နေရပ်စွန့်ခွာ

  • May- 2024 -
    29 May
    သတင်း

    ဝိုင်းမော်မှာ  ဒေသခံတွေ စွန့်ခွာထားတဲ့နေအိမ်တွေ ဖောက်ထွင်းခံနေရ

    ဝိုင်းမော်မြို့နယ်မှာ ဒေသခံတွေတိုက်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်နေရချိန် ပစ္စည်းရွှေ့ပြောင်းတဲ့ပုံစံအယောင်ပြပြီးတော့ ပစ္စည်းတွေခိုးယူခံနေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကနေ တိုက်ပွဲတွေပြင်းထန်လာလို့ ဝိုင်းမော်မြို့ပေါ်ကဒေသခံတွေအပါအဝင် ရွာပေါင်း ၂၀ လောက်က အရပ်သားတွေ ဘေးလွှတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ အခုလိုဒေသခံတွေအများစု တိုက်ပွဲကြောင့်ထွက်ပြေးနေကြရချိန် အခွင့်ကောင်းယူပြီး ပစ္စည်းတွေခိုးယူနေကြသူတွေရှိနေတယ်လို့ ဝိုင်းမော်မြို့ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။ “အများစုကတော့ ရွှေ့ပြောင်းကြတာပေါ့ အဲ့လိုဆိုတော့တစ်ချို့ကလည်း ပစ္စည်းတွေအားလုံးမသယ်သွားနိုင်တဲ့အခါမှာ သူခိုးတွေကလည်း ကိုယ်ပိုင်ကားကြီးတွေနဲ့မောင်းလာပြီးတော့ ပစ္စည်းသယ်ထုတ်သွားတာတွေ ပိုင်ရှင်လိုလို အဲ့လိုပစ္စည်းတွေကောက်တင်သွားကြတယ်”လို့ ပြောပါတယ်။ အခုလိုဖြစ်စဥ်တွေဟာ ဝိုင်းမော်မြို့နယ်ထဲက ရွာလုံးကျွတ်နီးပါးထွက်ပြေးနေရတဲ့ ခတ်ချိုကျေးရွာအပါအဝင်၊နောင်ဟီး၊စန်းကားကျေးရွာအပါအဝင် ရွာအများပိုင်းမှာ အဖြစ်များပြီး ဝိုင်းမော်မြို့ပေါ်မှာတော့ ပြီးခဲ့တဲ့ တနင်္လာနေ့က ဆိုင်ကယ်တစ်စီးလုယက်ခံရ တဲ့ဖြစ်စဥ်လည်းဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အခုလို နေအိမ်ပေါ်တင်ဖောက်ထွင်းခိုးယူခံရတာတွေကြောင့် ဘေးလွှတ်ရာကိုထွက်ပြေးသွားကြတဲ့ အိမ်ပိုင်ရှင်တစ်ချို့ဟာ အသက်အန္တရာယ်ရှိတဲ့ ဝိုင်းမော်မြို့နယ်ထဲပြန်ဝင်လာပြီး အိမ်စောင့်နေရတာမျိုးတွေပါရှိလာတယ်လို့ ဒေသခံတစ်ယောက်ကဆက်ပြောပါတယ်။ “အများကြီးပေါ့ဒုက္ခရောက်တာပေါ့ တိရစ္ဆာန်တွေကအစပေါ့ တစ်ချို့ကတော့ ပစ္စည်းတွေက သယ်ယူသွားဖို့တောင်မနိုင်ဘူးလေ အဲ့တော့ စစ်မြေပြင်ကြားထဲမှာ ပစ္စည်းဥစ္စာစောင့်နေရတာမျိုးလည်းရှိတယ်။ ထွက်ပြေးသွားတဲ့သူတစ်ချို့လည်း တိုက်ပွဲဖြစ်လာမှာကို မကြည့်ပဲ ပြန်လာပြီး ပစ္စည်းတွေစောင့်နေရတယ်” လို့ ပြောပါတယ်။ ဝိုင်းမော်မြို့နယ်ထဲက ရွှေညောင်ပင် ခမရ ၃၂၁ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူပေါင်း အဖွဲ့တွေက ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ကပဲအပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲကအတော် လေးပြင်းထန်ခဲ့တာပါ။ အဲ့ဒီလိုပြင်းထန်ခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကရမ်းသမ်းပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ခတ်ချို ကျေးရွာ၊ ကွက်သစ်ရပ်ကွက်က အရပ်သား ၈ ယောက်လက်နက်ကြီးထိမှန်သေဆုံးခဲ့ရသလို ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့က တိုက်ပွဲအကြားပိတ်မိခဲ့တဲ့ငှက်ပျောလုပ်သားတွေနဲ့ ရွှေမှော်လုပ်သားတွေလည်း စစ်ကောင်စီရဲ့ပစ်ခတ်မှု ကြောင့် ၁ ယောက်သေဆုံး အယောက် ၃၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။ By – အမိုး

    Read More »
  • Nov- 2023 -
    17 November
    သတင်း

    အင်းတော်မြို့ပေါ်က ဒေသခံပြည်သူအများပိုင်း နေရပ်စွန့်ခွာ

    စစ်ကိုင်းဒေသကြီး အင်းတော်မြို့ပေါ်က  မြို့ခံပြည်သူလူထုအများပိုင်း နေရပ်စွန့်ခွာထွက်ပြေးနေကြပြီလို့ အင်းတော်ဒေသခံတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာလ ၇ ရက်နေ့ကနေ အင်းတော်မြို့နဲ့ မိုင်ပေါင်း ၃၀ ကျော်လောက်ဝေးတဲ့ ထီးချိုင့်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ရခိုင့်တပ်တော်(AA) တပ်၊ ဒေသကာကွယ်ရေးတပ်တွေက မြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီးနောက် အလားတူ အင်းတော်မြို့ကိုတိုက်ခိုက်လာမှာကို စိုးရိမ်တာကြောင့် ကြိုတင်ပြီးတိမ်းရှောင်သွားကြတာလို့ ဒေသခံတွေကဆိုပါတယ်။ “ဒီကနေ့နဲ့ဆိုရင်တော့ ခြောက်ရက်ဆက်တိုက်ရှိပြီပေါ့ မြို့ကနေ ထွက်သွားတဲ့သူတွေနေ့တိုင်းကိုရှိတယ်။ ကားလမ်းတွေလည်းပိကြပ်လို့နေတာကားတွေ ဆိုင်ကယ်တွေနဲ့ မြို့ဆိုရင်တိတ်ဆိတ်လို့နေတာပါ့။ အခုမြို့ပေါ်လူဦးရေ…

    Read More »
Back to top button