ပူတာအိုဒေသ

  • Nov- 2025 -
    26 November
    သတင်း

    စစ်ရေးကြောင့် ပူတာအိုဒေသထွက် ဂရိတ်ဖုသီးအရှုံးပေါ်နေ

    ဒေသတွင်းမတည်မငြိမ်မှုတွေနဲ့ စစ်ရေးအခြေအနေတွေကြောင့် ပူတာအိုဒေသထွက် ဂရိတ်ဖုသီးတွေစျေးကွက်မှာအရှုံးပေါ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ ပူတာအိုဒေသရဲ့ အဓိက ဒေသတွင်းစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ ဂရိတ်ဖုသီးစိုက်ပျိုးရေးလုပ်ငန်းဟာ စစ်အာဏာမသိမ်းမှီက ဒေသရဲ့အားကောင်းတဲ့စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်ခဲ့ပေမယ့် စစ်အာဏာသိမ်းနောက်ပိုင်းမှာတော့တိုက်ပွဲတွေနဲ့နယ်မြေမတည်ငြိမ်မှုတွေကြောင့် အသီးစျေးကွက်ဟာ နှစ်တိုင်းအရှုံးပေါ်နေကြောင်း ဂရိတ်ဖုသီးခြံလုပ်ငန်းလုပ်ကိုင်တဲ့အမျိုးသားတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။ “အသီးစျေးကွက်က တစ်နှစ်ပြီးတစ်နှစ်အရှုံးပိုပြီးတော့များများလာတယ် ခါတ်ိုင်းဒီချိန်ဆိုရင်အသီးတွေတအားရောင်းကောင်းတယ် တစ်လုံးကို တစ်ထောင်အလုံးကြီးရင် ၁၅၀၀ လောက်ရောင်းလို့ရတယ် ဝယ်တဲ့လူများတယ်။ အခုကဝယ်တဲ့လူမရှိဘူးခရီးသွားတွေလည်းမလာကြတော့ တစ်ထောင်ဖိုး သုံးလုံးရောင်းတာတောင်ဝယ်တဲ့လူမရှိဘူး”လို့ အသက် ၅၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ ပုံမှန်အသီးစျေးကွက်ကောင်းတဲ့နှစ်တွေဆိုရင် ဂရိတ်ဖုသီး အကြီးတစ်လုံးကိုကျပ် ၁၅၀၀ (တစ်ထောင့်ငါးရာ) အလတ်တစ်လုံး  ၁၀၀၀(တစ်ထောင်) အသေးတစ်လုံး ၅၀၀ (ငါးရာ) ဖြင့်ရောင်းချကြပြီး လက်ရှိမှာတော့ ဝယ်သူနည်းပြီးစျေးကွက်မရှိတာကြောင့် အကြီးတစ်လုံး ၅၀၀ (ငါးရာ) အလတ်တစ်ထောင်ဖိုးသုံးလုံးအထိစျေးလျော့ရောင်းနေရပေမယ့် အဝယ်နည်းပါးလို့ အရှုံးပေါ်နေကြောင်းသိရပါတယ်။ ပူတာအိုဒေသထွက် ဂရိတ်ဖုသီးရဲ့အဓိက စျေးကွက်ဟာ မြစ်ကြီးနား၊မန္တလေးဘက်ကိုတင်ပို့ရောင်းချကြရတာတွေရှိသလို ပူတာအိုဒသေထဲကိုလာရောက်လည်ပတ်ကြတဲ့ ခရီးသည်တွေရဲ့ဝယ်လိုအားကလည်း အဓိကစျေးကွက်လိုဖြစ်နေခဲ့တာပါ။ သို့ပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃၊ ၂၀၂၄၊၂၀၂၅ ခုနှစ်တွေမှာတော့ ပူတာအို– မြစ်ကြီးနားကားလမ်းပိုင်းနဲ့ မြစ်ကြီးနား–မန္တလေး ကားလမ်းပိုင်းတွေမှာ တိုက်ပွဲတွေကြောင့် အသီးတွေတင်ပို့ဖို့ခက်ခဲလာတဲ့အတွက် အသီးခြံလုပ်ငန်းလုပ်ကိုင်သူတွေနှစ်စဥ်အရှုံးပေါ်နေကြောင်း နောက်ထပ်ဂရိတ်ဖုသီးခြံပိုင်ရှင်တစ်ဦးကပြောပါတယ်။ “အများအားဖြင့်တော့ တချို့အသီးခြံပိုင်ရှင်တွေဆီကနေဖောက်သယ်ယူပြီးမြစ်ကြီးနားအထိဆင်းရောင်းတာရှိတယ်။ တစ်ချို့က မြစ်ကြီးနား၊မန္တလေးဘက်ကဖောက်သယ်တွေဆီပို့ပေးကြတယ်။ အခုက အဲ့လိုမရှိတော့ဘူး ကားလမ်းကသွားရလားရခက်ခဲသွားတော့ ဒီကနေလည်းဆင်းမရောင်းကြတော့ဘူးအဲ့(မြစ်ကြီး၊မန္တလေး)ဘက်ကဖောက်သယ်တွေကလည်းမယူကြတော့ဘူး။ ပြီးရင်အခရီးသွားတွေလည်းမလာကြတော့ဒီမှာလည်းမရောင်းရအဲ့လိုဖြစ်နေတာ”လို့ သူကပြောပါတယ်။ လက်ရှိ ပူတာအို– မြစ်ကြီးနားကားလမ်းပိုင်းမှာ ခရီးသွားလာခွင့်ကန့်သတ်ခံထားရသလို လေကြောင်းကနေလည်း အကုန်အကျများတာနဲ့လေယာဥ်လက်မှတ်တွေ အလွယ်တကူဝယ်ယူလို့မရတာတွေကြောင့် ပူတာအိုဒေသဘက် ခရီးသွားတွေမရှိသလောက်ကျဆင်းသွားတဲ့အတွက် အခုလိုအသီးစျေးကွက်တွေကျဆင်းနေတာလို့သိရပါတယ်။ ပူတာအိုဒေမှာတော့ အောက်တိုဘာ၊ နိုဝင်ဘာ၊ဒီဇင်ဘာ၊ ဇန်နဝါရီလတွေဟာ ဂရိတ်ဖုသီးရာသီတွေဖြစ်ပါတယ်။ အခုလိုအသီးစျေးကွက်ကျဆင်းနေတဲ့အတွက် ပူတာအိုဒေသက အသီးခြံပိုင်ရှင်တွေဟာနှစ်စဥ် ရောင်းမကုန်တဲ့အသီးတွေပုပ်သိုးပြီးစွန့်ပစ်ရတာတွေလည်းအများအပြားရှိနေတယ်လို့သိရပါတယ်။ ပုံမှန်စျေးကွက်ကောင်းရင်တစ်ဧကရှိတဲ့ ဂရိတ်ဖုသီး ခြံကနေတစ်နှစ်ကိုအနည်းဆုံးကျပ် သိန်း ၈၀ ကနေ ကျပ်သိန်း ၁၀၀ ကျော်လောက်အထိအမြတ်အစွန်းရနေပေမယ့် လက်ရှိမှာတော့ ကျပ်သိန်း ၃၀ ကနေ ၅၀ ဝန်းကျင်လောက်ပဲ ရတယ်ပြီးတဟ်ချို့ခြံပိုင်ရှင်တွေလုံးဝရောင်းမထွက်တာမျိုးတွေကြုံနေရကြောင်းသိရပါတယ်။ ပူတာအိုမြို့နယ်ဟာ မြန်မာပြည်မြောက်ဖျားပိုင်းမှာတည်ရှိပြီး ကျေးရွာပေါင်း ၅၀ ကျော်တည်ရှိရာ ဒေသရဲ့ အိမ်ထောင်စုထက်ဝက် ကျော်ခန့်ကဂရိတ်ဖုသီးခြံလုပ်ငန်းလုပ်ကိုင်ပြီးအသက်မွေးဝမ်းကြောင်းပြုကြတယ်လို့သိရပါတယ်။ By – Zaw Zaw

