နာဂဒေသ
-
Jan- 2026 -9 Januaryသတင်း
နယ်မြေကျူးကျော်ဝင်ရောက်မှုကြောင့် နာဂလက်နက်ကိုင်အချင်းချင်းကြားတိုက်ပွဲဖြစ်
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-Kယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့ ပန်ဆောင်မြို့နယ်ထဲကို NSCN-K အန်းမိုင်းအဖွဲ့ ပန်ဆောင်မြို့ပေါ်အထိဝင်ရောက်လာတာကြောင့်ဒီနေ့မနက်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ NSCN-K အန်းမိုင်းအဖွဲ့ဟာ နာဂဒေသမှာ မူလရှိနေတဲ့ NSCN-K(ခပ္ပလန်)အဖွဲ့ကနေခွဲထွက်ထားတဲ့အဖွဲ့ဖြစ်ပြီး လက်ရှိစစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့အဖွဲ့ဖြစ်တာကြောင့် NSCN-K ယုန်းအောင်အဖွဲ့နယ်မြေထဲမဝင်လာကြဖို့အကြိမ်ကြိမ်သတိပေးတားမြစ်ထားတဲ့ကြားကနေ ပန်ဆောင်မြို့ပေါ်အထိဝင်ရောက်လာတာကြောင့်ဒီကနေ့မနက်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာလို့ NSCN-K ယုန်းအောင်အဖွဲ့နဲ့နီးစပ်တဲ့ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ယုန်းအောင်အဖွဲ့ကသတိပေးတယ် အန်းမိုင်းအဖွဲ့မင်းတို့ ဒုံဟီးအထိပဲလှုပ်ရှား ဒုံဟီးကိုမကျော်လာတဲ့ဆိုပြီးသတိပေးထားတယ်။ အဲ့ကြားကနေ နန်းယွန်းမြို့အထိရောက်လာတယ် အဲ့မှာတစ်ခါထပ်သတိပေးတယ် နန်းယွန်းက ယုန်းအောင်အဖွဲ့စိုးမိုးနယ်မြေဖြစ်တယ်။ ပြန်ခေါက်ပါဆိုပြီး သတိပေးတာကိုဂရုမစိုက်ဘူး ပန်ဆောင်မြို့ပေါ်အထိဝင်လာတယ်လေး သူတို့ပန်ဆောင်ရောက်တာနဲ့ချက်ချင်းတော့မတိုက်ဘူးပြန်ခေါက်ဖို့ အချိန်ပေးသေးတယ် သတိပေးတယ် မပြန်တဲ့အပြင်ရွာတွေဘက်ထိဝင်လာတော့ ယုန်းအောင်အဖွဲ့က ဝင်တိုက်တာ”လို့ပြောပါတယ်။ ပန်ဆောင်မြို့နဲ့ ၃ မိုင်ခန့်ဝေးတဲ့ ခမ္မတိုင်ရွာထဲက NSCN-K အန်းမိုင်းအဖွဲ့တပ်စွဲထားတဲ့တည်နေရာကို ဒီကနေ့မနက် ၄ နာရီခွဲအချိန်မှာ NSCN-K ယုန်းအောင်အဖွဲ့ကစတင်တိုက်ခိုက်ခဲ့တာကြောင့်နှစ်ဖက် တိုက်ပွဲတစ်နာရီကျော်ကြာမြင့်ခဲ့ပြီး အန်းမိုင်းအဖွဲ့ ဘက်က ၂ဦးသေဆုံးတဲ့အပြင် နောက်ထပ်သုံးဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်းသိရပ်တယ်။ စစ်ကောင်စီတပ်နဲ့ငြိမ်းချမ်းရေးယူထားတဲ့ NSCN-Kအန်းမိုင်းအဖွဲ့ဟာ လဟယ်မြို့မှာအခြေစိုက်ပြီး လေရှီး၊လဟယ်ဘက်မှာအဓိကစိုးမိုးထားတာဖြစ်ပါတယ်။ တဖက်က စစ်ကောင်စီနဲ့ငြိမ်းချမ်းရေးမယူထားတဲ့ NSCN-K