သတင်း

နန်းယွန်းမြို့အဝင်တံတား ရေထဲမျောသွားတာ ကြောင့် မြိို့ခံတွေနဲ့ခရီးသွားတွေအခက်အခဲဖြစ်နေ

စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသက နန်းယွန်းမြိို့အဝင်တံတားကျိုးကျပြီး ရေထဲ‌မျောပါသွားတာကြောင့် မြိို့ခံနဲ့ခရီးသွားတွေ လမ်းသွားလမ်းလာအခက်အခဲ ဖြစ်နေတယ်လို့သိရပါတယ်။

နန်းယွန်းရှင်ဗွေယန်ကားလမ်းပိုင်း လီဒိုကားလမ်းမကြီးပေါ်မှာရှိတဲ့ နန်းယွန်းမြို့အဝင်တံတားဒေသအခေါ်(နန်းယွန်းမြို့ဟောင်းတံတား)ဟာ ပြီးခဲ့တဲ့ဇွန်လကုန်ပိုင်းက မိုးရွာသွန်းပြီးရေကြီးရေလျှံမှုကြောင့် ရေထဲမျောပါသွားတာဖြစ်တယ်လို့ အသက် ၃၀ အရွယ်နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

မြိို့အဝင်တံတားမရှိတော့ သွားသွားလာလာဒေသခံတွေကောခရီးသွားတဲ့သူတွေကောအခက်အခဲတော့ ဖြစ်တာပေါ့ အခုကဘယ်လိုလုပ်နေလဲဆိုတော့ မြို့အဝင်အထွက်လုပ်တဲ့လူနဲ့ဆိုင်ကယ်တွေကိုတော့စက်လှေနဲ့ ကဲ့ပေးတယ် လူတစ်ယောက် ၅၀၀၀ ဆိုင်ကယ်တစ်စီး ၁၀၀၀၀ ကားတော့မရဘူးလို့သူကပြောပါတယ်။

အဲဒီတံတားဟာ တိုင်းယောင်းချောင်းကူးတံတားဖြစ်ပြီး နန်းယွန်းမြိို့နယ် ၊ပန်းဆောင်မြို့နယ်တွေအတွက် တနိုင်း၊ရှင်ဗွေယန်ဘက်ကနေ ဝင်မယ့်ကုန်စည်တွေနဲ့ ခရီးသည်တွေအသုံးပြုရတဲ့တစ်ခုတည်းသောတံတားဖြစ်လို့ ပြည်သူတွေအတွက် ပိုမိုခက်နေတာလို့သိရပါတယ်။

တံတားပါသွားတာ  တစ်လနီးပါးရှိလာတော့မယ်။ ရေကလည်းမကျသေးဘူးရေကြီးနေတုန်းဆိုတော့တံတားလည်းပြန်ဆောက်လို့်မရသေးဘူး အခုက တနိုင်းဘက်ကလာတဲ့ကုန်ပစ္စည်းတွေကို စက်လှေနဲ့ကဲ့ပြီးနန်းယွန်းမြိို့ထဲက ကားတွေနဲ့သီးသန့်ပြန်လာ ကြိုရတာလို့ အထက်မှာ ဖော်ပြခဲ့တဲ့အမျိုးသားကပြောပါတယ်။

အခုလို လမ်းပမ်းဆက်သွယ်ရေးတွေခက်ခဲနေတာကြောင့် လက်ရှိနန်းယွန်းမြိို့မှာ အရင်ကဆန်တအိတ် ကျပ် ၉သောင်း ၊ကျပ် တစ်သိိိန်းကနေ လက်ရှိ ကျပ် ၁၆၀၀၀၀၊ ဓာတ်ဆီတစ်ဂါလံကျပ် တစ်သောင်းကျော်ကနေ လက်ရှိတစ်ဂါလံကျပ် သုံးသောင်းအထိတက်နေပြီးအလားတူအခြားအခြေခံစားသောက်ကုန်စျေးနှုန်းတွေလည်းမြင့်နေနေတယ်လို့သိရပါတယ်။

နန်းယွန်းမြို့နယ်မှာ ဇွန်လကုန်ပိုင်းက ဖြစ်ပွားခဲ့တဲ့ရေကြီးရေလျှံမှုတွေကြောင့် လမ်းတံတားတွေ ပျက်စီးခဲ့တဲ့အပြင် ဓာတ်တိုင်တွေလည်းအများအပြားပျက်စီးခဲ့တာကြောင့် တစ်လနီးပါးကြာ လျှပ်စစ်မီးပြတ်တောက်နေပြီး လျှပ်စစ်မီးပြန်ရဖို့ လနဲ့ချီကြာမြင့်နိုင်တယ်လို့သိရပါတယ်။

အလားတူ နန်းယွန်းမြို့ နယ်အထက်ပိုင်းမှာရှိတဲ့ ပန်ဆောင်မြိို့နယ်ထဲမှာလည်း ဒီလဆန်းပိုင်းက မိုးရွာသွန်းမှုကြောင့် နန်းယွန်းပန်ဆောင်ကားလမ်းပိုင်းမှာ မြေပြိုမှုတွေဖြစ်ပွားခဲ့ပြီး ဒီကနေ့အထိ လမ်းပိုင်းပြတ်တောက်နေကြောင့် ဆိုင်ကယ်တစ်ခုတည်းသာ ခက်ခက်ခဲခဲ သွားလာနေရတယ်လို့သိရပါတယ်။

နန်းယွန်းမြိို့နဲ့ပန်ဆောင်မြို့တွေဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းထဲက အခေါင်ဆုံးမြို့နယ်တွေ ဖြစ်ပြီး လီဒိုကားလမ်းမကြီးတစ်ခုတည်းနဲ့သာဆက်သွယ်ပေးထားတာ ဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button