တိုက်ပွဲသတင်း

ဝိုင်းမော်မြို့နယ်ထဲမှာ ကျန်ရှိနေသေးတဲ့ စစ်တပ်စခန်း ၁၀ ခုကို KIA တစ်ပြိုင်နက်တိုက်ခိုက်နေပြီး တပ်စခန်းတစ်ချို့ သိမ်းပိုင်နိုင်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဒဘတ်ချောင်းအနီးတဝိုက်မှာကျန်ရှိနေသေးတဲ့ ရွှေညောင်ပင်တပ်စခန်းအပါအဝင် စစ်ကောင်စီတပ်စခန်း ၁၀ ခုလောက်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက မေလ ၁၈ ရက်နေ့ ဒီကနေ့ မနက်ပိုင်း  နာရီလောက်ကနေ စတင်ပြီး တပြိုင်နက်ဝင်ရောက်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

ဝိုင်းမော်မြို့နယ်ရဲ့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဘင့်ပူကောင့်(Bin Pu Kawng)  ဝထောင်ဘွမ့်(Wa Htau Bum) အနီးတဝိုက်မှာရှိတဲ့ ဒဘတ်၊ ဆမ်ပိုင်၊ လိုင်ဖောင်၊ ဒိန်ဂါ စစ်တပ်စခန်းအားလုံးနဲ့ ကဇူး၊ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်း၊ အောင်မြေ(ကနေ ခါးရှီ(Hka Shi) အထိ တစ်ကြောလုံးရှိတဲ့ စစ်ကောင်စီတပ်စခန်း ၁၀ ခုလောက်ကို KIA က ဝင်ရောက်တိုက်ခိုက်နေတယ်လို့ KIA နဲ့ နီးစပ်တဲ့ ဝိုင်းမော်အောင်မြေ(ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။

အခုတိုက်ပွဲဖြစ်နေတာက ဝိုင်းမောက်တစ်ကြောမှာရှိတဲ့ တပ်စခန်းတွေပဲဟုတ်တယ်။ အခုတောင် စခန်းတစ်ချို့က သိမ်းနိုင်လို့ ရှင်းလင်းရေးတွေ လုပ်နေတယ်လို့ကြားတယ်။ ဝိုင်းမော် ၃၂၁ တပ်ရင်းတွေကတော့ အခုချိန်အထိ နားလိုက်ပစ်လိုက်နဲ့ တိုက်ပွဲတွေဖြစ်နေတယ်လို့ပြောပါတယ်။

KIA က တပ်စခန်း ၁၀ ခုလောက်ကို ဝင်ရောက်တိုက်ခိုက်နေတဲ့ အထဲမှာ ဘင့်ပူကောင့် (Bin Pu kawng) နဲ့ ဝထောင်ဘွမ့်အပါ ကဇူးတပ်စခန်းတွေကို သိမ်းပိုက်ထားနိုင်ပြီး ဒီကနေ့ ၁၁ နာရီအထိ သိမ်းပိုက်ထားပြီဖြစ်တဲ့ တပ်စခန်းနေရာတွေမှာ ရှင်းလင်းရေးဆောင်ရွက်နေပြီလို့ သိရပါတယ်။

ကဇူးတပ်စခန်းကိုတော့ KIA တပ်တွေ တပ်စခန်းထဲဝင်ရောက်သိမ်းပိုက်တာတွေရှိပေမယ့် ကဇူးကျေးရွာထဲမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ သတင်းအရင်းအမြစ်တွေကပြောပါတယ်။

အခုသိမ်းပိုက်ထားပြီဖြစ်တဲ့ ဘင့်ပူကောင့်(Bin Pu Kawng) ဝထောင်ဘွမ့်(Wa Htau Bum) လိုင်ဖောင်စတဲ့ စစ်ကောင်စီတပ်စခန်းတွေဟာ ဝိုင်မော်မြို့နယ်ခြမ်း ဒဘတ်ချောင်းအနီးတဝိုက်မှာ ကျန်ရှိနေသေးတဲ့  စစ်တပ်ရဲ့ ဗျူဟာမြောက် တပ်စခန်းအကြီးတွေဖြစ်ပါတယ်။