ယုန်းအောင်အဖွဲ့ကတော့ နာဂဒေသမှာနဂိုကတည်းကရှိနေတဲ့လက်နက်ကိုင်အဖွဲ့ဖြစ်တာကြောင့် နန်းယွန်း၊ဒုံဟီး၊ပန်ဆောင်ဒေသတွေမှာအဓိကစိုးမိုးထားတဲ့အပြင် လေရှီး၊လဟယ် ဘက်မှာလည်းစိုးမိုးထားကြောင်းသိရပါတယ်။ သို့ပေမယ့် NSCN-K ယုန်းအောင်အဖွဲ့က သူ့ရဲ့အဓိကစိုးမိုးနယ်မြေဖြစ်တဲ့ ဒုံဟီးကနေစပြီးနန်းယွန်း၊ပန်ဆောင်ဘက်ကိုလုံးဝ မကျူးကျော်လာဖို့အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် NSCN-K အန်းမိုင်းအဖွဲ့ ဟာ အင်အား ၄၀ ဝန်းကျင်နဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၀ ကျော်မှာဒုံဟီး၊နန်းယွန်းမြို့တွေကိုကျော်လာပြီးဇန်နဝါရီ ၁ ရက်နေ့မှာ ပန်ဆောင်မြို့ပေါ်အထိရောက်လာခဲ့ပြီးနောက် ၉ရက်အကြာမှာ အခုလိုနှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ အထက်ဖော်ပြပါအမျိုးသားကဆက်ပြောပါတယ်။ “သူတို့ရောက်ရောက်ချင်းတော့ပန်ဆောင်မြို့ပေါ်မှာနေတယ်တဲ့ဒါပေမယ့်ပန်ဆောင်မြို့ပေါ်မှာလည်း စကစရဲ့မြို့စောင့်တပ်ကရှိနေတယ် နှစ်ဖွဲ့ကနေလို့မရဘူး ဘေးမှာရှောင်ပြီးနေဖို့ပြောလိုက်တော့မြို့နဲ့မဝေးတဲ့ ခမ္မတိုင်ရွာမှာသွားနေကြတာ အဲ့ချိန်ဒီဘက် ယုန်းအောင်အဖွဲ့က ဝင်တိုက်က နောက်ဘယ်လိုဆက်ဖြစ်မလဲ ပြန်သွားမလားဆက်နေမလားတော့မသိသေးဘူး”လို့သူကပြောပါတယ်။ စစ်ကောင်စီနဲ့ငြိမ်းချမ်းရေးယူထားတဲ့NSCN-K အန်းမိုင်းအဖွဲ့ပန်ဆောင်ဒေသထဲဝင်ရောက်လာမှုကို ယုန်းအောင်အဖွဲ့က အလိုမရှိသလို ဒေသခံအများစုကလည်းကန့်ကွက်နေကြောင်းသိရပါတယ်။ “သူတို့ဝင်လာတာဘယ်သူမှမကြိုက်ကြဘူး ပြည်သူတွေကလည်းမလိုလားယုန်းအောင်အဖွဲ့ကလည်း တားမြစ်ထားတော့သူတို့ပြန်ဖို့အရပ်ဖက်လူကြီးတွေက ညှိနှိုင်းပေးသေးတယ်မရဘူးဆက်နေတော့အခုလိုဖြစ်ကြတာပဲ”လို့နောက်ထပ်နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။ ဒေသခံတွေသုံးသပ်ချက်အရ လက်ရှိပန်ဆောင်မြို့ပေါ်ရောက်နေတဲ့ NSCN-K အန်းမိုင်းအဖွဲ့ဟာ ပန်ဆောင်ဒေသဘက်မှာ တပ်ထိုင်ထို့ ကနဦးစေလွတ်ခံရတဲ့အဖွဲ့လို့သိရပါတယ်။ လက်ရှိ NSCN-AM အဖွဲ့ ဝင်ရောက်နေရာယူဖို့ကြိုးပမ်းနေတဲ့ ပန်ဆောင်မြို့ဟာ ကမ္ဘာကျော်လီဒိုလမ်းမကြီးဖြစ်တဲ့ တရုတ်–မြန်မာ–အိန္ဒိယ သုံးနိုင်ငံကုန်သွယ်ရေးလမ်းမကြီးရဲ့အဓိက ထွက်ပေါက်မှာရှိနေတဲ့ နယ်စပ်မြို့ဖြစ်ပါတယ်။ တရုတ်–ကချင်နယ်စပ် ကန်ပိုက်တည်မြို့မှ မြစ်ကြီးနား–ပန်ဆောင်ကြားကို လမ်းပိုင်းအဆင့်မြင့်တင်ဖို့ ၂၀၂၅ ခုနှစ် သြဂုတ် ၃၁ ရက်နေ့မှာ တရုတ်အစိုးရနဲ့ စစ်ကောင်စီကြား လက်မှတ်ရေးထိုးခဲ့တာကြောင့် NSCN-K အန်းမိုင်းအဖွဲ့ပန်ဆောင်ဒေသမှာအခြေချဖို့ကြိုပမ်းနေတာဟာ ဒီအခြေအနေတွေနဲ့ဆက်စပ်နိုင်ကြောင်းဒေသခံတွေကသုံးသပ်နေကြပါတယ်။ NSCN-K တည်ထောင်သူ ဗိုလ်ချုပ်ခပ္ပလန် ကွယ်လွန်ပြီးနောက် NSCN-K အဖွဲ့ကို ဗိုလ်ချုပ်ယုန်းအောင် ဦးစီးခဲ့ရာ ၂၀၂၃ နှစ်ဆန်းပိုင်းမှာတော့ ဒုဗိုလ်ချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်အန်းမိုင်းက NSCN-K ကနေခွဲထွက်ပြီး NSCN-K (AM) အဖွဲ့သစ်ကို ထူထောင်လိုက်တာ ဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
Nov- 2025 -18 Novemberသတင်း
နာဂဒေသမှာ နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုးခတ်ဖို့ အိန္ဒိယဘက်ကလုပ်ဆောင်လာ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်၊ပန်ဆောင်မြို့နယ်ခွဲထဲမှာ အိန္ဒိယအစိုးရဘက်က နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးခတ်ဖို့ စတင်လုပ်ဆောင်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ အိန္ဒိယအစိုးရဘက်က နိုဝင်ဘာ ၁၀ ရက်နေ့နောက်ပိုင်းကနေစပြီး အိန္ဒိယ–မြန်မာနယ်စပ် ပန်ဆောင်မြို့နယ်ခွဲထဲကနယ်စပ်ကျောက်တိုင်အမှတ် ၁၇၂နဲ့ ၁၇၃ မှာ ခြံစည်းရိုးခတ်ဖို့ စက်ယန္တရားကြီးတွေနဲ့စတင်လုပ်ဆောင်နေတာဖြစ်ကြောင်း…
Read More » -
Sep- 2025 -4 Septemberသတင်း
နာဂလူငယ်တွေကိုပစ်မှတ်ထား ဖမ်းဆီးနေတဲ့အပေါ် ရှုတ်ချကြောင်း NSO ထုတ်ပြန်
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာ စစ်ကောင်စီတပ် ခရီးသွားလာတဲ့ နာဂလူငယ်တွေကို ပစ်မှတ်ထားပြီး စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးနေတဲ့အပေါ် ရှုတ်ချကြောင်း NSO ကထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်ဟာ နာဂဒေသထဲက ခန္တီး – လဟယ်လမ်းပိုင်းနဲ့ လေရှီး–ဆင်သေ၊ ထမံသီလမ်းပိုင်းမှာ နာဂလူငယ်တွေနဲ့အသက်မပြည့်သေးတဲ့ လူငယ်တွေကို…
Read More » -
Mar- 2025 -13 Marchသတင်း
