စစ်ကိုင်းတိုင်းတွင် NUG ပညာရေးကျောင်း ဖွင့်ချင်သော်လည်း အခက်ခဲဖြစ်နေ

စစ်ကိုင်းတိုင်း မြို့နယ်အများစုတွင် NUG အခြေခံပညာရေးကျောင်းများ ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်နေသော်လည်း နယ်မြေစိုးမိုးမှု မရှိသည့်အတွက် အခက်အခဲဖြစ်နေကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ မြို့နယ် ၃၄ မြို့နယ်အနက် ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်နှင့် မြောင်မြို့နယ် မှ လွဲ၍ ကျန်မြို့နယ်များတွင် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှု၊ နေအိမ်မီးရှို့မှုနှင့် အရပ်သားပြည်သူများကို သတ်ဖြတ်မှုတို့ကြောင့် ထွက်ပြေးနေရသဖြင့် စာသင်ကြားနိုင်ရေး အခက်အခဲရှိနေကြောင်း ခင်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ “NUG