    Read More »
  • Oct- 2025 -
    24 October
    သတင်း

    စျေးကောင်းရပြီး ရှာဖွေသူများတဲ့ ဘေချီဥ

    ကချင်ပြည်နယ်၊ ပူတာအို‌ဒေသရေခဲတောင်နဲ့ကျောက်ဆောင်တွေမှာ ခက်ခဲစွာရှာဖွေရတဲ့ ဘေချီဥဟာ ဒီနှစ်မှာအထွက်နည်းသွားပြီဖြစ်ပေမဲ့ ရှာဖွေသူတွေများတယ်လို့ ဘေချီဥရှာသူတွေက ပြောပါတယ်။ ဘေချီဥဆိုတဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးဟာ စျေးကောင်းရတာကြောင့် ဒေသခံတွေက ဒီရာသီရောက်တိုင်း အသက်နဲ့ရင်းပြီး ရှာဖွေကြတာဖြစ်ပြီး ဒီနှစ်မှာတော့ ခေါင်လန်ဖူး– တရုတ်နယ်စပ်ဘက်မှာ စျေးပိုရရှိနေတာကြောင့် ရှာဖွေသူတွေများနေတယ်လို့…

    Read More »
  • Nov- 2023 -
    7 November
    သတင်း

    ရှိန်းခေါင်ရွာတစ်ရွာလုံး မီးလောင်ပြာကျသွားတဲ့အတွက် အရေးအပေါ်အကူအညီလိုအပ်

    ပူတာအိုဒေသ ခေါင်လန်ဖူးမြို့နယ်ရှိ ရှိန်းခေါင်ကျေးရွာတစ်ရွာလုံး မီးလောင်ပြာကျသွားတဲ့အတွက် နစ်နာဆုံးမှုအလွန်များပြားပြီး ကူညီထောက်ပံ့မှုများ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။ ခေါင်လန်ဖူးဒေသရဲ့ လူဦးရေထူထပ်ပြီး ရေခဲတောင်အောက်မှာတည်ထားတဲ့ ရှိန်းခေါင်ရွာဟာ နိုဝင်ဘာလ ၇ ရက် ဒီကနေ့ မနက်ပိုင်း ၂ နာရီလောက်မှာ ကျေးရွာတစ်ခုလုံးမီးလောင်ပျက်စီးသွားခဲ့ တယ်လို့…

