တိုက်ပွဲသတင်း

ဝိုင်းမော်တိုက်ပွဲမှာ KIA သိမ်းပိုက်ဖို့ ခလရ ၃၂၁ တပ်ရင်းနဲ့ ကဇူးတပ်စခန်း ၂ ခုသာကျန်ရှိနေ

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်က ဒီနေ့ တစ်ရက်ထဲမှာပဲ ဝိုင်းမော်မြို့နယ်အတွင်း ကျန်ရှိနေတဲ့ စစ်တပ်စခန်းနေရာ ၁၀ ခုကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ မွန်းလွှဲပိုင်း ၃ နာရီဝန်းကျင်အထိ တပ်စခန်းအများပိုင်းကို ထိန်းချုပ်နိုင်ပြီး တပ်စခန်း ၂ ခုသာ ကျန်‌တော့တယ်လို့ သိရပါတယ်။

မေလ ၁၈ ရက်နေ့ ဒီနေ့ မနက်ပိုင်း ၄ နာရီခန့်လောက်ကနေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဒဘတ်ချောင်းအနီးတဝိုက်ရှိ ဘင့်ပူကောင့်(Bin Pu Kawng) ၊ ဝထောင်ဘွမ့်(Wa Htau Bum)၊ ဆမ်ပိုင်၊ လိုင်ဖောင်၊ ဒိန်ဂါနဲ့ ဝိုင်းမော်မြို့အနီး ရွှေညောင်ပင် ခမရ ၃၂၁၊ အောင်မြေ()၊ အောင်မြေ()၊ ခရှီ အထိ တပ်စခန်းအားလုံးကိုတပြိုင်နက် တိုက်ခိုက်နေတာဖြစ်ပါတယ်။

အဲဒီတပ်စခန်းတွေထဲကနေ မွန်းလွှဲပိုင်း ၃ နာရီဝန်းကျင်အထိ အများပိုင်းသိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမယ့် ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းနဲ့ ကဇူးတပ်စခန်း တွေ အပြီးသတ် သိမ်းပိုက်နိုင်ဖို့ ကျန်ရှိနေသေးတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။

ဒီကနေ့ သိမ်းနိုင်တာက ဝထောင်ဘွမ့် တပ်စခန်းကို သိမ်းနိုင်ပြီ။ အောင်မြေ() () အကုန်ထိန်းချုပ်ထားပြီ။ အခုကျန်နေတာက ရွှေညောင်ပင် ၃၂၁ နဲ့ ကဇူးတပ်စခန်းကလည်း နည်းနည်းကျန်နေသေးတယ်။ တိုက်ပွဲက ဆက်ဖြစ်နေတုန်းပဲလို့ပြောပါတယ်။

ဝိုင်းမော်မြို့အနီး အောင်မြေ()၊ အောင်မြေ() တပ်စခန်းနေရာနဲ့ ရှီခကျေးရွာတွေမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီကနေ့ နေ့လည်ပိုင်း ၁၂ ဝန်းကျင်လောက်မှာ KIA တပ်တွေက အပြီးသတ် ရှင်းလင်းလိုက်နိုင်ပြီးတော့ ထပ်မံထိန်းချုပ်ထားနိုင်ပြီလို့ပြောပါတယ်။

လက်ရှိ ဝိုင်းမော်မြို့ အနီးတဝိုက် တိုက်ပွဲဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး အောင်မြေ() ဒေသခံတစ်ဦးပြောတာကအောင်မြေ()၊ အောင်မြေ() နေရာအားလုံးမှာ KIA တပ်တွေ ထိန်းချုပ်လိုက်ပြီ။ KIA စစ်သားတွေတောင် အောင်မြေ()ရဲ့ ဓမ္မာရုံတွေမှာရှိနေကြတယ်။ ခရှီအထိ အကုန်နေရာယူထားကြပြီလို့ပြောပါတယ်။

အောင်မြေ()၊ အောင်မြေ() စစ်တပ်စခန်းတွေဟာ ပြီးခဲ့တဲ့ မတ်လမှာလည်း KIA တပ်တွေ ပထမအကြိမ် ထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပေမယ့် စစ်ရေးအရ ယာယီတပ်ဆုတ်ခွာသွားတာဖြစ်ပါတယ်။

မတ်လအတွင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အောင်မြေ()၊ အောင်မြေ() ကျေးရွာတွေမှာ ပြည်သူ့စစ်အပါ စစ်ကောင်စီတပ်တွေပါ စစ်အင်အားအလုံးအရင်းနဲ့ တပ်ချထားတာဖြစ်ပြီး ဒီကနေ့ တိုက်ပွဲမှာ ထိခိုက်သေဆုံးမှု ရှိသလို ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်သားတွေလည်းရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဝိုင်းမော်မြို့နယ် ဒဘတ်ချောင်းအနီးမှာရှိတဲ့ ဘင့်ပူကောင့်နဲ့ ဝထောင်ဘွမ့်၊ ဆမ်ပိုင်၊ လိုင်ဖောင်၊ ဒိန်ဂါ စတဲ့ တပ်စခန်းတွေကို KIA တပ်တွေက ညနေပိုင်း ၂ နာရီဝန်းကျင်မှ အပြီးသတ်ထိန်းချုပ်ထားနိုင်ခဲ့တ်ယလို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေကပြောပြပါတယ်။

ကဇူးတပ်စခန်းမှာတော့ တပ်စခန်းကို သိမ်းပိုက်ဖို့ ကျန်ရှိနေသေးသလို ကျေးရွာထဲမှာလည်း နှစ်ဖက်တပ် အပြန်အလှန် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့မှာ ရွှေညောင်ပင်၊ အောင်မြေ()၊ အောင်မြေ() ၊ အင်လုန်ခ ပြည်သူ့စစ်တပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ၁ လကျော်အကြာမှာ ဝိုင်းမော်မြို့နယ်ထဲ နောက်ဆုံးကျန်ရှိနေသေးတဲ့ တပ်စခန်းတွေကို ပြန်လည်တိုက်ခိုက်နေတာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button