ထိုင်းနိုင်ငံ
-
Nov- 2024 -26 Novemberအင်တာဗျူး
ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရမှုတွေကို ဖြေရှင်းပေးဖို့ ဘယ်သူ့မှာတာဝန်ရှိလဲ
စစ်တပ်အာဏသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေ၊ ငွေကြေးဖောင်းပွမှု၊ အလုပ်ကိုင်ရှားပါးမှုတွေကြောင့် စားဝတ်နေရေးခက်ခဲလာတဲ့ မြန်မာပြည်သူတွေဟာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ ထွက်ခွာလာကြသူတွေ များစွာရှိနေပါတယ်။ ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ တရားဝင်အထောက်အထားနဲ့ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားအရေအတွက်ဟာ ၂၀၂၃ ဒီဇင်ဘာလအထိ ၂,၃၃၃,၀၉၁ ဦးထိရှိခဲ့ပေမယ့် ၂၀၂၄ မတ်လမှာတော့ ၃,၄၁၅,၇၄၄ ဦးထိတိုးလာခဲ့တာဘဲ ဖြစ်ပါတယ်။ ဒီအရေအတွက်နှစ်ခုကိုယှဉ်ကြည့်ခြင်းအားဖြင့် သုံးလအတွင်းမှာဘဲ တရားဝင် မြန်မာရွှေ့ပြောင်းလုပ်သားအရေအတွက်ဟာ ၁,၀၈၂,၆၅၃ဦးထိတိုးလာခဲ့တာကို တွေ့ရပါတယ်။ သို့သော် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတွေရဲ့ သုံးသပ်ပြောဆိုချက်အရ တရားဝင်အထောက်အထားရှိသူအရေအတွက်နဲ့ တရားမဝင်နေထိုင်သူအရေအတွက်အားလုံးပေါင်း ၅ သန်းဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ ခုလိုရွှေ့ပြောင်းလုပ်သားတွေများပြားလာတာနဲ့အတူ တစ်ဖက်မှာလည်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ လုပ်ခလစာ ငွေကြေးခေါင်းပုံဖြတ်ခံရမှုတွေကို မကြာခနကြုံတွေ့လာရတယ်လို့ ထိုင်းရောက် မြန်မာနိုင်ငံသားတွေပြောပါတယ်။ ဒါကြောင့် ဒီလိုဖြစ်စဉ်တွေ ပိုမိုဆိုးရွားလာတာဟာ ဘယ်လိုအချက်တွေကြောင့်လဲ၊ ဘယ်သူတွေက ရွှေ့ပြောင်းလုပ်သားတွေကိုအကာအကွယ်ပေးဖို့တာဝန်ရှိလဲ၊ ဘယ်လိုနည်းလမ်းမျိုးနဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ကာကွယ်ပေးသင့်လဲဆိုတာနဲ့ပက်သက်ပြီး အလုပ်သမားအခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့အပြင် လက်ရှိ ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေး ဖောင်းဒေးရှင်း(Foundation For Education and Development- FED)အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကိုဆက်သွယ်မေးမြန်းထားပါတယ်။ မေး– မင်္ဂလာပါဆရာ ဆရာ့နာမည်နဲ့တာဝန်ယူထားတဲ့ အပိုင်းကို အရင်မိတ်ဆက်ပေးပါအုံးဗျ။ ဖြေ – ကျွန်တော်ကတော့ ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်းဒေးရှင်း