ပန်းဆောင်

  • Mar- 2026 -
    12 March
    သတင်း

    ပန်ဆောင်မြို့ပြည်သူ့ဆေးရုံမှာဆရာဝန်မရှိတဲ့အတွက် ဒေသခံများဆေးကုသရာမှာအခက်တွေ့

    စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ၊ပန်ဆောင်မြို့ပြည်သူ့ဆေးရုံကြီးမှာ ဆရာဝန်မရှိတဲ့အတွက် ဒေသခံတွေကျန်းမာရေးဆေးကုသရာမှာ အခက်ခဲများစွာကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။ မြို့နယ်ခွဲအဆင့်ရှိတဲ့ ပန်ဆောင်ပြည်သူ့ဆေးရုံကြီးမှာ ဆရာဝန်မရှိတာ ၃ နှစ်ကျော်နေပြီလို့သိရပြီး ခွဲစိပ်ရမယ့်လူနာနဲ့ကျန်းမာရေးဆိုးတဲ့လူနာတွေဟာ နယ်စပ်ဖြတ်ကျော်ကာ အိန္ဒိယနိုင်ငံအထိ သွားရောက်ကာဆေးကုသမှုခံယူနေရတယ်လို့ အသက် ၄၀ အရွယ်ပန်ဆောင်မြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “အရင်ရှိတဲ့ဆရာဝန်က ၂၀၂၃ ခုနှစ်လောက်မှာပြောင်းသွားတာ အဲ့နောက်ပိုင်းကတည်းကနေ ဆရာဝန်မချပေးတော့ဘူး။ အခုထိဆရာဝန်မရှိဘူးဒီတိုင်းပဲအခြေနေမကောင်းတဲ့လူနာတွေ ပြီးတော့သူနာပြုတွေမနိုင်တဲ့လူနာတွေဆိုရင် အိန္ဒိယအထိသွားနေရတယ် အဆင်မပြေဘူးဗျာ အကုန်ကျလည်းများတယ်”လို့ ပြောပါတယ်။ လက်ရှိပန်ဆောင်ပြည်သူ့ဆေးရုံကြီးမှာ ဒေသခံသူနာပြုဆရာမနှစ်ဦး၊ အထက်တန်းသူနာပြုနှစ်ဦး၊ အမျိုးသားကျန်းမာရေးဝန်ထမ်းတစ်ဦး စုစုပေါင်း ၅ ဦးသာရှိပြီး ဆရာဝန်မရှိဘူးလို့သိရပါတယ်။ ဒါကြောင့် ဒေသခံတွေဟာ အိန္ဒိယနိုင်ငံ အာရုနာချယ်ပြည်နယ်(Arunachal Pradesh) ထဲအထိသွားရောက်ပြီးဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။ “သွားတာကတော့ တရားဝင်နယ်စပ်လမ်းနဲ့ပဲသွားကြတယ် ဒါပေမယ့် သူများနိုင်ငံမှာသွားကုတာဆိုတော့ကုန်ကျအရမ်းများတယ်။ လမ်းစရိတ်အပြင် ဟိုရောက်ရင် အခန်းခတွေပေးရတယ် နောက်ပြီးဒီကသွားတဲ့လူအများပိုင်းက ပုဂ္ဂလိကဆေးရုံတွေမှာပဲသွားကုကြတာ အစိုးရဆေးရုံမှာကဒီဘက်ကလာတဲ့လူနာကိုသိပ်ပြီးဂရုမစိုက်ဘူး။ တခါသွားကုဖို့သိန်းဆယ်ချီကုန်တယ်လေး”လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးပြောပါတယ်။ ဒါ့အပြင် ဆေးကုသသွားသူတွေဟာ အိန္ဒိယ–မြန်မာနယ်စပ် နာမ်ပေါင်–ပန်ဆောင်လမ်းကနေတဆင့် အိန္ဒိယပြည်အထက်ပိုင်းထဲကိုသွားရောက်ဆေးကုသနေရတာကြောင့် လမ်းခရီးနဲ့ဆေးကုစရိတ် ကြီးမားပြီး