ဒီကနေ့ ဖြစ်ပွားတဲ့ တိုက်ပွဲမှာ ပြီးခဲ့တဲ့ မတ်လထဲမှာ ပထမတစ်ကြိမ် သိမ်းပိုက်ထားနိုင်ပြီး ပြန်လည်တပ်ဆုတ်ထားတဲ့ အောင်မြေ() အောင်မြေ(တပ်စခန်းနေရာတွေကိုလည်း ဒုတိယအကြိမ် ပြန်လည်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

ဝိုင်းမော်မြို့နယ်ထဲမှာ တစ်ကြောပြန် ဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ KIA ရဲ့  နောက်ဆုံးစခန်းသိမ်းပိုက်ဖြစ်နိုင်တယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားက အခုလို သုံးသပ်ပြောဆိုပါတယ်။

ဒီတစ်ခေါက်ပြန်ဖြစ်တဲ့ တိုက်ပွဲက ဒုတိယအကြိမ် ဝိုင်းမော်မြို့နယ်တစ်ကြောမှာ ကျန်ရှိနေသေးတဲ့ တပ်စခန်းတွေကို အားလုံးပြန်သိမ်းယူဖို့ ဆင်နွှဲတဲ့ တိုက်ပွဲဖြစ်တယ်။ ပြီးခဲ့တဲ့ မတ်လမှာလည်း သိမ်းနိုင်သလောက်သိမ်းနိုင်ခဲ့တယ်။ ဝိုင်းမော်မြို့အနီးတဝိုက်က အကုန်ရှင်းလင်းဖို့ ထင်တယ်။ ကျနော်တို့လည်း အဲ့လို နားလည်ထားကြတယ်လို့ပြောပါတယ်။

KIA ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ တပ်စခန်းနေရာတွေ အားလုံးထဲမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်သလို စစ်တပ်ဘက်ကလည်း လေကြောင်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေတာကြောင့် တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။

ဝိုင်းမော်ဒေသမှာ ပြီးခဲ့တဲ့ မတ်လ  ရက်နေ့ကတည်းက အောင်မြေ() အောင်မြေ(နဲ့ ရွှေညောင်ပင်ကျေးရွာတွေမှာ တစ်ပတ်ကျော်လောက်အကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက်  လကျော်ခန့်အကြာ တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် အခုလအထိ စစ်ရေးတင်းမာမှုဖြစ်ပေါ်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လက စတင်ပြီး KIA က ကချင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာနဲ့ စစ်တပ်ရဲ့ တပ်စခန်းနေရာတွေကို စခန်းသိမ်းပိုက် ဖော်ဆောင်လိုက်တာဖြစ်ပြီး ဝိုင်းမော်မြို့နယ်ထဲက တပ်စခန်းတစ်ချို့နဲ့ KIO လိုင်ဇာဌာနချုပ်တည်ရှိရာ အနီးတဝိုက် တပ်စခန်း ၄၀ ကျော်၊ ဖားကန့်ဒေသက တပ်စခန်း  ခုအထက်၊ ဆွမ်ပရာဘွမ့်နဲ့ လွယ်ဂျယ်မြို့ နေရာတွေကို  လအတွင်းမှာပဲ အပြီးသတ် သိမ်းပိုက်ထားနိုင်တာလည်းဖြစ်ပါတယ်။

လက်ရှိမှာလည်း ဗန်းမော်ခရိုင် မိုးမောက်နဲ့ မံစီမြို့ နေရာတွေမှာလည်း တိုက်ပွဲ ပြင်းထန်နေတာ ၁၀ ရက်ဝန်းကျင်းလောက် ကြာမြင့်လာပြီး ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ စစ်တပ်စခန်းအားလုံးကို KIA က တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button