မူဆယ်မြို့နယ်မှာ တရုတ်ဘက် နယ်နမိတ်ကျူးကျော် သံဆူးကြိုးခတ်လာမှုကို ဒေသခံများ ပြန်လည်ဖျက်ဆီး

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာမှာ တရုတ်ဘက်က နယ်ကျွံပြီး ခြံစည်းရိုးခတ်လာတာကြောင့် မြန်မာ ဒေသခံတွေက သွားရောက်ဖျက်ဆီးလိုက်ကြတယ်လို့ သိရပါတယ်။ အောက်တိုဘာ ၂၅ ရက်နေ့က ပန်ခမ်းဒေသခံ ရာချီအင်အားဖြင့် သွားရောက်ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ဒီနေ့ကတော့ ပန်ခမ်းကျေးရွာမှာ တရုတ်-မြန်မာနယ်စပ် ခြံစည်းရိုး မြန်မာပြည်ထဲမှာ ဝင်လာတာ။ နယ်နိမိတ်ကျူးကျော်တာ။ ကျွန်တော်တို့ရွာက အကုန်လုံး ပြန်လာဖျက်တယ်။ ရွာသူရွာသားတွေ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မူဆယ်မြို့ နဲ့ နမ့်ခမ်း…