ပူတာအို
-
Nov- 2025 -13 Novemberသတင်း
KIA ကလုံခြုံရေးအရ မီးရှို့စွန့်ခွာသွားတဲ့ စခန်းမှာ ပြည်သူ့စစ်အဖွဲ့ဝင်လာပြီးအောင်ပွဲခံနေ
ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေ လုံခြုံရေးအရ မီးရှို့စွန့်ခွာခဲ့တဲ့ စခန်းထဲကို တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့ဝင်လာပြီး အောင်ပွဲခံနေကြောင်း ဒေသခံများထံမှ သိရပါတယ်။ အဲဒီစခန်းဟာ မြစ်ကြီးနား – ပူတာအိုကားလမ်းပိုင်း တန်ဂျာကျေးရွာအနီးမှာရှိပြီး KIA ပူးပေါင်းတပ်ကလနဲ့ချီတပ်စွဲနေထိုင်ခဲ့တဲ့စခန်းဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။ …
Read More » -
12 Novemberရွေးကောက်ပွဲဆိုင်ရာ
စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲကို တော်လှန်ရေးလမ်းစဉ်အတိုင်း ဆန့်ကျင်သွားမယ့်လို့ တော်လှန်ရေးတပ်ဖွဲ့တွေပြော
ရွေးကောက်ပွဲကို အပိုင်း (၃)ခုနဲ့ ကျင်းပဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီက ကချင်ပြည်နယ်ထဲက မြို့နယ် (၉) နေရာလောက်မှာ ကျင်ပဖို့ ပြင်ဆင်နေတာဖြစ်ပြီး မြို့နယ်တစ်ချို့မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေထဲပါဝင်နေပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့ အပိုင်း(၁) ကြေညာချက်မှာ မြစ်ကြီးနား၊ တနိုင်း၊ မိုးညှင်း၊ ပူတာအို၊ နောင်မွန်၊ ခေါင်လန်ဖူး မြို့နယ်(၆)ခုပါဝင်ပြီး အောက်တိုဘာလ (၂၈) ရက်နေ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ရွေးကောက်ပွဲ အပိုင်း(၂) ကြေညာချက်ထဲမှာ မချမ်းဘော၊ မိုးကောင်းနဲ့ ဝိုင်းမော်မြို့နယ်တို့ပါဝင်လာပါတယ်။ ကချင်ပြည်နယ်မှာ မြို့နယ် ၁၈ မြို့နယ်ရှိတဲ့ ထဲကနေ မြို့နယ် ထက်ဝက်ခန့် ၉ နေရာလောက်မှာ ရွေးကောက်ပွဲကျင်းပဖို့ ကြေညာထားပြီးဖြစ်တဲ့ ခေါင်လန်ဖူးနဲ့ ဝိုင်းမော်မြို့နယ်တွေက KIA ထိန်းချုပ်ထားတဲ့ နယ်မြေတွေဖြစ်သလို အဓိကတိုက်ပွဲနေရာလည်းဖြစ်နေပါတယ်။ စစ်တပ်အာဏာသိမ်းပြီး အာဏာရှင်ကျဆုံးဖို့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း ဆက်လက်ပြီး ဆန့်ကျင်တော်လှန်သွားမှာဖြစ်တယ်လို့ ဖားကန့် KPDF တာဝန်ခံတစ်ဦးက KNG ကိုပြောပါတယ်။ “တော်လှန်ရေးတပ်ဖွဲ့တွေက တော်လှန်ရေးလမ်းစဉ်အတိုင်း ဆက်ပြီးသွားမှာဖြစ်တယ်။ စစ်တပ်က ရွေးကောက်ပွဲကို အပြလုပ်ပြီး အစိုးရတစ်ရပ်ဆိုပြီး အုပ်ချုပ်ရေးတွေဖွဲ့လာလိမ့်မယ်။ အဲဒီအခါမှာ ပြဿနာတွေ ကြီးကြီးမားမားတွေ ထွက်လာမယ်။ စစ်တပ်က ထွက်ပေါက်ရှာချင်တဲ့ သဘောအနေနဲ့၊ ပြီးရင် အာဏာရှင်ကို ဆွဲဆန့်နိုင်သလောက် ဆွဲဆန့်နေတယ်။ အဲထဲမှာ အုပ်ချုပ်ရေးမှူးတွေ၊ လွှတ်တော်အမတ်တွေကို