ပန်ဆိုင်း

  • Jan- 2024 -
    19 January
    သတင်း

    အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရတဲ့ ကချင်စေတနာ့ဝန်ထမ်း ဆရာမ ၂ ဦးအမှု  ၉ နှစ်ကြာသွားပေမယ့် တရားမျှတမှု မရရှိသေး

    ရှမ်းမြောက်၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်) မြို့နယ်မှာ အဓမ္မပြုကျင့်သတ်ဖြတ်ခံရတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC စေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦးအမှု တရားမျှတမှုရရှိလာမယ့်နေ့ကို မျှော်လင့်နေဆဲလို့ မိသားစုဝင်တွေ ပြောပါတယ်။ အမှုမှန်ပေါ်ပေါက်ရေးအတွက် တာဝန်ရှိတဲ့ စစ်ကောင်စီတပ်သားတွေကို အမှုမှန်ပေါ်ပေါက်ရေးကော်မတီဘက်က တောင်းဆိုခဲ့ပေမယ့် ငြင်းဆိုခံခဲ့ရတဲ့အတွက် ဒီကနေ့အထိ တရားမျှတမှုမရရှိဘဲ ရပ်တန့်နေတာဖြစ်ပါတယ်။…

    Read More »
  • Nov- 2023 -
    14 November
    သတင်း

    ကြူကုတ်၊ ပန်ဆိုင်း ဒေသခံပြည်သူတွေ တရုတ်နယ်စပ် ဝမ်ဒင့်ချောင်းဘက် ထွက်ပြေးတိမ်းရှောင်နေရ

    ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကြူကုတ် ပန်ဆိုင်းမြို့နယ်ခွဲ ဒေသတွေမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူတွေက တရုတ်နယ်စပ် ဝမ်ဒင့်ချောင်းတစ်ဘက်ကမ်းသို့ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ၁ ရက်နေ့ ပန်ဆိုင်း စစ်ကောင်စီ တပ်စခန်းနဲ့ ရဲစခန်းကို မြောက်ပိုင်းမဟာမိတ် ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စခန်းအတွင်း မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပြီး ပြန်လည်ထွက်ခွာသွားကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ ခုလို မြောက်ပိုင်းမဟာမိတ် ပူးပေါင်းတပ်တွေ ပြန်လည်ထွက်ခွာသွားတဲ့နောက်ပိုင်းမှာ အဲ့ဒီတပ်စခန်းနေရာတွေမှာ စစ်ကောင်စီတပ်ဘက်က စစ်အင်အား ၃၀၀ ဝန်းကျင်လောက် ပြန်လည်ဖြည့်တင်းထားတာကြောင့် ကိုးကန့်တပ်တွေဘက်ကနေ ယာယီတိမ်းရှောင်ကြဖို့ ပြောဆိုထားတာကြောင့် အခုလို ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်တယ်လို့ ဒေသခံအမျိုးသမီး တစ်ယောက်က KNG ကိုပြောပါတယ်။ “ပန်ဆိုင်းဒေသက အရမ်းကို စိုးရိမ်ရတဲ့ အခြေအနေမှာ ဖြစ်သွားပြီ။ ကိုးကန့်တပ်တွေက စစ်ရှောင်ကြဖို့ ဒေသခံတွေကို ပြောဆိုထားတဲ့အတွက် အခုပြည်သူတွေက တရုတ်နယ်စပ် ဝမ်ဒင့် ချောင်းဘက်ကို တိမ်းရှောင်နေကြရတယ်”လို့ပြောပါတယ်။ အောက်တိုဘာလ ၃၀ ရက်နေ့ ပန်ဆိုင်း စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်း ၂ ခုစလုံး ဝင်ရောက်တိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီ တပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တစ်ချို့ဟာ အရပ်သားပြည်သူတွေရှိတဲ့နေရာဘက်မှာ အကာအကွယ်ယူ ထွက်ပြေးတိမ်းရှောင် လွတ်မြောက်ခဲ့ကြပြီး အခုလိုပြန်ပြီး အင်အားဖြည့်တင်းထားတာဖြစ်တယ်လို့ ပြောပါတယ်။ “ကိုးကန့်တပ်တွေ လာပစ်ကြတဲ့အချိန်မှာ စစ်သားနဲ့ရဲတွေက ကျနော်တို့ ပြည်သူတွေရှိတဲ့ ဘက်ကို အကာအကွယ်ယူ လွတ်မြောက်သွားကြတယ်။ သူတို့ရဲ့ တပ်စခန်းတွေထဲမှာ မဟာမိတ်တပ်တွေက ဝင်ရောက်မီးရှို့သွားတာတွေ လုပ်ပြီးတော့ ပြန်ခေါက်သွားကြတယ်။ သူတို့ပြန်သွားကြတာနဲ့ စစ်တပ်နဲ့ရဲတွေက ပြန်ဝင်သွားကြတယ်”လို့ဆက်ပြောပါတယ်။ လက်ရှိ ပန်ဆိုင်း စစ်ကောင်စီ တပ်စခန်းနေရာမှာ အင်အား ၃၀၀ ဝန်းကျင်လောက် အင်အား ဖြည့်တင်းထားတဲ့အထဲ မုံကို ဖောင်းဆိုင်ဘက်ကနေ ထွက်ပြေး လာတဲ့ စစ်ကောင်စီတပ်သားတွေလည်း စုပေါင်းလာရောက်နေထိုင်ထားတာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ပထမအကြိမ် သွားရောက်တိုက်ခိုက် ပျက်ဆီးခဲ့တဲ့ ပန်ဆိုင်း စစ်ကောင်စီတပ်စခန်းမှာ စစ်ကောင်စီအင်အားအလုံးအရင်း ပြန်လည် တပ်ချထားတာကြောင့် ပြန်လည်တိုက်ခိုက်ဖို့ရန်အတွက်  မဟာမိတ်ပူးပေါင်းတပ်တွေက ဒေသခံပြည်သူတွေကို ယာယီခဏ တိမ်းရှောင်နေထိုင်ကြဖို့ ပြောဆိုထားတာဖြစ်တယ်လို့ ဆက်သိရပါတယ်။ အောက်တိုဘာလ ၃၀ ရက်နေ့ ပန်ဆိုင်း စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းကို ကိုးကန့်တပ်နဲ့ KNO အထူးတပ်မဟာ ၁၀၈ ပူးပေါင်း တပ်တွေ သွားရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီ တပ်ဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့တာ လည်းဖြစ်ပါတယ်။ ရှမ်းမြောက်ပိုင်း ဒေသမှာ အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး  မြောက်ပိုင်းမဟာမိတ်ပူးပေါင်းတပ်တွေက ၁၀၂၇ စစ်ဆင်ရေး ခေါင်စဉ်နဲ့ စစ်ကောင်စီရဲ့ စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့တာဖြစ်ပြီး လက်ရှိမှာ စစ်ကောင်စီရဲ့ စခန်း ပေါင်း ၁၀၀ ကျော်လောက် တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • Aug- 2023 -
    22 August
    ဆောင်းပါးလိင်ကျွန်အဖြစ်ရောင်းစားခံရာကနေ ပြန်လည်လွတ်မြောက်လာသူ

    လိင်ကျွန်အဖြစ်ရောင်းစားခံရာကနေ ပြန်လည်လွတ်မြောက်လာသူ

    “တစ်ညမှာ ယောင်္ကျား (ဖောက်သည်) ၃-၄ ယောက်နှင့် အတူအိပ်ရတယ်။ တချို့ဖောက်သည်တွေဆို သူတို့စိတ်တိုင်းမကျရင် ရိုက်နက်ပြီး အကြမ်းပတမ်း ဆက်ဆံတာတွေလည်း လုပ်တယ်” လို့ ရင်ဖွင့်လာသူကတော့ ဝပြည် ပန်ဆန်းမြို့မှာ လိင်လုပ်သားအဖြစ် ရောင်းစားခံနေရာကနေ ပြန်လည်လွတ်မြောက်လာတဲ့ အသက် ၂၀ ဝန်းကျင်…

    Read More »
Back to top button