ငွေကြေးတတ်နိုင်တဲ့သူကသာ သွားရောက်ဆေးကုသနိုင်တယ်လို့သိရပါတယ်။ ခုလိုပြည်သူ့ဆေးရုံကြီးမှာဆရာဝန်မရှိတဲ့အတွက် ပြည်သူတစ်ချို့အိန္ဒိယနိုင်ငံထဲအထိသွားပြီး ဆေးကုသဖို့ငွေကြေးမတတ်နိုင်ကြောင့် အသက်မသေဆုံး သင့်ပဲ သေဆုံးနေရတဲ့လူနာတွေလည်းရှိနေတယ်လို့ဒေသခံတွေကဆိုပါတယ်။ “မြို့ပေါ်ကပြည်သူတွေအတွက်ကအဲ့လောက်ကြီးမဟုတိဘူးရွာတွေဘက် ပြည်သူတွေအတွက်တော်တော်လေးခက်တယ် ရွာနေမြို့အထိခြေလျင်တက်လာရတယ်ဒီကနေတဆင့် အိန္ဒိယ နာမ်ပေါင်အထိသွားရတယ်အဲ့နေမှဆေးရုံကိုရောက်တာ အရေးပေါ်လူနာတွေဆိုရင်မရောက်နိုင်ဘူးဒီကြားမှာတင်နှစ်ရက်သုံးရက်မကကြတယ် ဆရာဝန်မရှိတာကတော့တော်တော်လည်းခက်ခဲပါတယ်”လို့ နောက်ထပ်အမျိုးသားတစ်ဦးကဆက်ပြောပါတယ်။ ပန်ဆောင်မြို့နယ်ခွဲတစ်ခုလုံးမှာ ပြည်သူ့ဆေးရုံအဖြစ် ပန်ဆောင်ပြည်သူ့ဆေးရုံတစ်ခုတည်းသာရှိတဲ့အတွက် မြို့ပေါ်မှာနေထိုင်တဲ့ပြည်သူတွေနဲ့ကျေးလက်ဒေသ ရွာပေါင်း ၂၀ ခန့်က ပြည်သူတွေ အားကိုးနေရတဲ့ဆေးရုံကြီးဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါကြောင့် ပန်ဆောင်မြို့ကိုအုပ်ချုပ်နေတဲ့ တာဝန်ရှိသူတွေအနေနဲ့ ပြည်သူ့ဆေးရုံကြီးမှာ ဆရာဝန်တွေချပေးဖို့တောင်းဆိုနေကြတာလည်းဖြစ်ပါတယ်။ ဒေသခံတွေပြောချက်အရ ပန်ဆောင်ပြည်သူ့ဆေးရုံကြီးမှာ စစ်အာဏာသိမ်းနောက်ပိုင်းကတည်းက ဆေးဝါးတွေကိုအစိုးရကတိုက်ရိုက်ချမပေးတော့တာကြောင့် ပြည်သူ့ဆေးရုံကြီးအတွက် လိုအပ်တဲ့ဆေးဝါးတွေကိုလည်းနအိန္ဒယ နိုင်ငံကနေဝယ်ယူသုံးစွဲနေရတာကြောင့် ဆေးကုသစရိတ်လည်းမြင့်တက်နေကြောင်းသိရပါတယ်။ လေကြောင်းလိုင်းနဲ့ရေကြောင်းလမ်းမရှိတဲ့ ပန်ဆောင်ဒေသထဲကို ကချင်ပြည်နယ်ဘက်က မြစ်ကြီးနား–တနိုုင်း–နန်းယွန်းကားလမ်းသွားလို့ရသလို၊ စစ်ကိုင်းတိုင်းဘက်က ခန္တီးက–ဒုံဟီး–နန်းယွန်းကားလမ်းပိုင်းနဲ့ဝင်ရောက် နိုင်ပေမယ့် အဲ့ဒီကားလမ်းပိုင်းတွေမှာ ၂၀၂၄ ခုနှစ်ကစပြီး ဆေးဝါးသယ်ယူခွင့်ကိုစစ်ကောင်စီကကန့်သတ်ထားတာလည်းဖြစ်ပါတယ်။ ပန်ဆောင်မြို့ဟာ အိန္ဒယ–မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်ပေမယ့် မြန်မာနိုင်ငံထဲက လမ်းပမ်းဆက်သွယ်ရေးအခက်ခဲဆုံးမြို့နယ်ခွဲတစ်ခုလည်းဖြစ်ပါတယ်။ By –…

