ပူတာအိုမှ ထောက်ပို့ဆင်းလာသော စစ်ယာဉ်တန်း မြစ်ကြီးနာအနီး ထပ်မံတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ်သား ၂၀ ဦးခန့်သေဆုံးဟုဆို

ပူတာအိုဘက်မှ စစ်ရိက္ခာသယ်ပို့ပြီး ပြန်ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို မြစ်ကြီးနားမြို့အဝင် တန်ဖရဲကျေးရွာအနီးတွင် ယမန်နေ့ ဇွန်လ ၁၈ရက် နံနက်ပိုင်း ၇နာရီဝန်းကျင်တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIA နှင့် PDF အဖွဲ့တို့က ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးကာ ၄၀ ဦးခန့် ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း KPDF အဖွဲ့ထံမှ သိရသည်။ စစ်ကောင်စီတပ်၏ စစ်အင်အား ၂၀၀ ဝန်းကျင်ခန့်အပါ စစ်ကား ၆၀ စီးကျော်ပါရှိသော