သတင်း

နန်းယွန်း-ပန်ဆောင် ကားလမ်းပိုင်းမြေပြိုကျနေတဲ့အတွက် ခရီးသွားပြည်သူတွေ သွားလာရေးခက်ခဲနေ

စစ်ကိုင်းတိုင်း အထက်ပိုင်းနာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်နဲ့ ပန်းဆောင်မြို့နယ်ကြားမှာ ကားလမ်းမြေပြိုကျမှု ဆိုးဆိုးရွားရွားဖြစ်နေတာကြောင့် ခရီးသွားပြည်သူတွေအတွက် သွားလာရေးခက်ခဲနေတယ်လို့သိရပါတယ်။

နာဂဒေသ နန်းယွန်းမြို့နယ်နဲ့ ပန်ဆောင်မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်ကျော်ကတည်းက မိုးသည်းထန်စွာရွာသွန်းခဲ့ရာမှာ လေးပြင်းတိုက်ခတ်တာတွေ၊ ကားလမ်းမမြေပြိုကျပြီး သစ်ပင်ကျိုးကျတာတွေကြောင့် ကားလမ်းပိုင်းမှာသွားလာရခက်ခဲ့တာ  ပတ်ကျော်လာပြီလို့ နန်းယွန်းမြို့ခံ လူငယ်တစ်ဦးက KNGကိုပြောပါတယ်။

လမ်းတွေပြိုတာက နှစ်ပတ်လောက်တော့ရှိပြီ ကားသေးလေးတွေကစသွားလို့မရဘူး။ ဆိုင်ကယ်တော့သွားလို့ရတယ် ဒါပေမယ့် ခက်ခက်ခဲခဲသွားရတယ် ဆိုင်ကယ်ထမ်းသယ်ရတဲ့နေရာရှိတယ် တွန်းရတဲ့နေရာတွေရှိတယ် လူတောင်သိပ်မသွားလာကြဘူး။ ခုတလောကလမ်းအရမ်းဆ်ိုးတယ်လို့ သူကပြောပါတယ်။

နန်းယွန်း နဲ့ ပန်ဆောင်မြို့နယ်ကို လီဒိုကားလမ်းမကြီး နဲ့ ဆက်သွယ်ထားတာဖြစ်ပြီး လက်ရှိကားလမ်းမြေပြိုမှုဆိုးဆိုးရွားရွားဖြစ်တဲ့နေရာဟာ နန်းယွန်းမြို့အကျော် ယောင်းငွေးကျေးရွာအနီးတစ်နေရာ၊ ပန်ဆောင်မြို့နယ်ထဲက လောက်လိုင်ကျေးရွာနဲ့ ပန်ဆောင်မြို့ကြားထဲက ဒေသအခေါ် (လင်းနို့ချောင်းအနီး)မှာ တစ်နေရာမှာအဆိုးဝါးဆုံးဖြစ်တယ်လို့ သိရပါတယ်။

ကားလမ်းမြေပြိုသွားတဲ့နေရာတွေမှာ ဆိုင်ကယ်တွေကိုလူအင်အားသုံးပြီးသယ်ရွေ့ရတာကြောင့် ခရီးသွားပြည်သူတွေငွေကုန်ကြေးကျပိုများတာ အချိန်ကြန့်ကြာတဲ့အခက်အခဲတွေကိုကြုံတွေ့နေရတယ်လို့ နောက်ထပ် နန်းယွန်းမြို့ခံလူငယ်တစ်ဦးက ဆက်ပြောပါတယ်။

ကယ်ရီခက လူတစ်ယောက်ကို တစ်သိန်း ၊တစ်သိန်းနှစ်သောင်းရှိတယ် လမ်းပျက်တဲ့နေရာမှာဆိုင်ကယ် မပြီးရွှေ့ရတော့ အဲ့မှာတစ်နေရာ နှစ်သောင်းပေါ့ နှစ်နေရာရှိတယ် အဲ့မှာလေးသောင်းပေးရတယ်ဗျ အရင်ကထက်ပိုကုန်တာပေါ့လို့သူကဆက်ပြောပါတယ်။

ကားလမ်းပြိုတဲ့နေရာမှာ ဆိုင်ကယ်မပြီး ရွေ့ပေးတဲ့လူငယ်တွေကို  ဆိုင်ကယ်တစ်စီးကိုကျပ်  သောင်းပေးရတယ်လို့သိရပါတယ်။

ပန်းဆောင်မြို့နယ်လူထုအတွက် အခြေခံစားသောက်ကုန်တွေနဲ့လူသူံးကုန်တွေကို အိန္ဒိယဘက်က သယ်ယူတာရှိသလို မြန်မာဘက်ခြမ်းကလည်းသယ်ယူရတာရှိပေမယ့် လက်ရှိကားလမ်းပြတ်တောက်မှုကြောင့် မြန်မာဘက်ခြမ်းကသယ်ယူတဲ့ကုန်စည်တွေစျေးထိုးတက်နေတယ်လို့လည်းသိရပါတယ်။

ဒါ့အပြင် နန်းယွန်းနဲ့ ပန်ဆောင်မြို့နယ်တွေထဲမှာ အခုလိုရာသီဥတုဆိုးဝါးမှုတွေကြောင့်ဖုန်းဆက်သွယ်ရေးလိူင်းတွေလည်းခက်ခဲနေပါတယ်။

လီဒိုကားလမ်းပိုင်းတစ်ခုတည်းနဲ့သွားလာလို့ရတဲ့ နန်းယွန်းမြို့နယ်ဟာ ကချင်နဲ့စစ်ကိုင်းအစပ်ကနယ်စပ်မြို့ဖြစ်သလို ပန်ဆောင်မြို့နယ်ဟာလည်း အိန္ဒိယ– မြန်မာ နယ်စပ်စည်းရိုးမှာရှိတဲ့မြို့တွေ ဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button