    Read More »
  • Feb- 2026 -
    3 February
    သတင်း

    နာဂဒေသ ကျဲသရောက်ရွာကို အိန္ဒိယစစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်

    စစ်ကိုင်းတိုင်း ဒေသကြီး နာဂကိုယ်ကိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ပန်ဆောင်မြို့နယ်ခွဲထဲမှာ အိန္ဒိယစစ်တပ်ဘက်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်သွားကြောင်း ဒေသခံများထံမှ သိရပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁ ရက်နေ့  နေ့လည် ၁ နာရီဝန်းကျင်မှာ ပန်ဆောင်မြို့နဲ့ မိုင် ၂၀ ကျော်ဝေးတဲ့ ကျဲသရောက်ကျေးရွာထဲက လယ်တဲတစ်ခုကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်သွားတယ်လို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “Sunday နေ့မနက်အစေားကြီးသုံးနာရီမှာကြဲသွားတာ ရွာသားတွေက အိမ်ကနေအသံအကျယ်ကြီးတော့တချက်ကြားလိုက်တယ်တဲ့မနေ့ကသွားကြည့်ကြတော့ဗုံးသီးအစအနတွေတွေ့တာ။ တော်သေးတယ်လယ်တဲမှာပုံမှန်လူမအိပ်လို့ညစောင့်အိပ်တဲ့ချိန်သာကြဲရင်တော့သွားပြီ”လို့ သူကပြောပါတယ်။ အိန္ဒိယစစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ချိန် လယ်တဲထဲလူမရှိတဲ့အချိန်ဖြစ်တာကြောင့် လူသေဆုံးမှုမရှိပေမယ့် တဲမှာသိုလှောင်ထားတဲ့ စပါးတွေမိီးလောင်ပျက်စီးသွားတယ်လို့သိရပါတယ်။ အိန္ဒိယစစ်တပ်ဟာ တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားဖြင်းမရှိပဲအခုလိုဗုံးကြဲသွားတာဖြစ်ကြောင်း ဒေသခံတွေကဆိုပါတယ်။ “ဒီဘက်ကဘာတိုက်ပွဲမှမရှိဘူးပြီးတော့ရွာနားမှာလဲ ဘာလက်နက်ကိုင်စခန်းမှမရှိဘူး သက်သက်လွတ်ကြီးကြဲသွားတာ”လို့အထက်မှာဖော်ပြခဲ့တဲ့အသက် ၃၀ ကျော်အရွယ်နန်းယွန်းမြို့ခံအမျိုးသားကဆက်ပြောပါတယ်။ လက်ရှိဒရုန်းဗုံးသီးကြဲခံရတဲ့ကျေးရွာဟာ အိန္ဒိယမြန်မာ – နယ်စပ် ဟိမဝန္တာတောင်တန်းရဲ့အရှေ့ဘက်မြန်မာဘက်ခြမ်းကျေးရွာတစ်ရွာဖြစ်ပြီး နာဂလက်နက်ကိုင်အဖွဲ့ NSCN-K(ယုန်းအောင်)ရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ကျေးရွာဖြစ်ကြောင်းသိရပါတယ်။ ထို့အပြင်အထက်ဖော်ပြပါကျေးရွာဟာ ဖုန်းနဲ့အင်တာနက်လိုင်းတွေမရှိတဲ့ကျေးရွာလည်းဖြစ်ပါတယ်။ အိန္ဒိယစစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတုန်းကလည်း ယခုဗုံးကြဲတဲ့ ကျဲသရောက်ကျေးရွာနဲ့ကပ်လျက်မှာရှိတဲ့ ဆုန်ပါကျေးရွာက လယ်ကွင်းတဲတစ်နေရာကိုလည်း ဗုံးကြဲတိုက်ခိုက်မှုလုပ်ခဲ့ဖူးတယ်လို့ သိရပါတယ်။ အလားတူပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာလည်း လေရှီးမြို့နယ်အနောက်ခြမ်းရှိ ကမ်မော်လော်ရီကျေးရွာထဲက NSCN-K ယုန်းအောင်အဖွဲ့ထဲကအရာရှိတစ်ဦးရဲ့နေအိမ်ကိုဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၃ ဦးအထိသေဆုံးခဲ့ပါတယ်။ အိန္ဒိယစစ်တပ်ဟာ နာဂလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ NSCN-K အဖွဲ့ကို အကြမ်းဖွဲ့အဖြစ် အိန္ဒိယဗဟိုအစိုးရကကြေငြာပြီးနောက်ပိုင်းမှာပဲအခုလိုဗုံးကြဲတိုက်ခိုက်မှုတွေဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Jul- 2024 -
    9 July
    သတင်း

    နန်းယွန်း-ပန်ဆောင် ကားလမ်းပိုင်းမြေပြိုကျနေတဲ့အတွက် ခရီးသွားပြည်သူတွေ သွားလာရေးခက်ခဲနေ

