တရုတ်ကုန်ကားများကို ကချင်ပြည်နယ်အတွင်းသို့ ဝင်ရောက်ခွင့်မပြုရန် လွှတ်တော်တွင် ဆွေးနွေး

တစ်သျှူးငှက်ပျောတင်သည့် တရုတ်ကုန်တင်ကားကြီးများကို ကချင်ပြည်နယ်တွင်းသို့ ဝင်ထွက်ခွင့်မပြုရန်နှင့် နယ်စပ်ဂိတ်များတွင်သာ ကုန်အချိန်းအပြောင်းလုပ်ရန်မှာ အဆင်မပြေသေးကြောင်း ကချင်ပြည်နယ် စီမံဘဏ္ဍာဝန်ကြီး ပြောသည်။ တရုတ်ကုန်ကားများ ကချင်ပြည်နယ်သို့ ဝင်ရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်ပြီး ၁၈ ကြိမ်မြောက် ကချင်ပြည်နယ်လွှတ်တော်၏ ပုံမှန်အစည်းအဝေး ပထမနေ့တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ မေးမြန်းမှုကို ဝန်ကြီးမှ ယခုလို ပြောခဲ့သည်။ “ကန်ပိုက်တီကုန်သွယ်ရေး စခန်းဟာ ဌာနပိုင်မြေအဖြစ် ဧကပေါင်း ဝ.၉၈၃ ဧကသာရှိပါတယ်။ ကုန်ပစ္စည်းများအား ခေတ်မီစက်ပစ္စည်းများဖြင့် စစ်ဆေးနိုင်ခြင်းမရှိသေးတဲ့ စခန်းဖြစ်ပါတယ်။…