မြန်မာ – တရုတ် နယ်စပ် နောင်ခမ်းဒေသခံများကို တရုတ်ဘက်က ခြိမ်းခြောက်စာ ပို့လာ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ နောင်ခမ်းကျေးရွာအနီး တရုတ်ဘက်က နယ်ကျွံစည်းရိုးခတ်မှုကို မြန်မာဒေသခံများ သွားရောက်ကန့်ကွက်ပြီးနောက် တရုတ်ဘက်ကလည်း မြန်မာဘက်ခြမ်းကို ခြိမ်းခြောက်စာပို့ထားသည်ဟု ဒေသခံများပြောသည်။ နယ်ခြားမိုင်တိုင် အမှတ် ၅၈ (ခေါ်) ကျောက်လူနှစ်ယောက်အမှတ်အသား တည်ရှိသောနေရာတွင် ရှမ်းဘာသာဖြင့် တရုတ်ဘက်က မြန်မာဘက်ကို ခြိမ်းခြောက်ရေးသားထားသောစာထဲတွင် နှစ်နိုင်ငံနယ်စပ် သဘောတူညီမှု မရသေးသရွှေ့ ဘာမှ စိုက်ပျိုးခြင်းမပြုရန်၊ စိုက်ပျိုးမှု ရှိပါက ခြံစည်းရိုး ချက်ချင်း ဝင်ခတ်မည်ဟု နောင်ခမ်းကျေးရွာသားများကို တရုတ်ဘက်က…