အဖွဲ့အစည်းရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ဖြစ်ပါတယ်။ မေး – ပထမဆုံးအနေနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ငွေကြေးခေါင်းပုံဖြတ်ခံရမှုတွေကို မကြာခနကြားနေရတယ်ဗျ ဆိုတော့ ဒီလိုအခြေအနေတွေက ဘာကြောင့်ဖြစ်လာရတယ်လို့ ဆရာ့အနေနဲ့ မြင်မိပါလဲ။ ဖြေ–အဓိကတော့အစိုးရတွေကနေပြီးတော့ ကိုယ့်ရဲ့နိုင်ငံသားတွေကိုအလုပ်သမားအခွင့်အရေးရအောင် တိတိကျကျထဲထဲဝင်ဝင် အင်တိုက်အားတိုက် ဆောင်ရွက်ခြင်းမရှိတာက အဓိလို့ကျွန်တော်ကတွေ့ရတယ် တစ်ချိန်ထဲမှာဘဲ အလုပ်သမားတွေကအရမ်းများလာတဲ့အချိန်မှာ လုပ်ငန်းရှင်တွေအနေနဲ့က အလုပ်ကိုဈေးပေါပေါနဲ့ခိုင်းတာတို့ အလုပ်သမားအခွင့်အရေးနဲ့မညီညွှတ်ဘဲခိုင်းမယ်ဆိုရင်တောင်နောက်ထပ်အလုပ်သမားအသစ်တွေကရှိနေတာမျိုးပေါ့။ ဆိုတော့ အဲဒီအပေါ်မှာအခြေခံပြီးတော့ နေစဉ်နဲ့အမျှအလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံနေရတာလို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။ မေး –…
Read More » -
Oct- 2024 -9 Octoberအင်တာဗျူး
စိန်ခေါ်မှုအခက်ခဲတွေကြား ရုန်းကန်နေကြရတဲ့ ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ
မြန်မာနိုင်ငံကို စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း အိမ်နီးချင်းနိုင်ငံထိုင်းနိုင်ငံကို လူငယ်တွေနဲ့ လူလတ်ပိုင်းအရွယ် အတော်များများ အလုပ်လုပ်ကိုင်ဖို့ရောက်ရှိလာကြပါတယ်။ ထိုင်းနိုင်ငံထဲကို ရောက်လာသူတွေဟာ နှစ်နိုင်ငံသဘောတူ MOU ကဲ့သို့ တရားဝင်နည်းလမ်းနဲဲ့ဝင်လာတဲ့သူတွေရှိသလို တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်လာတဲ့သူတွေလည်းအများအပြားရှိနေ ပါတယ်။ ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ တရားဝင်အထောက်အထားနဲ့ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားအရေအတွက် ၂၀၂၃ ဒီဇင်ဘာလထိ ၂၃၃၀၁၉ ဦးထိရှိပြီး ၂၀၂၄ မတ်လမှာတော့ ၃၄၁၅၇၄၄ ဦးထိတိုးမြင့်လာတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်းအလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေရဲ့ ပြောဆိုချက်အရတော့ တရားဝင်လုပ်သားနဲ့ တရားမဝင်လုပ်သားအားလုံးပေါင်းခန့်မှန်းချေ ၆ သန်းထိရှိနိုင်တယ်လို့ သိရပါတယ်။ ခုလိုရွှေ့ပြောင်းလုပ်သားတွေများပြားလာတာနဲ့အတူ ထိုင်းအစိုးရကနေပြီးတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဇွန်လ ၅ ရက်နေ့ကစပြီး ရက်ပေါင်း၁၂၀ စစ်ဆင်ရေးအနေနဲ့ ထပ်မံဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးမှုတွေပြုလုပ်တဲ့အချိန် စက်တင်ဘာ ၁၉ရက်နေ့အထိ တရားမဝင်လုပ်သား၂၅၆၂၁၃ ဦးဖမ်းဆီးထားပြီး အဲဒီထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၁၉၃၄၃၀ ဦးထိရှိခဲ့တယ်လို့ ထိုင်းနိုင်ငံအလုပ်သမားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီအစိုးရနေပြီးတော့ ထိုင်းရောက်အလုပ်သမားတွေကို အခွန်၂၅ ရာခိုင်နှုန်းပေးဆောင်ဖို့လုပ်ဆောင်မှုတွေအပြင် အလုပ်သမားကတ်သက်တမ်းတိုးပါက မြန်မာနိုင်ငံပြန်ပြီး လုပ်ရမယ့်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာဘဲ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့အခွန်တင်းကြပ်မှုနဲ့ထိုင်းအစိုးရရဲ့ ဖမ်းဆီးမှုတွေကြား ထိုင်းနိုင်ငံမှာအလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဘယ်လိုအခက်အခဲစိန်ခေါ်မှုတွေရှိနေလဲဆိုတာနဲ့ ပက်သက်ပြီး ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို KNG ကနေပြီးတော့ ဆက်သွယ်မေးမြန်းထားတာဘဲ ဖြစ်ပါတယ်။ အိမ်အကူလုပ်နေတဲ့အသက်၃၀အရွယ်အမျိုးသမီးတစ်ဦး ကျွန်မကအထောက်အထားမရှိတဲ့အတွက် ဘယ်ကိုသွားသွားပုန်းလျှိုးကွယ်လျှိုးနဲ့ဘဲ သွားနေရတယ် ကြောက်နေရတယ် ဖျားနာတာတွေဖြစ်ရင်တောင်မှ ကိုယ်ကဘယ်လိုဆက်သွယ်ရမလဲဆိုတာမသိဘူး သည်းခံနေရတယ်။ ကိုယ်အတွက်အရမ်းအဆင်မပြေဖြစ်တာပေါ့ ဖျားနာလာခဲ့ရင်တောင် ဘာလုပ်ရမလဲဆိုတာကိုမသိဘူး အထောက်အထားမရှိတော့ ပြီးတော့ အိမ်ဘေးနားထောင်မထွက်ရဲဘဲ ကြောက်နေရတဲ့အခြေအနေဖြစ် ပြီးတော့ အလုပ်သမားကတ်သက်တမ်းတိုးတာတွေလည်း ကိုယ့်နိုင်ငံမှာမလုံခြုံလို့ သူများနိုင်ငံမှာ ပုန်းလျှိုးကွယ်လျှိုးနဲ့ နေရင်းနဲ့မှ ခက်ခက်ခဲခဲဘတ်ရိုက်နိုင်ပြီဆိုမှ မြန်မာနိုင်ငံပြန်ပြီးလုပ်ရမယ်ဆိုတော့ စိုးရိမ်ကြောက်ရွံတာတွေဖြစ်ပြီး စိတ်ကဟိုးအောက်ဆုံးထိကျသွားတာမျိုးဖြစ်တာပေါ့။ ချင်းမိုင်မှာအလုပ်လုပ်နေတဲ့ အသက်၂၀ကျော်အရွယ်လူငယ်တစ်ဦး “ကျွန်တော်က တရားမဝင်လာခဲ့တာဆိုတော့ စကစအစိုးရကိုတော့ အခွန်ပေးစရာမလိုဘူးလို့တော့ထင်တာဘဲ အလုပ်ကတော့ မကောင်းဘူး။ ရတဲ့အလုပ်လုပ်နေရတယ် အရမ်းပင်ပန်းတယ် ရဲတွေကိုလည်းပြန်ကြောက်နေရ ထိုင်းလူမျိုးတွေနဲ့လည်း အဆင်မပြေဖြစ်တာပေါ့” တရားဝင်အလုပ်သမားကတ်နဲ့ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီးလူငယ်တစ်ဦး ၂၅ရာခိုင်နှုန်းအခွန်ဆောင်ရမှာနဲ့ပက်သက်ပြီးတော့က နိုင်ငံရေးသာကောင်းလို့ရှိရင်တော့ ပေးချင်ပေမယ့် ပြည်ပထွက်ပြီးအလုပ်လုပ်တဲ့သူတွေအတွက်ကမလွယ်ကူဘူးပေါ့ ဝင်ငွေကနည်းတဲ့ထဲမှာမှ စားဖို့သောက်ဖို့သုံးမယ်။ ပြီးတော့ အိမ်ကိုလည်းပြန်ပို့ပေးရတော့ အခုလို အခွန်ဆောင်ရမယ့်သတင်းထွက်လာတော့ အရမ်းကို စိုးရိမ်ပူပန်မှုတွေဖြစ်နေတာပေါ့ တစ်နေ့ထက်တစ်နေ့ ဖြတ်ကျော်ရတာမလွယ်တဲ့ကြားက ဗီဇာသက်တမ်းတိုးရင် ပြန်ရမယ်ဆိုတော့ အဲသတင်းက မမှန်ကန်တဲ့သတင်းဘဲ ဖြစ်ပါစေလို့တွေးနေမိတယ် အလုပ်လုပ်တဲ့သူတွေအတွက်ကတော့ ဗီဇာက အရေးကြီးဆုံးဘဲလေ ခုလိုသတင်းထွက်တော့ မြန်မာနိုင်ငံမပြန်ချင်တာတော့ မဟုတ်ပေမယ့် သူများနိုင်ငံမှာ မျက်နှာငယ်နဲ့ မနေချင်ဘူး…ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာက ဘာမှလုပ်ကိုင်စားသောက်လို့မရတော့အိမ်သားတွေက ဘာတွေလုပ်ကိုင်စားသောက်ပြီးနေရမှာလဲပေါ့..တကယ်ကိုပြည်သူတွေအတွက်တွေးတယ်ဆိုရင် သူများနိုင်ငံမှာနေနေတဲ့ ကိုယ့်ရဲ့ပြည်သူတွေကို ဘယ်လိုလုံခြုံမှုပေးရမလဲဆိုတာကိုတွေးပေးရင်တော့ ပိုကောင်းမယ်ထင်တယ်။ ကောစန်း(ပရံ)အလုပ်လုပ်ကိုင်နေတဲ့အိမ်ထောင်သည်အမျိုးသားတစ်ဦး ကိုယ်အနေနဲ့ ခုလိုအခြေအနေတွေဖြစ်လာတော့ အလုပ်လုပ်တဲ့အချိန်ဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာဖြစ်ဖြစ် သွားသွားလာလာ သတိနဲ့နေရတာပေါ့အရင်ကထက်စာရင် ကျွန်တော်တို့က သူတို့တိုင်းပြည်မှာ အလုပ်လုပ်ကိုင်ရင်းနဲ့ အမျိုးမျိုးမှီခိုနေထိုင်နေကြတာပေါ့ ကျနော်တို့ရဲ့တိုင်းပြည်မဟုတ်တဲ့အတွက် ရှာဖွေစားသောက်တဲ့အချိန် နေရာတိုင်းမှာ သူတို့တိုင်းပြည်ကချမှတ်ထားတဲ့ ဥပဒေတွေကိုလိုက်နာပြီး လုပ်ကိုင်တာက ပိုကောင်းမယ်လို့ကျွန်တော့်အနေနဲ့ မြင်မိပါတယ်။ ဈေးရောင်းတဲ့အလုပ်ကို လုပ်ကိုင်နေတဲ့ လူငယ်တစ်ဦး ကျွန်တော်အနေနဲ့တော့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဒီထက်ပိုပြီး စည်းကမ်းရှိရှိနဲ့နေသင့်တယ်လို့ မြင်မိတယ် ဘာလို့ဆိုတော့ ကျွန်တော်တို့ဘက်မှာ အထောက်အထားမစုံဘဲနဲ့ရောက်လာတဲ့သူတွေပိုများတယ် မြန်မာနိုင်ငံသားတိုင်းတော့ စည်းကမ်းမရှိတာတော့ မဟုတ်ဘူးလေ ထိုင်းလူမျိုးတိုင်းကလည်း မြန်မာနိုင်ငံသားတိုင်းကို မုန်းနေတာမဟုတ်ဘူး လက်ရှိအခြေအနေအရဆိုရင်လည်း အဖမ်းအဆီးအရမ်းများတော့ စိုးရိမ်နေရတာပေါ့ မြန်မာစကားဆိုလည်းရှောင်တယ် ရဲနဲ့တူတဲ့သူကိုတွေ့ပြီဆိုရင်ပုန်းနေလိုက်တာမျိုးပေါ့။ By…
Read More »