ထိုးကျွေးတဲ့သဘောမျိုးပါပဲ။ ဒါကို ကျနော်တို့ဘက်က လုပ်စရာရှိတာဆက်လုပ်သွားမှာပါပဲ”လို့ပြောပါတယ်။ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေမှာက ရွေးကောက်ပွဲကျင်းပဖို့ ဖြစ်မလာနိုင်ဘူးလို့လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ချို့က မှတ်ချက်ပြုနေပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မြစ်ကြီးနား တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “ဖြစ်ခဲ့ရင်လည်း ခုလို တရားမဝင်တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကျနော်တို့ကော KIO/KIA ဥက္ကဋ္ဌ ကိုယ်တိုင်လည်းရှင်းရှင်းလင်းလင်းပြောထားပြီဖြစ်တယ်။ ဒီအပေါ်မှာ ပြည်သူတွေက ဘာလုပ်ရမလဲဆိုတာသိပြီးသားပါ”လို့ပြောပါတယ်။ ကချင်ပြည်နယ်ထဲမှာ နောက်ထပ် မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ ဗန်းမော်ခရိုင်ထဲက မိုးမောက်၊ မံစီ နဲ့ ဖားကန့် ဒေသတွေက လွှတ်တော်ကိုယ်စားလှယ်တစ်ချို့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတာလည်း တွေ့ရပါတယ်။ ဒါပေမယ့် စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပဖို့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ပါဝင်တာမတွေ့ရသေးပါဘူး။ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲက ဟန်ပြရွေးကောက်ပွဲတစ်ခုအနေနဲ့သာ ဖြစ်မြောက်သွားနိုင်ပေမယ့် တစ်ဖက်မှာ ကချင်ပြည်နယ်ရဲ့ စစ်ရေးကပိုပြီး ပြင်းထန်လာနိုင်တယ်လို့လည်း ကချင်နိုင်ငံရေးသုံးသပ်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။ “တကယ်လို့ ရွေးကောက်ပွဲပြီးသွားရင်တောင် အရင်တုန်းကလို လွှတ်တော်ကိုယ်စားလှယ်တွေ စုံစုံလင်လင်ထိုင်နိုင်တွေ့နိုင်ဖို့က ဒါကမဖြစ်နိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ ကချင်ထဲမှာဆိုရင် ၉ နေရာလောက်မှာ လုပ်ဖို့ ကြေညာထားတယ်။ တော်တော်များများနေရာတွေမှာက မလုပ်နိုင်တော့ တဝက်လောက်က လွှတ်တော်ကိုယ်စားလှယ်တွေ မရောက်နိုင်တော့ဘူး။ အဲ့လို မစုံမလင်နဲ့ လုပ်သွားဖို့ ပြင်ဆင်နေတယ်။ အဲ့တော့ဘာဖြစ်လာနိုင်သလဲဆိုတော့ အစိုးရတစ်ရပ်ဆိုပြီး ရှိလာမယ် ဒါပေမယ့် တိုက်ပွဲက ပိုပြီး ဖြစ်လာနိုင်ပါတယ်”လို့ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း အထူးစိုးရိမ်ကြောင်း အောက်တိုဘာလ ၂၅ ရက်နေ့ ကချင်လွတ်လပ်ရေးအဖွဲ့ (၆၉) နှစ်ပြည့် KIO အထိန်းအမှတ်နေ့မှာ KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ လည်းပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီလက်အောက် အုပ်ချုပ်ရေးယန္တရားအောက်မှာ ရှိနေတဲ့ပြည်သူတွေအနေနဲ့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ပူးပေါင်းပါဝင်လိုက်တာဟာ တစ်တိုင်းပြည်လုံးမှာ နေထိုင်ကြတဲ့ ပြည်သူလူထုအားရဲ့ ဘဝကံကြမ္မာကို အဆုံးအဖြတ်ပေးလိုက်တာဖြစ်တယ်လို့ သတိပေး တိုက်တွန်းပြောဆိုထားပါတယ်။ တစ်ဖက်မှာ စစ်တပ်အနေနဲ့လည်း ရွေးကောက်ပွဲကျင်းပဖို့ သတ်မှတ်ထားတဲ့ မြို့၊ ကျေးရွာနေရာတွေမှာ ရဲ၊ စစ်သားအင်အားတွေအသုံးပြုပြီး ပိတ်ဆို့ကန့်သတ်တာတွေ လုပ်ဆောင်ကာ ရွေးကောက်ပွဲဖြစ်မြောက်အောင် လုပ်ဆောင်သွားဖို့ ပြင်ဆင်နေတာလည်းတွေ့ရပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲ ဆန့်ကျင်နှောက်ယှက်သူတွေကို ကြီးလေးတဲ့ထောင်ဒဏ်အပြင် သေဒဏ်အထိပါချမှတ်နိုင်တဲ့ ဥပဒေတစ်ရပ်ကိုလည်း စစ်တပ်က ပြီးခဲ့တဲ့ ဇူလိုင်မှာ ထုတ်ပြန်ကြေညာထားပါတယ်။ ကချင်ပြည်နယ်အတိုင်းအတာနဲ့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ ပါတီ ၄ ခုတွေ့ရပြီး ရွေးကောက်တင်းမြောက်ခံရမယ့် ပါတီကိုယ်စားလှယ်လောင်းတွေရဲ့အမည်စားရင်းနဲ့ တကွ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတွေ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကချင်လူထုရဲ့ ထောက်ခံမှုအားကောင်းခဲ့တဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီ – KSPP ၊ ဒီမိုကရေစီပါတီသစ်(ကချင်)ပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ စတဲ့ ပါတီ ၄ ခုဖြစ်ပါတယ်။ ကချင်ပြည်နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ပြည်နယ်ပါတီ ၄ ခုအပြင် ပြည်ထောင်စုအဆင့်ဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ၊ ပြည်သူ့ရှေ့ဆောင်ပါတီ PPP ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ ပြည်သူ့ပါတီ စတဲ့ ပါတီစုစုပေါင်း ၈ ခုခန့်က ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ပြင်ဆင်နေတာတွေ့ရပါတယ်။ စစ်ကောင်စီကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွေကို မဲအများဆုံးရသူ အနိုင်ရသူစနစ်နဲ့ FPTP စနစ်ကိုကျင့်သုံးသွားမှာဖြစ်ပြီး အမျိုးသားလွှတ်တော်နဲ့ တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေမှာတော့ FPTP စနစ်အပြင် အချိုးကျစနစ် PR စနစ်နဲ့ ကျင့်သုံးသွားမှာဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ကြေညာထားပါတယ်။…
Read More » -
11 Novemberသတင်း
ပူတာအို – မြစ်ကြီးနားကားလမ်းပိုင်း တစ်ပတ်တစ်ကြိမ်သာဖွင့်ပေး