နန်းယွန်းပြည်သူ့ဆေးရုံကြီးမှာ ဆရာဝန်မရှိလို့ ဒေသခံတွေ အိန္ဒိယထိသွားပြီးဆေးကုသနေရ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆရာဝန်မရှိတဲ့အတွက် ဒေသခံတွေ အိန္ဒိယနိုင်ငံထဲအထိသွားပြီး ဆေးကုသမှုခံယူနေရတယ်လို့ နန်းယွန်းမြို့နေထိုင်သူတွေဆီကနေ သိရပါတယ်။ နန်းယွန်းမြို့နယ်ပြည်သူ့ဆေးရုံကြီးမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာဝန်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင် အပြောင်းကျသွားပြီးနောက် ဒီကနေ့အထိ အစားထိုးဆရာဝန်မချပေးသေးဘူးလို့ ဒေသခံတွေပြောပါတယ်။ ဒါကြောင့် နန်းယွန်းမြို့နယ်ထဲက ကျန်းမာရေးအခြေအနေဆိုးဝါးတဲ့ လူနာတွေအားလုံး အိန္ဒိယနိုင်ငံ အာရန်နာချယ် (Arunachal Pradesh) ပြည်နယ်အထိသွားပြီး ဆေးကုသမှုခံယူနေရတယ်လို့ နန်းယွန်းမြို့ခံ အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ဆရာဝန်မရှိတာကြာပြီ ခြောက်လလောက်ရှိပြီ အခုထိမချပေးသေးဘူး လောလောဆယ် Nurse တွေနဲ့ပဲကုနေရတယ်။ ဆရာဝန်နဲ့ကုမယ့် လူနာတွေနာတာရှည်ရောဂါသည်တွေကတော့ဒီမှာမနိုင်လို့ အိန္ဒိယအထိသွားကုရတယ်”လို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ အခုလိုဆရာဝန်မရှိလို့ အိန္ဒိယနိုင်ငံအထိသွားပြီးဆေးကုသမှုခံယူနေရတဲ့ နန်းယွန်းမြို့နယ်ထဲက ဒေသခံတွေဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုနဲ့ အိန္ဒိယနိုင်ငံဘက်က လူဦးရေအဝင်ထွက် ကန့်သတ်မှုတွေကြောင့် ယခင်လိုလွယ်လွယ်ကူကူဝင်လို့မရတော့ပဲ အခက်အခဲတွေကြုံတွေ့ နေရတယ်လို့ နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦး ပြောပါတယ်။ “မလွယ်ဘူးသွားရလာရ ဒီကနေ အိန္ဒိယကဆေးရုံမှာအထိဆိုရင်လမ်းမှာတစ်ပတ်လောက်ကြာတယ် ဝေးတာကတစ်ကြောင်းလမ်းပမ်းဆက်သွယ်ရေးခက်တာကတစ်ကြောင်းထမ်းရပိုးရတဲ့လူနာဆိုရင် တစ်ပတ်တောင်မကဘူးသွားရတယ်။ နယ်စပ်ဂိတ်တွေလည်းအရင်လို လွယ်လွယ်နဲ့ဝင်မရေတော့ပိုခက်တယ်”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက် နိုင်ငံရေးမတည်မငြိမ်ဖြစ်လာတဲ့နောက်ပိုင်း အိန္ဒိယဘက်ကတချို့နယ်စပ်ဂိတ်တွေပိတ်တာ၊လူဦးရေဝင်ရောက်ခွင့်ကန့်သတ်တာတွေနဲ့ယခင်ထက် ပိုတင်းကြပ်လာတာတွေကြောင့် ဆေးသွားကုတဲ့…
Read More » -
Nov- 2024 -23 Novemberသတင်း
