သတင်း

နမ့်ခမ်းမြို့မှာ စစ်တပ်နဲ့ TNLA တို့အကြား တိုက်ပွဲပြင်းထန်နေ

နမ့်ခမ်းမြို့ကို အပြီးပိုင် သိမ်းပိုက်ထိန်းချုပ်နိုင်အောင်ကြိုးစားနေတဲ့ TNLA နဲ့ စစ်ကောင်စီကြား တိုက်ပွဲဆက်တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်လေယာဉ်နဲ့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေပြောပါတယ်။

ဒီဇင်ဘာ  ရက်နေ့ ဒီမနက်  နာရီခွဲကတည်းက နမ့်ခမ်းမြို့ကို စစ်တပ်ဘက်ဂျတ်လေယာဉ်နဲ့ဗုံး  ကြိမ်ထက်မနည်း လာရောက်ကြဲခဲ့ပြီး လက်ရှိချိန်ထိနှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း သိရပါတယ်။

အခု တစ်လနီးပါးရှိလာပြီ အဲ့ဒီစခန်းကုန်းကို တိုက်နေတာ။ မသိမ်းနိုင်သေးဘူးဖြစ်နေတယ်။ ဘယ်လိုဖြစ်ဖြစ် သူတို့က ရအောင်ယူဖို့ ကြိုးစားနေတာပေါ့။ အခု ပူးပေါင်းတပ်ဖွဲ့တွေ ပေါင်းပြီး ပြန်တိုက်နေတယ်။ စစ်တပ်လည်း လေယာဉ်နဲ့ နေ့တိုင်းလာပစ်တယ်။ ဒီမနက်လည်း ဂျတ်နဲ့လာပစ်တယ်။ အခုထိ ပစ်နေကြတုန်း။ လို့ နမ့်ခမ်းဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းကတည်းကစပြီး နမ့်ခမ်းမြို့ကို TNLA ဝင်ရောက်ထိန်းချုပ်နိုင်ပြီးနောက် မြို့နဲ့ တစ်မိုင်အကွာမှာရှိတဲ့ နမ့်ခမ်းစခန်းသစ်ဗျူဟာကုန်းကိုလည်း သိမ်းပိုက်နိုင်အောင်ကြိုးစားနေတာဖြစ်ပါတယ်။

အဲ့ဒီစခန်းသစ်ကုန်းကို တစ်လခန့်အကြာ တိုက်ခိုက်နေပေမဲ့ သိမ်းပိုက်နိုင်ခြင်းမရှိသေးသလို စစ်တပ်ဘက်လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှုနဲ့ နေအိမ်အမြောက်အများလည်း ပျက်စီးဆုံးရှုံးသွားကြောင်း ဒေသခံတွေပြောပါတယ်။

စစ်ကောင်စီက နေ့တိုင်းနီးပါး လေယာဉ်နဲ့ ဗုံးကြဲနေတာဖြစ်ပြီး TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း နမ့်ခမ်းမြို့ထဲကနေ နေရာယူကာ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အသာစီးရယူနိုင်အောင်ကြိုးစားနေတဲ့ အနေအထားဖြစ်ကြောင်း ဒေသခံတွေ ပြောပါတယ်။

အခုသူတို့ရဲ့အနေအထားကိုကြည့်ရရင် TNLA ဘက်က နမ့်ခမ်းမြို့ကို အရကို ယူချင်တဲ့အခြေအနေဖြစ်တယ်။ တစ်ခါတိုက်တာ မနိုင်လို့ ပြန်ပြီး ပူးပေါင်းတပ်ဖွဲ့တွေ ပြန်ပေါင်းပြီး အခုအပြင်းအထန် ပြန်တိုက်နေတာပေါ့။” လို့ ဆက်ပြောပါတယ်။

နမ့်ခမ်းမြို့တိုက်ပွဲအတွင်း ဒေသခံပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးပြီဖြစ်ကြောင်း သိရပါတယ်။

လက်ရှိ မြို့တွင်း အိမ်စောင့်အဖြစ်ဒေသခံတချို့တလေသာ ကျန်ရှိနေတာဖြစ်ပြီး အမြောက်အများ တရုတ်ဘက်ခြမ်းနဲ့ မန်ဝိန်းကြီးဘက်  နေရာခန့်မှာ စစ်ရှောင်နေကြရကြောင်းသိရပါတယ်။

အခုက အချိန်ကြာရှည်လာမဲ့အနေအထားရှိတယ်။ စစ်ရှောင်တွေတော့ အချိန်ကြာလာရင် ပိုခက်လာမဲ့အခြေအနေရှိတယ်။ အခု သိန်းချီပြီး တကွဲတပြားတိမ်းရှောင်နေကြတာပေါ့။ အများဆုံးတော့ တရုတ်ပြည်ဘက် ဂွန်ဟိုင်းကို  သိန်းခန့်ရှိမယ်ထင်တယ် တိမ်းရှောင်နေကြတယ်။ ဒီဘက် နောင်ကျွန်း၊ မန်အိုင်ဒိုင်းဘက်လည်း သိန်းဂဏန်းရှိတယ်။ မန်ဝိန်းဘက်တချို့ အဲ့လို ပေါ့ တစ်နေရာစီ တစ်ဖွဲ့စီတိမ်းရှောင်နေတယ်။ နမ့်ခမ်းကတော့ မြို့ပျက်လောက်တယ်။ အခုတောင် တော်တော်ပျက်စီးနေပြီ။ လို့ စစ်ရှောင်ကူညီနေသူ နမ့်ခမ်းဘက် မန်ဝိန်းဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။

နမ့်ခမ်းမြို့ဟာ တရုတ်မြန်မာနယ်စပ်၊ ကချင်နဲ့ ရှမ်းပြည်နယ် နယ်စပ်မှာရှိတဲ့ မြို့ကြီးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ  ရက်နေ့က နမ့်ခမ်းမြို့ကို ထိန်းချူပ်နိုင်ပြီဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်ဘက်က ထုတ်ပြန်ခဲ့ပေမဲ့ မြို့နဲ့ တစ်မိုင်အကွာမှာ အထိုင်ချနေတဲ့ စစ်တပ်စခန်းသစ်ကုန်းကိုတော့ သိမ်းပိုက်နိုင်ခြင်းမရှိသေးတာကြောင့် လက်ရှိချိန်ထိ တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button