နမ့်ခမ်းမြို့

  • Sep- 2024 -
    6 September
    သတင်း

    နမ့်ခမ်းမြို့ လေကြောင်းတိုက်ခိုက်ခံရမှု ကလေးငယ်၊ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ၁၃ ဦးသေဆုံး

    ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုမှာ ကလေးငယ် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအပါအဝင် သေဆုံးသူအရပ်သား ၁၃ ဦးအထိသေဆုံးခဲ့ရတယ်လို့ ကယ်ဆယ်ရေးမှာပါဝင်ကူညီနေသူ တွေ ဆီကသိရပါတယ်။ စက်တင်ဘာလ ၆ ရက်နေ့ မနက်အစောပိုင်း စစ်တပ်က နမ့်ခမ်းမြို့ညစျေးအနီးတစ်ဝိုက် ပေါင် ၅၀၀ ရှိတဲ့လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်ပြီး သေဆုံးတဲ့ ၁၃ ဦးထဲမှာ မိသားစုလိုက်အားလုံးသေဆုံးတာလည်းရှိနေတယ်လို့ ဆိုပါတယ်။ “ဆုံးသွားတဲ့သူကတော့ ၁၃ ယောက်ပေါ့နော်။ ကလေးငယ်တွေရော ကိုယ်ဝန်ဆောင်ရောပဲ။ အဲ့ဒီကိုယ်ဝန်သည်ဆိုမိသားစု၃ယောက် မိသားစုလိုက်ပေါ့ အဖေရယ် ကလေးရော ကိုယ်ဝန်ဆောင်ထားရတဲ့ အမေဖြစ်သူ ရောပေါ့”လို့ ကယ်ဆယ်ရေးမှာကူညီဆောင်ရွက်နေသူတစ်ဦးကပြောပါတယ်။ စက်တင်ဘာလ ၆ ရက်နေ့ ဒီကနေ့ မနက်အစောပိုင်း ၁ နာရီ ဝန်းကျင်လောက်မှာ စစ်ကောင်စီက နမ့်ခမ်းမြို့ညဈေးအနီးတစ်ဝှိုက်ကနေအိမ်တွေနဲ့ ကျားဖြူခန်းမအနီးမှာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၂ ဦး၊ အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၅ ဦးသေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA ကသတင်း မနက်ပိုင်းထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ဒီနေ့ နေ့လည်ထိနောက်ဆုံးရရှိထားတဲ့အချက်အလက်အရ သေဆုံးသူ ၁၃ ဦးထိရှိလာပြီး အခုလက်ရှိမှာတော့ထိခိုက်ပျက်ဆီးသွားတဲ့ နေအိမ် ၆ လုံးနဲ့ အဆောက်အဦးတွေကိုရှင်းလင်းမှုတွေလုပ်နေသလို သေဆုံးသွားတဲ့ရုပ်အလောင်းတွေကို မီးသင်္ဂြိုဟ်ဖို့ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပေါင် ၅၀၀ ဗုံးသီးကိုအသုံးပြုကြဲချခဲ့တာဖြစ်ပြီး အခုတော့ နမ့်ခမ်းဒေသခံတွေဟာ ထိတ်လန့်နေကြပြီး ဈေးတွေလည်းပိတ်ထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။ “ ညရောနေ့ပါဈေးရောင်းတဲ့ ပါပ်ပွဲဆိုတဲ့နေရာပေါ့။ နမ့်ခမ်းည‌ဈေးပေါ့ အခုတော့ ဈေးတွေလည်းပိတ် ထားရတယ်။ “လို့ဒေသခံတစ်ဦးကပြောပါတယ်။ နမ့်ခမ်းမြို့နယ်ဟာ တရုတ်နိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့မြို့ဖြစ်ပြီးတော့ ဒီလေကြောင်းတိုက်ခိုက်မှုဟာ တအာင်းတပ်မတော် TNLA နမ့်ခမ်းမြို့ကိုအုပ်ချုပ်တဲ့နောက်ပိုင်းပထမဆုံးအကြိမ်ဗုံးကြဲတိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ TNLA က ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ စက်တင်ဘာလ ၃ရက်နေ့မှာ မန်တုံမြို့နယ်၊ ၄ ရက်နေ့မှာ သီပေါမြို့တို့ကို လည်းလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတ်ပဟာ စစ်ရာဇဝတ်မှုကိုပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာလို့ TNLA ကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မြောက်ပိုင်းညီနောင် ၃ဖွဲ့ဖြစ်တဲ့ TNLA/MNDAA/ AA တို့ကို အကြမ်းဖက်အုပ်စုအဖြစ် စက်တင်ဘာလ ၂ ရက်နေ့ရက် ထုတ်ပြန်ကြေညာထားတာလည်းဖြစ်ပါတယ်။ By – အမိုး

    Read More »
  • Dec- 2023 -
    21 December
    သတင်း

    TNLA မိုင်းဆွဲတိုက်ခိုက်မှု‌ကြောင့် သေဆုံးသွားတဲ့ KIO/KIA တပ်ဖွဲ့ဝင် နှစ်ဦးအမှုကို ဆွေးနွေးဖို့အဖြေရှာဖို့ သဘောတူထားတယ်လို့ဆို