    စစ်ကိုင်းတိုင်း အထက်ပိုင်းနာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်နဲ့ ပန်းဆောင်မြို့နယ်ကြားမှာ ကားလမ်းမြေပြိုကျမှု ဆိုးဆိုးရွားရွားဖြစ်နေတာကြောင့် ခရီးသွားပြည်သူတွေအတွက် သွားလာရေးခက်ခဲနေတယ်လို့သိရပါတယ်။ နာဂဒေသ နန်းယွန်းမြို့နယ်နဲ့ ပန်ဆောင်မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်ကျော်ကတည်းက မိုးသည်းထန်စွာရွာသွန်းခဲ့ရာမှာ လေးပြင်းတိုက်ခတ်တာတွေ၊ ကားလမ်းမမြေပြိုကျပြီး သစ်ပင်ကျိုးကျတာတွေကြောင့် ကားလမ်းပိုင်းမှာသွားလာရခက်ခဲ့တာ ၂ ပတ်ကျော်လာပြီလို့ နန်းယွန်းမြို့ခံ လူငယ်တစ်ဦးက KNGကိုပြောပါတယ်။ “လမ်းတွေပြိုတာက နှစ်ပတ်လောက်တော့ရှိပြီ ကားသေးလေးတွေကစသွားလို့မရဘူး။ ဆိုင်ကယ်တော့သွားလို့ရတယ် ဒါပေမယ့် ခက်ခက်ခဲခဲသွားရတယ် ဆိုင်ကယ်ထမ်းသယ်ရတဲ့နေရာရှိတယ် တွန်းရတဲ့နေရာတွေရှိတယ် လူတောင်သိပ်မသွားလာကြဘူး။ ခုတလောကလမ်းအရမ်းဆ်ိုးတယ်”လို့ သူကပြောပါတယ်။ နန်းယွန်း နဲ့ ပန်ဆောင်မြို့နယ်ကို လီဒိုကားလမ်းမကြီး နဲ့ ဆက်သွယ်ထားတာဖြစ်ပြီး လက်ရှိကားလမ်းမြေပြိုမှုဆိုးဆိုးရွားရွားဖြစ်တဲ့နေရာဟာ နန်းယွန်းမြို့အကျော် ယောင်းငွေးကျေးရွာအနီးတစ်နေရာ၊ ပန်ဆောင်မြို့နယ်ထဲက လောက်လိုင်ကျေးရွာနဲ့ ပန်ဆောင်မြို့ကြားထဲက ဒေသအခေါ် (လင်းနို့ချောင်းအနီး)မှာ တစ်နေရာမှာအဆိုးဝါးဆုံးဖြစ်တယ်လို့ သိရပါတယ်။ ကားလမ်းမြေပြိုသွားတဲ့နေရာတွေမှာ ဆိုင်ကယ်တွေကိုလူအင်အားသုံးပြီးသယ်ရွေ့ရတာကြောင့် ခရီးသွားပြည်သူတွေငွေကုန်ကြေးကျပိုများတာ အချိန်ကြန့်ကြာတဲ့အခက်အခဲတွေကိုကြုံတွေ့နေရတယ်လို့ နောက်ထပ် နန်းယွန်းမြို့ခံလူငယ်တစ်ဦးက ဆက်ပြောပါတယ်။ “ကယ်ရီခက လူတစ်ယောက်ကို တစ်သိန်း ၊တစ်သိန်းနှစ်သောင်းရှိတယ် လမ်းပျက်တဲ့နေရာမှာဆိုင်ကယ် မပြီးရွှေ့ရတော့ အဲ့မှာတစ်နေရာ နှစ်သောင်းပေါ့ နှစ်နေရာရှိတယ် အဲ့မှာလေးသောင်းပေးရတယ်ဗျ အရင်ကထက်ပိုကုန်တာပေါ့”လို့သူကဆက်ပြောပါတယ်။ ကားလမ်းပြိုတဲ့နေရာမှာ ဆိုင်ကယ်မပြီး ရွေ့ပေးတဲ့လူငယ်တွေကို  ဆိုင်ကယ်တစ်စီးကိုကျပ် ၂ သောင်းပေးရတယ်လို့သိရပါတယ်။ ပန်းဆောင်မြို့နယ်လူထုအတွက် အခြေခံစားသောက်ကုန်တွေနဲ့လူသူံးကုန်တွေကို အိန္ဒိယဘက်က သယ်ယူတာရှိသလို မြန်မာဘက်ခြမ်းကလည်းသယ်ယူရတာရှိပေမယ့် လက်ရှိကားလမ်းပြတ်တောက်မှုကြောင့် မြန်မာဘက်ခြမ်းကသယ်ယူတဲ့ကုန်စည်တွေစျေးထိုးတက်နေတယ်လို့လည်းသိရပါတယ်။ ဒါ့အပြင် နန်းယွန်းနဲ့ ပန်ဆောင်မြို့နယ်တွေထဲမှာ အခုလိုရာသီဥတုဆိုးဝါးမှုတွေကြောင့်ဖုန်းဆက်သွယ်ရေးလိူင်းတွေလည်းခက်ခဲနေပါတယ်။ လီဒိုကားလမ်းပိုင်းတစ်ခုတည်းနဲ့သွားလာလို့ရတဲ့ နန်းယွန်းမြို့နယ်ဟာ ကချင်နဲ့စစ်ကိုင်းအစပ်ကနယ်စပ်မြို့ဖြစ်သလို ပန်ဆောင်မြို့နယ်ဟာလည်း အိန္ဒိယ– မြန်မာ နယ်စပ်စည်းရိုးမှာရှိတဲ့မြို့တွေ ဖြစ်ပါတယ်။ By…

    Read More »
Back to top button