သတင်း

တစ်လကျော်တိုက်နေရတဲ့ နမ့်ခမ်းမြို့ စခန်းသစ်ဗျူဟာကုန်း အပြီးသတ်သိမ်းပိုက်ရရှိ

စစ်တပ်ဘက်က အပြင်းအထန်ခုခံနေတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့က  စခန်းသစ်ဗျူဟာကုန်းကို ညီနောင်မဟာမိတ်တွေ အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။

အဲ့ဒီစခန်းသစ်ကုန်းကို ဒီဇင်ဘာ ၁၈ ရက် မနေ့ညမှာ သိမ်းပိုက်ရရှိခဲ့ပြီ ဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ခုလိုအတည်ပြုပြောဆိုပါတယ်။

သိမ်းလိုက်ပါပြီ။ စခန်းသိမ်းတာတော့ အတည်ပြုပါပြီ။ လက်ရှိ ကျနော်တို့ဆီမှာ အချက်အလက်လေးတွေ မစုံသေးဘူး။ ပုံတွေလည်းမရောက်လာသေးဘူး လို့ ပြောပါတယ်။

နမ့်ခမ်းမြို့သိမ်းတိုက်ပွဲဆင်နွှဲပြီးနောက် နောက်ဆုံးခံစစ်ဖြစ်တဲ့ အဲ့ဒီစခန်းသစ်ဗျူဟာ ကုန်းကြီးကို ညီနောင်မဟာမိတ်တွေဘက်က  လကျော်ကြာတိုက်ခိုက်ခဲ့ရပြီးနောက် သိမ်းပိုက်ရရှိပြီဖြစ်ပါတယ်။

နမ့်ခမ်းမြို့နဲ့  မိုင်လောက်အကွာမှာသာရှိတဲ့ အဲ့ဒီစခန်းသစ်ကုန်းကို တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ဘက်က အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ  ရက်နေ့မှာ နမ့်ခမ်းမြို့ထဲက ရဲစခန်းနဲ့ မြို့ပြင်ဘက်က စစ်တပ်ဂိတ် တချို့နဲ့ အုပ်ချူပ်ရေးရုံးတွေကို သိမ်းပိုက်ရရှိခဲ့ကြောင်း မြို့ကိုထိန်းချူပ်လိုက်ပြီးဖြစ်ကြောင်း ထုတ် ပြန်ခဲ့တာဖြစ်ပါတယ်။

နမ့်ခမ်းမြို့ကို ထိန်းချူပ်နိုင်ပေမဲ့ မြို့နဲ့ကပ်ရပ် စစ်တပ်ရဲ့ခံတပ်ကြီး စခန်းသစ်ကုန်းကို မသိမ်းနိုင်သေးတာကြောင့် ညီနောင်မဟာမိတ်တွေ အပြင်းအထန်တိုက်ခိုက်ခဲ့ကြပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုလည်း အမြောက်အများရှိခဲ့ကြောင်း သိရပါတယ်။

နမ့်ခမ်းစခန်းသစ်ကုန်း သိမ်းပိုက်နိုင်ပြီဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး PSLF/ TNLA ပြောရဲဆိုခွင့်အဖွဲ့ကို KNG ကချင်သတင်းဌာနမှ ဆက်သွယ်ကြည့်ရာမှာတော့ သတင်းပို့ချက်မရသေးတာကြောင့် အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

အတည်ပြုပေးလို့ မရသေးပါဘူး။ ကျမတို့ဆီမှာ သတင်းလည်းမတတ်လာသေးပါ။ မနေ့ည အချိန်ထိတော့ တိုက်ပွဲတော့ ပြင်းထန်နေတယ်။ တစ်နေကုန်တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုပြီး တိုက်ခိုက်နေတာတွေရှိတယ်။ နမ့်ဖက်ကာကနေ အဝေးပစ်လက်နက်ကြီးနဲ့ ပစ်ကူနေတာတွေရှိတယ်လို့ PSLF/ TNLA ပြောရဲဆိုခွင့်အဖွဲ့က တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၁၉ ဒီနေ့မနက်  နာရီခွဲမှာ KNG ကို ပြောဆိုခဲ့ပါတယ်။

နမ့်ခမ်းမြို့က အဲ့ဒီစခန်းသစ်ဗျူဟာကုန်းကို လက်မလွတ်ရေးအတွက် စစ်တပ်က တိုက်ပွဲ  လကျော်ကာလအတွင်း လေကြောင်းနဲ့ အကြိမ် ၅၀၀ ကျော်၊ လက်နက်ကြီးနဲ့ အကြိမ် ၆၀၀ ကျော် အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သူကဆက်ပြောပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၂ ရက်နေ့က စစ်တပ်က ရဟတ်ယာဉ်နဲ့  ကြိမ်တိုင်တိုင် နမ့်ခမ်းကို စစ်ကူပို့ဆောင်ခဲ့သော်လည်း TNLA ဘက်က လိုက်လံပြီး ကြားဖြတ် တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ ဆိုပါတယ်။

နမ့်ခမ်းမြို့ကို အပြီးသတ်ရရှိဖို့ TNLA ဘက်ကလည်း အပြင်းအထန်ကြိုးစားခဲ့ပြီး စစ်တပ်ဘက်ကလည်း အပြင်းအထန်ခုခံခဲ့တာကြောင့် တိုက်ပွဲကာလအတွင်း ခေတ္တနောက်ပြန်ဆုတ်ခဲ့ရပေမဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး ဆက်လက်ချီတက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း ဒေသခံတွေပြောပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button