သတင်း

နာဂဒေသ အခြေခံစားသောက်ကုန်ဈေးအဆမတန်မြင့်တက်

စစ်ကိုင်းတိုင်း နာဂဒေသမှာရှိတဲ့ မြို့နယ်‌တွေမှာ အခြေခံစားသောက်ကုန်များဈေးမြင့်တက်နေပြီးအသားငါး ပြတ်လပ်တာ‌တွေထိရှိနေ‌တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုံရွာဟုမ္မလင်း ချင်းတွင်းမြစ်ရေကြောင်းလမ်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက စစ်တပ်က သွားလာခွင့်ပိတ်ထားတာကြောင့် ကုန်ဈေးနှုန်းမြင့်တက်လာတာဖြစ်တယ်လို့ ခန္တီးဒေသခံတစ်ဦးကပြောပါတယ်။

အသားငါးက တစ်ပိဿာ ၄သောင်းကျော်နေတယ်။ ကြက်က CP ကြက်တွေက မရတော့ဘူး၊ဆန်က အိတ်နဲ့ရောင်းတာမရှိသလောက်ဘဲ။ အိမ်မှာတော့ ပြည်နဲ့ဘဲ ဝယ်စားကြတော့တယ်လို့ပြောပါတယ်။

အလားတူ လဟယ်မြို့မှာလည်း ဝက်သားတစ်ပ််ိဿာ ၄၀၀၀၀ ကျပ်၊ ကြက်သား တစ်ပိဿာ ၄၀၀၀၀ ကျပ်၊အမဲသားတစ်ပိဿာ ၃၀၀၀၀ ကျပ်၊ငါးတစ်ပိဿာ ၃၀၀၀၀ ကျပ်ထိ မြင့်တက်နေပြီး ဒေသခံတစ်ချို့ စားသောက်ရေး ခက်ခဲသူတွေရှိလာ‌နေတယ်လို့ လဟယ်ဒေသခံ အမျိုးသမီးတစ်ဦးက KNG ကို ခုလိုပြောပါတယ်။

ကုန်ဈေးတက်တော့ မဝယ်စားနိုင်တာရှိတယ်လေ အများစုပေါ့၊ ဈေးနှုန်းကတက် ဝင်ငွေက မရှိကြနဲ့ ခက်ခဲကြ တာပေါ့။ တချို့က ချေးငှါးစားကြတဲ့သူတွေလည်း ရှိမှာလေ အဆင်ပြေအောင် စားကြတာ။ အရင်က အသားငါး ပုံမှန်စားနေသူက ခုတော့ ကြက်ဥနဲ့ ဒါပေမယ့် ကြက်ဥကလည်း ဈေးပိုများနေရော၊အရာရာအဆင်မပြေနေတာတော့ အမှန်ဘဲ လို့ ပြောပါတယ်။

ဒါ့အပြင် နန်းယွန်းမြို့မှာတော့ ဆန်တစ်အိတ် ၁၆၀၀၀၀ ကျပ်၊စားသုံးဆီ တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ကြက်သွန်ဖြူ တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၁၀၀၀၀ ကျပ်၊ဝက်သား၊အမဲ တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ကြက်သား ၂၅၀၀၀ ကျပ်နဲ့ ငါးတစ်ပိဿာ ၁၅၀၀၀ ကျပ် တို့ထိ မြင့်တက်နေတယ်လို့ သိရပါတယ်။

နာဂဒေသမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ကျင်းပပြုလုပ်တဲ့ နာဂရိုးရာနှစ်သစ်ကူးပွဲတော်မှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်တက်ရောက်ခဲ့ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျပ် ၅ ဘီလီယံ ထောက်ပံ့ပေးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

By – CJ

Show More

Related Articles

Back to top button