    ရှမ်းမြောက် နမ့်ခမ်းမြို့နယ် မိုင်းဝီး( Mong Wee) အနီးမှာ TNLA တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်လို့ သေဆုံးသွားတဲ့ KIO/KIA တပ်ဖွဲ့ဝင် နှစ်ဦး ဖြစ်စဉ်နဲ့ ပတ်သက်ပြီး KIA နဲ့ TNLA ကြား နှစ်ဖက်ဆွေးနွေးဖြေရှင်းဖို့…

    Read More »
  • 19 December
    သတင်း

    တစ်လကျော်တိုက်နေရတဲ့ နမ့်ခမ်းမြို့ စခန်းသစ်ဗျူဟာကုန်း အပြီးသတ်သိမ်းပိုက်ရရှိ

    စစ်တပ်ဘက်က အပြင်းအထန်ခုခံနေတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့က  စခန်းသစ်ဗျူဟာကုန်းကို ညီနောင်မဟာမိတ်တွေ အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။ အဲ့ဒီစခန်းသစ်ကုန်းကို ဒီဇင်ဘာ ၁၈ ရက် မနေ့ညမှာ သိမ်းပိုက်ရရှိခဲ့ပြီ ဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ခုလိုအတည်ပြုပြောဆိုပါတယ်။ “သိမ်းလိုက်ပါပြီ။ စခန်းသိမ်းတာတော့ အတည်ပြုပါပြီ။ လက်ရှိ ကျနော်တို့ဆီမှာ အချက်အလက်လေးတွေ မစုံသေးဘူး။ ပုံတွေလည်းမရောက်လာသေးဘူး” လို့ ပြောပါတယ်။ နမ့်ခမ်းမြို့သိမ်းတိုက်ပွဲဆင်နွှဲပြီးနောက် နောက်ဆုံးခံစစ်ဖြစ်တဲ့ အဲ့ဒီစခန်းသစ်ဗျူဟာ ကုန်းကြီးကို ညီနောင်မဟာမိတ်တွေဘက်က ၁ လကျော်ကြာတိုက်ခိုက်ခဲ့ရပြီးနောက် သိမ်းပိုက်ရရှိပြီဖြစ်ပါတယ်။ နမ့်ခမ်းမြို့နဲ့ ၁ မိုင်လောက်အကွာမှာသာရှိတဲ့ အဲ့ဒီစခန်းသစ်ကုန်းကို တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ဘက်က အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၆ ရက်နေ့မှာ နမ့်ခမ်းမြို့ထဲက ရဲစခန်းနဲ့ မြို့ပြင်ဘက်က စစ်တပ်ဂိတ် တချို့နဲ့ အုပ်ချူပ်ရေးရုံးတွေကို သိမ်းပိုက်ရရှိခဲ့ကြောင်း မြို့ကိုထိန်းချူပ်လိုက်ပြီးဖြစ်ကြောင်း ထုတ် ပြန်ခဲ့တာဖြစ်ပါတယ်။ နမ့်ခမ်းမြို့ကို ထိန်းချူပ်နိုင်ပေမဲ့ မြို့နဲ့ကပ်ရပ် စစ်တပ်ရဲ့ခံတပ်ကြီး စခန်းသစ်ကုန်းကို မသိမ်းနိုင်သေးတာကြောင့် ညီနောင်မဟာမိတ်တွေ အပြင်းအထန်တိုက်ခိုက်ခဲ့ကြပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုလည်း အမြောက်အများရှိခဲ့ကြောင်း သိရပါတယ်။ နမ့်ခမ်းစခန်းသစ်ကုန်း သိမ်းပိုက်နိုင်ပြီဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး PSLF/ TNLA ပြောရဲဆိုခွင့်အဖွဲ့ကို KNG ကချင်သတင်းဌာနမှ ဆက်သွယ်ကြည့်ရာမှာတော့ သတင်းပို့ချက်မရသေးတာကြောင့် အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။ “အတည်ပြုပေးလို့ မရသေးပါဘူး။ ကျမတို့ဆီမှာ သတင်းလည်းမတတ်လာသေးပါ။ မနေ့ည အချိန်ထိတော့ တိုက်ပွဲတော့ ပြင်းထန်နေတယ်။ တစ်နေကုန်တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုပြီး တိုက်ခိုက်နေတာတွေရှိတယ်။ နမ့်ဖက်ကာကနေ အဝေးပစ်လက်နက်ကြီးနဲ့ ပစ်ကူနေတာတွေရှိတယ်”လို့ PSLF/…

    Read More »
  • 6 December
    သတင်း

    နမ့်ခမ်းမြို့မှာ စစ်တပ်နဲ့ TNLA တို့အကြား တိုက်ပွဲပြင်းထန်နေ

    “အခုသူတို့ရဲ့အနေအထားကိုကြည့်ရရင် TNLA ဘက်က နမ့်ခမ်းမြို့ကို အရကို ယူချင်တဲ့အခြေအနေဖြစ်တယ်။ တစ်ခါတိုက်တာ မနိုင်လို့ ပြန်ပြီး ပူးပေါင်းတပ်ဖွဲ့တွေ ပြန်ပေါင်းပြီး အခုအပြင်းအထန် ပြန်တိုက်နေတာပေါ့။” လို့ ဆက်ပြောပါတယ်။

    Read More »
Back to top button