NSCN-K အန်းမိုင်းအဖွဲ့ နာဂဒေသမှာ ဂိတ်ထိုင်ပြီးအခွန်ကောက်ခံမှုစတင်လုပ်ဆောင်လာ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့ လဟယ်မြို့နဲ့နန်းယွန်းမြို့မှာ NSCN-K အန်းမိုင်းအဖွဲ့က ဂိတ်ထိုင်ပြီး အခွန်ကောက်ခံတာတွေစတင်လုပ်ဆောင်လာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နာဂလက်ကိုင်အဖွဲ့ NSCN-K ရဲ့သမိုင်းတစ်လျှောက် ဆယ်စုနှစ်များစွာအတွင်း ဂိတ်ထိုင်ပြီး အခွန်ကောက်ခံတာမျိုးမရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ဩဂုတ်လစပြီး လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ် လမ်းပိုင်းဂိတ်ထိုင်ပြီး အခွန်ကောက်ခံတာတွေ စတင်လာတယ်လို့ နန်းယွန်းမြို့ခံ အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “လောလောဆယ်သိရလောက် ဂိတ်နှစ်ခုတော့ထိုင်လာပြီ တစ်ခုက လဟယ်နဲ့ အိန္ဒိယနယ်စပ်လမ်းမှာတစ်ခု လဟယ်မြို့နားမှာပဲ။ ပြီးတော့နောက်တစ်ခုက လဟယ်မြို့နဲ့နန်းယွန်းမြို့လမ်း မကျန်းရွာမှာ ဂိတ်အဲ့နှစ်ခုပဲ အခွန်ကတော့ ဆီဆိုဆီ၊ပိုက်ဆံဆိုပိုက်ဆံ အဲ့လိုတောင်းတာ”လို့ အသက် ၃၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ လတ်တလောထိုင်ထားတဲ့ ဂိတ်နှစ်ခုဟာ လဟယ်–နန်းယွန်းကုန်သွယ်ရေးလမ်းနဲ့ ဟလယ်–အိန္ဒိယနယ်စပ်ကုန်သွယ်ရေးလမ်းမှာဖြစ်ပြီး ဓာတ်ဆီပုံးဝါတစ်ပုံးကို အခွန်အဖြစ် တစ်လီတာနှုန်း၊ ကုန်တင်တဲ့ဆိုင်ကယ်တစ်စီးကို ကျပ် ၃၀၀၀၀ (သုံးသောင်း) နှုန်း ကုန်ကားအသေးကိုကျပ် ၅၀၀၀၀ (ငါးသောင်း) ကနေ ၁၀၀၀၀၀ (တစ်သိန်း) အထိကောက်ခံတာမျိုးရှိတယ်လို့သိရပါတယ်။ “ဒီဘက်မှာကအဓိက ဆိုင်ကယ် ကယ်ရီနဲ့ပဲတင်ကြတယ် ဆိုင်ကယ်တစ်စီးဆိုကုန်ပေါ်မူတည်တယ် နှစ်သောင်းသုံးသောင်းအထိပေးရတယ်”လို့နောက်ထပ် လဟယ်ဒေသခံအမျိုးသားတစ်ဦးလည်း ပြောပါတယ်။ စစ်ဆေးရေးဂိတ်တွေမှာ အခုလိုအခွန်တွေကောက်ခံလာနေသလို ခရီးသည်တွေကိုလည်းတင်းတင်းကြပ်ကြပ်စစ်ဆေးမေးမြန်းတာမျိုးလုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။ လတ်တလောဂိတ်ထိုင်ပြီးအခွန် ကောက်နေတဲ့ NSCN-K အန်းမိုင်းအဖွဲ့ဟာ နဂိုရှိနေတဲ့ NSCN-K ယုန်းအောင်အဖွဲ့ကနေခွဲထွက်သွားတဲ့အဖွဲ့ ဖြစ်ပြီး လက်ရှိစစ်ကောင်စီနဲ့အပစ်ရပ်သဘောတူထားသလို စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာတွေလည်းရှိတယ်လို့သိရပါတယ်။ “အခုအဖွဲ့က အန်းမိုင်းအဖွဲ့ပါ စကစနဲ့အပစ်ရပ်ထားတော့အခုလိုဂိတ်တွေဘာတွေထိုင်လို့ရလာနေတာ နဂိုယုန်းအောင်အဖွဲ့ကတော့ဒါမျိုးမရှိဘူး