဦးက ခုလိုပြောပါတယ်။…

    Read More »
  • Jul- 2023 -
    27 July
    သတင်း

    စစ်တပ်က ဖမ်းဆီးခံသွားရတဲ့ တီးမားရွာသား ၂ ဦး အဆက်သွယ်ပြတ်တောက်နေ

    ရှမ်းမြောက် မူဆယ် တီမားရွာနဲ့ နမ့်အွမ်ရွာကြား လမ်းခုလတ်တစ်နေရာမှာ စစ်တပ်က ဖမ်းဆီးသွားတဲ့ တီမားရွာသား ၂ ဦး ဒီကနေ့ထိ ပြန်လည်လွှတ်မြောက်လာတာမရှိသလို မိသားစုဝင်တွေနဲ့ အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်တယ်လို့ တီမားဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီလူငယ် ၂ ဦးဟာ ဇူလိုင်လ ၂၅ ရက်နေ့ တီမားရွာကနေ နမ့်အွန်ရွာမှာရှိတဲ့ ကချင်နှစ်ခြင်းအသင်းတော်ကပစ္စည်းတွေကို ကားနဲ့သွားသယ်ယူပြီး တီးမားရွာကိုပြန်လာချိန် နမ်အွန်ရွာနားမှာ တအောင်းလွတ်မြောက်ရေးတပ်မတော်TNLAနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် နမ်အွန်းရွာကိုပြန်ခေါက်သွားရာမှ လမ်းခုလတ်တစ်နေရာယူကလစ်တောနားမှာ စစ်တပ် ဖမ်းဆီးလိုက်တာပါ။ “သူတို့  ၂ယောက် ပစ္စည်းတွေသယ်ပြီး နမ်အွန်ကနေပြန်လာတဲ့ချိန် လမ်းမှာတိုက်ပွဲဖြစ်နေလို့ နမ်အွန်ဘက်ပြန်ခေါက်သွားတာ တအောင့်လောက်ကြာတော့ တိုက်ပွဲငြိမ်သွားပြီဆိုပြီး ပြန်လာတဲ့ချိန်စစ်သားတွေ လမ်းမှာတားပြီးစစ်ဆေးရာကနေ ဒီကနေ့ထိအဆက်သွယ်မရတော့ဘူး”လို့ နမ့်အွန်ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ ဇူလိုင်လ ၂၅ ရက်နေ့မှာ လူငယ် ၂ ဦးအား စစ်တပ်ကဖမ်းဆီးတားဆီးစစ်ဆေးနေတာကို ရွာသားတွေ တွေ့ရှိခဲ့ပြီး ပြန်လွှတ်လာမယ်လို့ ယူဆခဲ့ကြပေမယ့် ဒီကနေ့ထိ ဆက်သွယ်မရဖြစ်နေတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ဒါကြောင့် မနေ့ကလည်း နမ်အွန်ကျေးရွာကအုပ်ချုပ်ရေးမှူးအပါအဝင် ရပ်မိရပ်ဖတာဝန်ရှိသူတွေဟာ နမ့်အွန်တစ်လျှောက်စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကြောင်းမှူးကို မေးမြန်းပေမယ့်  လူငယ် ၂ဦးကို မတွေ့ရှိခဲ့ကြောင်းသာ ပြန်လည်ဖြေကြားခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့လူငယ်၂ဦးဟာ အသက်၂၅နှစ်အရွယ် ကိုတူးဂျာနဲ့ အသက်၂၇နှစ်အရွယ် ကိုဘရန်အောင်တို့ ဖြစ်ပြီး လူငယ် ၂ဦးနဲ့အတူ အသင်းတော်က SURE ကိုလည်း မတွေ့ရှိရသေးတဲ့အပြင် လူငယ် ၂ ဦးလုံးရဲ့ လက်ကိုင်ဖုန်းကိုလည်း ဆက်သွယ်လို့မရဖြစ်နေတယ်လို့ သိရပါတယ်။ ဒေသခံတွေပြောကြားချက်အရ ဖမ်းဆီးခံသွားရတဲ့ လူငယ်နှစ်ဦးဟာ ကချင်လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း ကင်းရှင်းသူတွေဖြစ်ပြီး ရွာအတွင်းမှာ ရပ်ရေးရွာရေးတက်တက်ကြွကြွ ပါဝင်လှုပ်ရှားသူတွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ “သူတို့နှစ်ယောက် ယောက်ဖတော်သူတွေဟုတ်တယ် လိမ္မာရေးခြားရှိတဲ့ ကလေးတွေပါ လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း ကင်းရှင်းတယ်။အဲကြောင့် ဒီလူငယ် ၂ဦးနဲ့ပတ်သက်ပြီး အသင်းတော်က တာဝန်ရှိသူတွေ ဆက်ပြီးစုံစမ်းသွားမှာပါ” လို့ နမ့်အွန်ဒေသခံက ဆက်ပြောပါတယ်။ ဒါ့အပြင် ဇူလိုင်လ ၂၅ ရက်နေ့ စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ နမ့်အွန်ရွာက ဦးအိုက်လောရဲ့ရုပ်အလောင်းကိုလည်း စစ်ကောင်စီတပ်က သိမ်းယူသွားပြီး TNLA ဝတ်စုံဝတ်ဆင်ပေးကာ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ TNLA တပ်သား ပစ်သတ်ခံရတဲ့အသွင်ဖန်တီးပြီး ပုံရိုက်တင်တာတွေရှိနေတယ်လို့ သိရပါတယ်။

    Read More »
Back to top button