ဒေသထွက်

  • Nov- 2025 -
    28 November
    သတင်း

    ပူတာအို – ခေါင်လမ်ဖူးလမ်းပိုင်းပျက်စီး‌နေဆဲဖြစ်တဲ့အတွက် ရှောက်ကောပါကော အရောင်းအဝယ်ရပ်တန့်နေ

    ကချင်ပြည်နယ် ၊ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်းပြုပြင်နိုင်ခြင်းမရှိသေးတာကြောင့် ခေါင်လန်ဖူး ဒေသထွက် ရှောက်ကော ပါကောတွေ တင်ပို့ဖို့ခက်ခဲနေပြီးအရောင်းအဝယ်ရပ်တန့် နေကြောင်း ဒေသခံများထံမှ သိရပါတယ်။ ဟင်းခတ်အမွှေးအကြိုင်ထုတ်လုပ်ရာမှာ ကုန်ကြမ်းအဖြစ်သုံးတဲ့ ခေါင်လန်ဖူးဒေသထွက် ရှောက်ကောပါကောဟာ အဓိက အားဖြင့်တရုတ်ပြည်ကိုတင်ပို့ရောင်းချကြတာဖြစ်ပြီး လက်ရှိ ပူတာအိုခေါင်လန်ဖူးလမ်းပိုင်းပျက်စီးနေတာကြောင့် တင်ပို့လို့မရပဲ အရောင်းအဝယ်တွေရပ်တန့်နေတယ်လို့…

    Read More »
  • Nov- 2024 -
    28 November
    သတင်း

    ပူတာအိုမှာ ကျောက်ဂျပိုးတစ်ပိဿာ ၁၀ သိန်းဝန်းကျင်ထိ စျေးကောင်းရပေမယ့် အထွက်ပိုနည်းလာ

    ပူတာအိုမြို့မှာ ကျောက်ဂျပိုးတစ်ပိဿာ ၁၀ သိန်းဝန်းကျင်ထိစျေးကောင်းရနေပေမဲ့ အထွက်နည်းသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။ ကျောက်ဂျပိုးဟာ အောက်တိုဘာလကုန် နိုဝင်ဘာလ ဆောင်းအဝင်မှာ မြစ်ချောင်းတစ်လျှောက်ထွက်တာဖြစ်ပြီး ဒေသခံတွေက ကျောက်ဂျပိုးထွက်ချိန် အသက်မွေးဝမ်းကျောင်းအတွက် စီးပွားဖြစ်ဖမ်းကြသလို ဟင်းစားအဖြစ်လည်း ဖမ်းကြတာဖြစ်ပါတယ်။  ဒါပေမယ့် ဒီနှစ်မှာတော့ မြစ်ချောင်းတစ်လျှောက် နှစ်တိုင်းပုံမှန်ဖမ်းနေတဲ့နေရာတွေမှာ အထွက်နည်းလာတယ်လို့ ပူတာအိုဒေသခံအမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။ “ပူတာအိုအနီးပတ်ဝန်းကျင်မှာ အရင်လို ကျောက်ဂျပိုးတွေ မထွက်တော့ဘူး။ အခုစျေးတော့ တော်တော်ရနေတယ်။ လက်ရှိ တစ်ပိဿာမှာ ၈ သိန်းခွဲကနေ ၁၀ သိန်းဝန်းကျင်ထိ ရနေတယ်။ ရှာဖို့လည်း သိပ်မလွယ်တော့ဘူး။ အရင်လို များများမရတော့ဘူး။ အခုက တော်တော်ကို တောဘက်ကသွားပြီးမှ ရှာနေရတယ်။ အရင်နှစ်တွေကလို မူလာရှီးဒီတံတားတွေ၊ ချောင်းတွေနားမှာ စောင့်ပြီးဖမ်းလို့ မရတော့ဘူး။ မရှိတော့ဘူး။ တောထဲတော်တော်သွားမှ သွားဖမ်းကြတော့တယ်။ ဒါကြောင့်စျေးလည်း ပိုရနေသလိုပဲ”လို့ပြောပါတယ်။…

    Read More »
Back to top button