စစ်ကောင်စီတပ်ဘက်က ပိတ်ထားတဲ့ ကချင်ပြည်နယ် ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းသွားလာခွင့် တစ်ပတ်တစ်ကြိမ်သာဖွင့်ပေးထားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့မှာ စစ်ရေးအကြောင်းပြချက်နဲ့စစ်ကောင်စီတပ်ဘက်က ရုတ်တရက်ပိတ်ချလိုက်တဲ့ပူတာအို–မြစ်ကြီးနားလမ်းပိုင်း လက်ရှိအချိန်အထိ ဖြတ်သန်းသွားလာခွင့်ကန့်သတ်ခံထားရဆဲဖြစ်တယ်လို့ ပူတာအို ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ “တစ်ပတ်ကိုတစ်ခါပဲလွတ်ပေးတယ်ဗျ။ တစ်ခါတလေစနေနေ့ကိုလွတ်ပေးတယ် တစ်ခါတလေကျတော့…
Read More » -
10 Novemberသတင်း
ပူတာအိုမှာ ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ကျပ်သိန်း ၄၀၀ ဝန်းကျင်ပါသွား
ကချင်ပြည်နယ် ပူတာအိုမြို့ပေါ်မှာ မနေ့ည ဓားပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ကျပ်သိန်း ၄၀၀ ကျော်ပါသွားတယ်လို့ မြို့ခံများထံမှ သိရပါတယ်။ ပူတာအိုမြို့၊ လုံးစွတ်ရပ်ကွက်ထဲမှာ နိုဝင်ဘာလ ၉ ရက် မနေ့က ည ၈ နာရီတိတိအချိန်မှာ SK အမိန့်ရအပေါင်ဆိုင်…
Read More » -
7 Novemberသတင်း
ကားလမ်းပိတ်နေတဲ့အတွက် ပူတာအို – မြစ်ကြီးနားလေယာဉ်လက်မှတ်စျေးထိုးတက်
ကချင်ပြည်နယ်၊ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းပိတ်နေတဲ့အတွက် လေကြောင်းလိုင်းတွေကြပ်ပြီးလေယာဥ်လက်မှတ်စျေးနှုန်းတွေတဟုန်ထိုးမြင့်တက်သွားကြောင်း လေယာဥ်လက်မှတ်အ ရောင်းဌာနက သိရပါတယ်။ မြစ်ကြီးနား–ပူတာအိုလေယာဥ်လက်မှတ်စျေးနှုန်းပုံမှန်အားဖြင့် ကျပ် ၃၅၀၀၀၀ ( သုံးသိန်းခွဲ)နဲ့ ကျပ် ၄၀၀၀၀၀( လေးသိန်း) ကြားရှိရာကနေ ကားလမ်းပိတ်သွားတဲ့နောက် ကျပ် ၅၀၀၀၀၀(ငါးသိန်း) ကျော်အထိ တက်သွားကြောင်း…
Read More » -
3 Novemberသတင်း
ပူတာအို-မြစ်ကြီးနားလမ်းပိုင်း အတက်အဆင်းခွင့်ပြုပေမယ့် ကန့်သတ်ချက်တွေရှိနေ
ကချင်ပြည်နယ် ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်း အတက်အဆင်းခွင့်ပြုလိုက်ပေမယ့် ကန့်သတ်ချက်တွေများစွာရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာ ၂၃ ရက်နေ့ စစ်ကောင်စီတပ်ဘက်နေ ရုတ်တရက်ပိတ်ချလိုက်တဲ့ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းကို အောက်တိုဘာ ၃၁ ရက်နေ့က ပြန်ဖွင့်ပေးလိုက်ပေမယ့် အချိန်နဲ့ကုန်တစ်ချို့သယ်ယူခွင့်ကန့်သတ်ထားတယ်လို့ ကားသမားတစ်ဦးက KNG ကိုပြောပါတယ်။ “အတက်အဆင်းတော့ရှိတယ်ဒီနေ့လည်းကားတွေထပ်ဆင်းကြမယ် အဆင်းတော့နည်းနည်းအဆင်ပြပေမယ့် အတက်(မြစ်ကြီးနားမှပူတာအိုသို့) ကတော့ပုံမှန်လို့မဟုတ်ဘူး သူတို့သွားဆိုတဲ့အချိန်သွားရတယ် ဂိတ်မှာစောင့်နေရတာပေါ့နော်။ နောက်ပြီးတော့ သူတို့တားမြစ်ထားတဲ့ပစ္စည်းတွေတင်လို့မရဘူး”လို့ သူကပြောပါတယ်။ လတ်တလော စစ်တပ်က ပူတာအို– မြစ်ကြီးနားလမ်းပိုင်း သယ်ယူခွင့်ကန့်သတ်လိုက်တဲ့ ပစ္စည်းတွေဟာ ဆေးဝါး၊မိုးကာနဲ့ စက်သုံးဆီတွေကို အဓိကပိတ်ပင်ထားတယ်လို့ သိရပါတယ်။ ဒေသခံတွေပြောချက်အရ လတ်တလော ပူတာအိုကနေ မြစ်ကြီးနားအဆင်းကားတွေအတွက်အခက်အခဲမရှိပေမယ့် မြစ်ကြီးနားကနေ ကုန်တင်ပြီး ပူတာအိုဘက်တက်မယ့်ကားတွေက…