ဂိတ်ထိုင်ဘာထိုင်မလုပ်သေးဘူး”လို့ နန်းယွန်းမြို့ခံ အမျိုးသားတစ်ဦးကပြောပါတယ်။ နာဂဒေသမှာရပ်တည်နေတဲ့ NSCN-K ယုန်းအောင်အဖွဲ့အနေနဲ့ အခုလိုမျိုးဂိတ်ထိုင်ပြီးအခွန်ကောက်ခံတာမျိုးမရှိပေမယ့် တစ်နှစ်ကို နှစ်ကြိမ်ကနေ သုံးကြိမ်အထိ အိမ်ထောင်စုတစုကိုအခွန်ကျပ် ၂၀၀၀၀ (နှစ်သောင်း) ကောက်ခံတာ၊ အိမ်ထောင်စု တစ်စုကို တပ်သားတစ်ဦးတောင်းခံတာတွေတော့ရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။ NSCN-K ဟာ စစ်အာဏာမသိမ်းမှီကတော့ ဗိုလ်ချုပ်ယုန်းအောင်ဦးဆောင်မှုနဲ့ NSCN-K ယန်းအောင်အဖွဲ့တစ်ခုတည်းသာရှိခဲ့ပြီး ၂၀၂၃ နှစ်ဆန်းပိုင်းကနေတော့NSCN-Kရဲ့ ဒုဗိုလ်ချုပ်အန်းမိုင်းဟာ ဗိုလ်ချုပ် ယုန်းအောင်ကိုဆန့်ကျင်ပြီး NSCN-K အန်းမိုင်းဆိုပြီးခွဲထွက်သွားရာကနေလက်ရှိ NSCN-K နှစ်ဖွဲ့ကွဲနေတာဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
Oct- 2024 -25 Octoberသတင်း
နန်းယွန်းမြို့အဝင်တံတား ပြန်မဆောက်နိုင် သေးတဲ့အတွက် ဒေသခံများ သွားလာရေး ခက်ခဲ
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့အဝင်တံတား ပြန်မဆောက်ပေးသေးတာကြောင့် ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေ ခက်ခက်ခဲခဲ သွားလာနေရဆဲလို့ သိရပါတယ်။ ၂၀၂၄ ခုနှစ် မေလမှာ နန်းယွန်းမြို့မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ရေစီးနဲ့မျှောပါပျက်စီးသွားတဲ့ နန်းယွန်းမြို့အဝင်တံတားဟာ ၆ လကျော်ကြာလာတဲ့အထိ တံတားသစ်ပြန်တည်ဆောက်ပေးခြင်းမရှိသေးဘူးလို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦး…
Read More » -
Jul- 2024 -15 Julyသတင်း
နန်းယွန်းမြို့အဝင်တံတား ရေထဲမျောသွားတာ ကြောင့် မြိို့ခံတွေနဲ့ခရီးသွားတွေအခက်အခဲဖြစ်နေ
စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသက နန်းယွန်းမြိို့အဝင်တံတားကျိုးကျပြီး ရေထဲမျောပါသွားတာကြောင့် မြိို့ခံနဲ့ခရီးသွားတွေ လမ်းသွားလမ်းလာအခက်အခဲ ဖြစ်နေတယ်လို့သိရပါတယ်။ နန်းယွန်း–ရှင်ဗွေယန်ကားလမ်းပိုင်း လီဒိုကားလမ်းမကြီးပေါ်မှာရှိတဲ့ နန်းယွန်းမြို့အဝင်တံတားဒေသအခေါ်(နန်းယွန်းမြို့ဟောင်းတံတား)ဟာ ပြီးခဲ့တဲ့ဇွန်လကုန်ပိုင်းက မိုးရွာသွန်းပြီးရေကြီးရေလျှံမှုကြောင့် ရေထဲမျောပါသွားတာဖြစ်တယ်လို့ အသက် ၃၀ အရွယ်နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “မြိို့အဝင်တံတားမရှိတော့ သွားသွားလာလာဒေသခံတွေကောခရီးသွားတဲ့သူတွေကောအခက်အခဲတော့ ဖြစ်တာပေါ့…
