ပန်ဆောင်ဂိတ်

  • Mar- 2025 -
    11 March
    သတင်း

    အိန္ဒိယ-မြန်မာနယ်စပ် ပန်ဆောင်ဂိတ်မှာ အိန္ဒိယအစိုးရဘက်က တစ်ရက်လျှင် လူဦးရေ ၂၀ သာဝင်ခွင့်ပြု 

    စစ်ကိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့  အိန္ဒိယ–မြန်မာနယ်စပ် ပန်ဆောင်နယ်စပ်ဂိတ်ဖွင့်ထားပေးပေမယ့် တစ်ရက်လျှင် လူဦးရေ ၂၀ ဦးသာဝင်ခွင့်ပြုထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကိုင်းတိုင်း နာဂဒေနဲ့ အာရန်နာချယ် (Arunachal Pradesh) ကြားက ပန်ဆောင်နယ်စပ်ဂိတ်ကို နာဂလက်နက်ကိုင်တပ်ဖွဲ့နှင့် ပန်ဆောင်နယ်စပ်ဂိတ်အနီးရှိ အိန္ဒိယစစ်တပ်တို့ကြားတိုက်ပွဲကြောင့်  ၂၀၁၇ ခုနှစ်မှာ အိန္ဒိယဘက်က ပိတ်ထားရာကနေ ၂၀၂၄ ခုနှစ်  ဒီဇင်ဘာ ၁၅ ရက်နေ့  အိန္ဒိယ–မြန်မာ နယ်စပ်ဈေးပူးတွဲကော်မတီရဲ့ သဘောတူညီချက်နဲ့ ပြန်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလကစလို့ အိန္ဒိယအစိုးရဘက်က ခရီးသည်ဝင်ရောက်ခွင့်နဲ့ ကုန်စည်သယ်ယူခွင့်အပေါ်  ကန့်သတ်ထားပြီး မြန်မာခရီးသည်တွေကို တစ်ရက်လျှင် လူဦးရေ (၂၀) ဦးအထိသာကန့်သတ်လက်ခံပြီး ဝင်ခွင့်ပေးနေတယ်လို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အရင်ကတော့ တစ်ပတ်ကိုတစ်ကြိမ်ဝင်ခွင့်ပေးတယ်လေး အဲ့တုန်းက လူဦးရေအကန့်အသတ်မရှိသွားလို့ရတယ်။ ဒါပေမယ့်အခုနောက်ပိုင်းမဟုတ်တော့ဘူး သွားတာကတော့ နေ့တိုင်းသွားလို့ရတယ်။ ဒါပေမယ့်တစ်ရက်ကို လူ ၂၀ ဦးပဲလက်ခံတယ်”လို့ အသက် ၃၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ ၂၀၂၅ ခုနှစ်မတိုင်မှီအထိ အိန္ဒယအစိုးရဘက်က မြန်မာဘက်ကခရီးသည်တွေကို တစ်ပတ်မှာ သောကြာနေ့တစ်ရက်တည်းဝင်ခွင့်ရပေမယ့် လူဦးရေကန့်သတ်ချက်မရှိတာကြောင့် လွတ်လွတ်…

    Read More »
Back to top button