Read More » -
Oct- 2025 -30 Octoberသတင်း
ပူတာအိုတက်မယ့် ကားအစီး ၇၀ ဝန်းကျင် လမ်းခုလတ်မှာစောင့်ဆိုင်းနေရဆဲ
ကချင်ပြည်နယ် ပူတာအိုကိုတက်မယ့် ကုန်ကားအစီး ၇၀ နီးပါးဟာ စစ်တပ်ရဲ့လမ်းပိတ်ဆို့ထားဆဲဖြစ်တဲ့အတွက် လမ်းခုလတ်မှာစောင့်စိုင်းနေရကြောင်းသိရပါတယ်။ ပူတာအို – မြစ်ကြီးနားကားလမ်းပိုင်းကို စစ်ကောင်စီဘပ်က အောက်တိုဘာ ၂၃ ရက်နေ့မနက်ပိုင်းမှာ ရုတ်တရက်ပိတ်ချလိုက်ပြီးနောက် အောက်တိုဘာလ ၂၇ ရက်နေ့ မနက်ပိုင်း အဆင်းကားတွေကို…
Read More » -
29 Octoberသတင်း
စစ်တပ်က ခေါင်လန်ဖူးကိုအင်အားဖြည့်တင်း
ကချင်ပြည်နယ် ပူတာအိုခရိုင်ထဲက ခေါင်လန်ဖူးမြို့ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြည့်နေပြီး ဗျူဟာမှူးထိုင်ဖို့အထိ စစ်ရေးပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရပါတယ်။ စစ်ကောင်စီတပ်က ယခုရက်ပိုင်းခေါင်လန်ဖူးမြို့ကို လေကြောင်းသုံးပြီး စစ်အင်အားအလုံးအရင်းဖြည့်နေတဲ့အကြောင်း ခေါင်လန်ဖူးဒေသခံအမျိုးသားတစ်ဦး KNGကိုပြောပါတယ်။ “ပူတာအိုကိုအရင်ပို့တယ် Y-8နဲ့ ပူတာအိုကနေတဆင့်မချမ်းဘော့ နောင်မွန်လမ်းအတိုင်းတက်လာပြီးတော့ မဂွေဇအထိပို့တယ်။ မဂွေဇကနေတော့…
Read More » -
28 Octoberသတင်း
ပူတာအိုမှာ Mytel အင်တာနက်လိုင်းတွေပြန်ရ
ကချင်ပြည်နယ် ပူတာအိုမြို့ပေါ်မှာ Mytel ဖုန်းအင်တာနက်လိုင်းတွေပြန်ရတာ ရက်သတ္တပတ် ကျော်ရှိလာပြီလို့ ဒေသခံများထံမှသိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လကစပြီး စစ်ကောင်စီတပ်က ကချင်ပြည်နယ်တစ်ခုလုံး ဖုန်းအင်တာနက်လိုင်းဖြတ်တောက်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၅ ခုနှစ် မေလဝန်းကျင်ကစပြီး မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်တစ်ချို့မှာ…
Read More » -
23 Octoberသတင်း
ပူတာအိုမြို့စောင့်တပ်ထဲ စစ်အင်အားနဲ့လက်နက်ခဲယမ်းဖြည့်တင်းနေ
ကချင်ပြည်နယ် ပူတာအိုမြို့စောင့်တပ်မှာ စစ်ကောင်စီတပ်က စစ်အင်အားနဲ့ လက်နက်ခဲယမ်းတွေဖြည့်တင်းနေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ ဒီကနေ့ အောက်တိုဘာ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီတိတိမှာ ပူတာအိုမြို့၊ လေယာဉ်ကွင်းရပ်ကွက်မှာရှိတဲ့ အများပြည်သူသုံးလေယာဉ်ကွင်းမှာ Y-12 တစ်စီးနဲ့ စစ်အင်အား၊လက်နက်ခဲယမ်းတွေချသွားတယ်လို့…
Read More »







