ဒဘတ်ချောင်း

  • Jun- 2024 -
    3 June
    သတင်း

    ဒဘတ်ချောင်းတံတားကို စစ်ကောင်စီဂျက်လေယာဉ်နဲ့ ဗုံးကြဲ AA တပ်ဖွဲ့ ၂ ဦးနဲ့ KIA တပ်ဖွဲ့ဝင် ၁ ဦးသေဆုံး

    မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာ နဲ့ ဘော်ဆာဒီကျေးရွာကို ဆက်သွယ်ထားတဲ့ ဒဘတ်ချောင်းတံတားကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးကြဲဖျက်စီးခဲ့ပြီး AA တပ်ဖွဲ့ ၂ ဦးနဲ့ KIA တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးကြောင်း သိရပါတယ်။ ဇွန်လ ၂…

    Read More »
  • May- 2024 -
    18 May
    သတင်း

    ဝိုင်းမော်တိုက်ပွဲမှာ KIA သိမ်းပိုက်ဖို့ ခလရ ၃၂၁ တပ်ရင်းနဲ့ ကဇူးတပ်စခန်း ၂ ခုသာကျန်ရှိနေ

    ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်က ဒီနေ့ တစ်ရက်ထဲမှာပဲ ဝိုင်းမော်မြို့နယ်အတွင်း ကျန်ရှိနေတဲ့ စစ်တပ်စခန်းနေရာ ၁၀ ခုကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ မွန်းလွှဲပိုင်း ၃ နာရီဝန်းကျင်အထိ တပ်စခန်းအများပိုင်းကို ထိန်းချုပ်နိုင်ပြီး တပ်စခန်း ၂ ခုသာ…

    Read More »
  • 18 May
    သတင်း

    ဝိုင်းမော်မြို့နယ်ထဲမှာ ကျန်ရှိနေသေးတဲ့ စစ်တပ်စခန်း ၁၀ ခုကို KIA တစ်ပြိုင်နက်တိုက်ခိုက်နေပြီး တပ်စခန်းတစ်ချို့ သိမ်းပိုင်နိုင်

    ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဒဘတ်ချောင်းအနီးတဝိုက်မှာကျန်ရှိနေသေးတဲ့ ရွှေညောင်ပင်တပ်စခန်းအပါအဝင် စစ်ကောင်စီတပ်စခန်း ၁၀ ခုလောက်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက မေလ ၁၈ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၄ နာရီလောက်ကနေ စတင်ပြီး တပြိုင်နက်ဝင်ရောက်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ ဝိုင်းမော်မြို့နယ်ရဲ့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဘင့်ပူကောင့်(Bin Pu Kawng) ၊ ဝထောင်ဘွမ့်(Wa Htau Bum) အနီးတဝိုက်မှာရှိတဲ့ ဒဘတ်၊ ဆမ်ပိုင်၊ လိုင်ဖောင်၊ ဒိန်ဂါ စစ်တပ်စခန်းအားလုံးနဲ့ ကဇူး၊ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်း၊ အောင်မြေ(၁) ကနေ ခါးရှီ(Hka Shi) အထိ တစ်ကြောလုံးရှိတဲ့ စစ်ကောင်စီတပ်စခန်း ၁၀ ခုလောက်ကို KIA က ဝင်ရောက်တိုက်ခိုက်နေတယ်လို့ KIA နဲ့ နီးစပ်တဲ့ ဝိုင်းမော်အောင်မြေ(၁) ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “အခုတိုက်ပွဲဖြစ်နေတာက ဝိုင်းမောက်တစ်ကြောမှာရှိတဲ့ တပ်စခန်းတွေပဲဟုတ်တယ်။ အခုတောင် စခန်းတစ်ချို့က သိမ်းနိုင်လို့ ရှင်းလင်းရေးတွေ လုပ်နေတယ်လို့ကြားတယ်။ ဝိုင်းမော် ၃၂၁ တပ်ရင်းတွေကတော့ အခုချိန်အထိ နားလိုက်ပစ်လိုက်နဲ့ တိုက်ပွဲတွေဖြစ်နေတယ်”လို့ပြောပါတယ်။ KIA က တပ်စခန်း ၁၀ ခုလောက်ကို ဝင်ရောက်တိုက်ခိုက်နေတဲ့ အထဲမှာ ဘင့်ပူကောင့် (Bin Pu kawng) နဲ့ ဝထောင်ဘွမ့်အပါ ကဇူးတပ်စခန်းတွေကို သိမ်းပိုက်ထားနိုင်ပြီး ဒီကနေ့ ၁၁ နာရီအထိ သိမ်းပိုက်ထားပြီဖြစ်တဲ့ တပ်စခန်းနေရာတွေမှာ ရှင်းလင်းရေးဆောင်ရွက်နေပြီလို့ သိရပါတယ်။ ကဇူးတပ်စခန်းကိုတော့ KIA တပ်တွေ တပ်စခန်းထဲဝင်ရောက်သိမ်းပိုက်တာတွေရှိပေမယ့် ကဇူးကျေးရွာထဲမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ သတင်းအရင်းအမြစ်တွေကပြောပါတယ်။ အခုသိမ်းပိုက်ထားပြီဖြစ်တဲ့ ဘင့်ပူကောင့်(Bin Pu Kawng)၊ ဝထောင်ဘွမ့်(Wa Htau Bum) လိုင်ဖောင်စတဲ့ စစ်ကောင်စီတပ်စခန်းတွေဟာ ဝိုင်မော်မြို့နယ်ခြမ်း ဒဘတ်ချောင်းအနီးတဝိုက်မှာ ကျန်ရှိနေသေးတဲ့  စစ်တပ်ရဲ့ ဗျူဟာမြောက် တပ်စခန်းအကြီးတွေဖြစ်ပါတယ်။ ဒီကနေ့ ဖြစ်ပွားတဲ့ တိုက်ပွဲမှာ ပြီးခဲ့တဲ့ မတ်လထဲမှာ ပထမတစ်ကြိမ် သိမ်းပိုက်ထားနိုင်ပြီး ပြန်လည်တပ်ဆုတ်ထားတဲ့ အောင်မြေ(၁)၊ အောင်မြေ(၂) တပ်စခန်းနေရာတွေကိုလည်း ဒုတိယအကြိမ် ပြန်လည်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်ထဲမှာ တစ်ကြောပြန် ဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ KIA ရဲ့  နောက်ဆုံးစခန်းသိမ်းပိုက်ဖြစ်နိုင်တယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားက အခုလို သုံးသပ်ပြောဆိုပါတယ်။…

    Read More »
  • 6 May
    သတင်း

    ဂိဒုန်(Gi dawn)စခန်းအပါအဝင် စခန်းပေါင်း ၁၀ ခုကျော်ကို နှစ်ရက်အတွင်း တိုက်ခိုက်သိမ်းပိုက်ထားကြောင်း KIA ပြော

    ဂိဒုန်စခန်းအပါအဝင် ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က နှစ်ရက်အတွင်း အပြီးတိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောပါတယ်။ မေလ ၅ ရက်နေ့က‌နေ ဒီနေ့ထိ KIA တပ်မဟာ…

    Read More »
Back to top button