    Read More »
  • Dec- 2022 -
    14 December
    သတင်းမင်းအောင်လှိုင်

    ပူတာအိုဒေသကို ထိန်းသိမ်းကာကွယ်ရန် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောဆို

    အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်းက ပူတာအိုဒေသသည် စိုက်ပျိုးရေနှင့်မွေးမြူရေး၊ ခရီးသွားလုပ်ငန်းများလုပ်ဆောင်ရန် ကောင်းမွန်သည့် ဒေသခံတစ်ခုဖြစ်သည့်အတွက် သဘာဝပတ်ဝန်းကျင်ပျက်စီးစေမည့် လုပ်ရပ်များကို ရှောင်ကျဉ်ကြရန် ပြည်သူတစ်ချို့ကိုပြောဆိုသွားကြောင်းသိရသည်။ အပြန်လမ်းဖြစ်သည့် ပူတာအိုလေယာဉ်ကွင်းအရောက်တွင် သွားရောက်ပို့ဆောင်ခဲ့သည့် ရိုးရာအဖွဲ့နှင့် အသေးစားစီးပွားရေးလုပ်ငန်းရှင်ဖွဲ့တို့ကို သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များပျက်သုဉ်းစေမည့် လုပ်ရပ်များ…

    Read More »
  • Aug- 2022 -
    8 August
    သတင်း

    ပူတာအိုတွင် ဓာတ်ဆီပြတ်လပ်လာသည့်အတွက် အကန့်အသတ်ဖြင့်သာ ရောင်းချနေ

    ပူတာအိုဒေသတွင် ဓာတ်ဆီကားအဝင်မရှိသည့် တစ်ပတ်ခန့်ကြာမြင့်လာပြီးနောက် လက်ရှိတွင် အကန့်အသတ်​ဖြင့်သာရောင်းချပေးနေသောကြောင့် ဓာတ်ဆီဝယ်ယူရန် အခက်အခဲဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှသိရသည်။ သြဂုတ်လ ၄ ရက်နေ့မှစတင်ပြီး မြစ်ကြီးနားဘက်မှ ဓာတ်ဆီတစ်မျိုးတ​ည်း ကားအဝင်မရှိတော့သည့်အတွက် ပူတာအိုမြို့ပေါ်ရှိ ဆီပန့်ဆိုင်များတွင် ဓာတ်ဆီပြတ်လပ်လာကြောင်း ဇေယျာမင်းစက်သုံးဆီအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦး KNG…

    Read More »
  • May- 2022 -
    21 May
    သတင်း

    စစ်ကောင်စီ ထောက်ပို့ကား ၈၀ ကျော် ဆွမ်ပရာဘွမ့် မှ ပူတာအိုသို့ ခရီးဆက်

    ဆွမ်ပရာဘွမ့်မြို့တွင် ရောက်ရှိနေသော စစ်ကောင်စီ ထောက်ပို့ကား ၈၀ ကျော်ပါ ယာဉ်တန်းသည် ယနေ့ နံနက် ၅ နာရီ ခန့်တွင် ပူတာအိုမြို့နယ်ဘက်သို့ ပြန်လည် ထွက်ခွာသွားပြီဟု သိရသည်။ “ဒီမှာ ရောက်နေတဲ့ ယာဉ်တန်းတစ်ဖွဲ့လုံးက မနက်အစောပိုင်း…

    Read More »
  • Apr- 2022 -
    27 April
    သတင်း

    ရွှေတူးဖော်မှု၊ ချောင်းရေ ပျက်စီးမှုကြောင့် ဒေသခံများ နောက်ဆက်တွဲ ဆိုးကျိုး ခံစားရမည်ကို စိုးရိမ်

    ပူတာအိုဒေသတွင် စက်ယန္တရားကြီးများဖြင့် အလွန်အကျွံ ရွှေတူးဖော်နေသောကြောင့် ဒေသတွင်း မြစ်ချောင်း ၄ ခု အရောင်းပြောင်းကာ ပျက်စီးနေပြီဟု ဒေသခံများ ပြောသည်။ ရွှေတူးဖော်မှုကြောင့် အောက်ရှန်ဂေါင်ကျေးရွာတွင် စီးဆင်းနေသော နမ့်ဟာချောင်းသည် မြစ်ချောင်းတစ်ခုလုံး အနီရောင်အဖြစ် အရောင်ပြောင်းသွားသဖြင့် ရွှေတူးဖော်ရေးလုပ်ငန်းများ…

    Read More »
Back to top button