Read More » -
Jan- 2024 -17 Januaryသတင်း
နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို စစ်တပ်က လုံခြုံရေး ၂ ဆ တိုးမြင့်ပြီး ကျင်းပသွားခဲ့
စစ်ကိုင်းတိုင်း နာဂဒေသ လေရှီးမြို့မှာ ကျင်းပပြုလုပ်သွားတဲ့ ၃၄ ကြိမ်မြောက် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို စစ်ကောင်စီတပ်တွေဟာ လုံခြုံရေး ၂ ဆတိုးမြင့်ပြီး ကျင်းပသွားတယ်လို့ လေရှီးဒေသခံတွေဆီကနေ သိရပါတယ်။ ဇန်နဝါရီလ ၁၄ ရက်နေ့ကနေ ၁၆ ရက်အထိ လေရှီးမြို့မှာ နိုင်ငံတော်အဆင့် ပြုလုပ်ကျင်းပသွားတဲ့ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို စစ်ကောင်စီတပ်က အရင်နှစ်တွေထက်မတူဘဲ လူအင်အားဖြည့်ကာ လုံခြုံရေး ၂ ဆ တိုးမြင့်ကျင်းပသွားတယ်လို့ လေရှီးဒေသခံတစ်ဦးက ပြောပါတယ်။ “အရင်နှစ်ကထက်တော့ မစည်တော့ဘူးပေါ့ လုံခြုံရေးကတော့ အရမ်းတင်းကျပ်တယ် ပွဲထဲကို စစ်ဆေးပြီးတော့မှ ဝင်ခိုင်းတယ်” လို့ ဆိုပါတယ်။ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ပြုလုပ်ကျင်းပခဲ့တဲ့ ပွဲတော်မှာလုံခြုံရေးအတွက်လို့ဆိုကာ ပွဲကျင်းပတဲ့ကွင်းထဲကိုဝင်မယ့်သူတွေကို လက်ကိုင်အိတ်၊ဘေးလွယ်အိတ်နဲ့ပါလာသမျှအိတ်တွေကို အသေးစိတ်စိတ်ဆေးတဲ့အပြင် လည်စွဲနဲ့ စတီကာလေးတွေကပ်ထားတဲ့သူတွေဝင်ခွင့်ပြုခဲ့ပြီး စစ်တပ်နဲ့ဒေသခံပြည်သူများအားလုံးဝိုင်းဝန်းတင်းကျပ်ပြီး ကျင်းပခဲ့ရကြောင်း ဒေသခံနောက်တစ်ဦးက ခုလိုပြောပါတယ်။ “လုံခြုံရေးတော့အဆင်ပြေပါတယ် ဒေသခံတွေကလည်း အတက် နိုင်ဆုံး ကိုယ့်ရိုးရာပွဲဆိုတော့ အောင်လံနိမိတ်ကောင်းကောင်းလေး ဘယ်လိုဘဲအခြေအနေရှိရှိ ကိုယ့်ရဲ့ပွဲ တော် က ငြိမ်ငြိမ်ချမ်းချမ်းနဲ့ တစ်နှစ်မှာတစ်ကြိမ် ပြုလုပ်တဲ့အခါမှ ကောင်းကောင်းမွန်မွန်ကျွန်တော်တို့လည်း ကိုယ့်ကို ဝန်ရံပြီးတော့မှ ပြီးမြောက်အောင် ဆောင် ရွက်ခဲ့တာပေါ့။ ဒီမှာက မဝင်ခိုင်းတာတို့တော့မရှိဘူး သူတို့ လုံခြုံရေးလည်ဆွဲတွေလုပ်ပေးတယ်၊စတီကာလေး တွေ လုပ်ပေးတယ်သူစည်းကမ်းနဲ့သူတော့ ထိန်းသိမ်းတယ် အရင်တုန်း ကလိုတော့ မစည်ဘူး ပွဲတာပျော်ကြတာလူတွေကလည်း လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရေး ရှုပ်ထွေးမှုအ ခြေအနေပေါ်မှာအားလုံး ကိုယ်စီကိုယ်စီ သတိထားပြီးမှလွတ်လွတ်လပ်လပ်တော့ ပျော်လို့တော့ အဆင်မပြေဘူးပေါ့”ဟုဆိုသည်။ နာဂရိုးရာ ပွဲတော်ကို စစ်ခေါင်စီတပ် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဒေါ်သက်သက်ခိုင်တို့ အပါအဝင် စစ်ကိုင်းကိုင်း ဝန်ကြီးချုပ်ဦးမြတ်ကျော် စုစုပေါင်း ၆ ဦး တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ ပွဲတော်ကျင်းပရေးနဲ့ပတ်သတ်ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ နာဂပြည်သူ့ကာကွယ်ရေးတပ်မတော် NPDF မှာ စစ်ကောင်စီခေါင်းဆောင်များ ခေါ်ယူကျင်းပခြင်းမပြုလုပ်ရန်နှင့် ပြုလုပ်ပါက ပွဲလုံခြုံရေးအား တာဝန်ယူမည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွေလည်း ရှိခဲ့ပါတယ်။ တစ်နှစ်တစ်ခါကျင်းပတဲ့ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို နာဂဒေသရှိ ခန္တီးမြို့၊လဟယ်မြို့၊နန်းယွန်းမြို့နှင့် လေရှီးမြို့တွေမှာ နှစ်တိုင်းအ လှည့်ကျကျင်းပလေ့ရှိပါတယ်။ By – ဇမီ
Read More » -
10 Januaryသတင်း
နာဂဒေသ အခြေခံစားသောက်ကုန်ဈေးအဆမတန်မြင့်တက်
စစ်ကိုင်းတိုင်း နာဂဒေသမှာရှိတဲ့ မြို့နယ်တွေမှာ အခြေခံစားသောက်ကုန်များဈေးမြင့်တက်နေပြီးအသားငါး ပြတ်လပ်တာတွေထိရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မုံရွာ–ဟုမ္မလင်း ချင်းတွင်းမြစ်ရေကြောင်းလမ်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက စစ်တပ်က သွားလာခွင့်ပိတ်ထားတာကြောင့် ကုန်ဈေးနှုန်းမြင့်တက်လာတာဖြစ်တယ်လို့ ခန္တီးဒေသခံတစ်ဦးကပြောပါတယ်။ “အသားငါးက တစ်ပိဿာ ၄သောင်းကျော်နေတယ်။ ကြက်က CP…
Read More » -
Dec- 2023 -7 Decemberသတင်း
နာဂဒေသမှာ အထက်တန်းကျောင်းသူအဖွဲ့လိုက် ပျောက်ဆုံးနေ
စစ်ကိုင်းတိုင်း နာဂဒေသ လေရှီးမြို့ ဆပ်ပြာကျေးရွာက Grade-9 အထက်တန်းကျောင်းသူ ၆ ဦးအဖွဲ့လိုက်ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီကျောင်းသူ ၆ ဦးဟာ မိဘအသိဆွေမျိုးတွေကို အသိပေးပြောဆိုထားတာမရှိဘဲ ဒီဇင်ဘာလ ၄ ရက်နေ့ ညပိုင်း အိမ်ကနေအဖွဲ့လိုက်ထွက်သွားတာဖြစ်တယ်လို့ ပျောက်ဆုံးနေတဲ့ကျောင်းသူတစ်ဦးရဲ့ မိသားစုဝင်တွေက KNG ကိုခုလိုပြောပါတယ်။ “ဟုတ်တယ်ပျောက်နေတာ G-9 ရှိသေးတာ အတန်းက…
Read More »









