ပူတာအို
-
Aug- 2025 -19 Augustသတင်း
ခေါင်လန်ဖူးမှာ ဆန်တစ်အိတ် ကျပ် ၅ သိန်းဝန်းကျင်အထိစျေးတက်
ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်ဘက်ကို ကုန်ကားတွေသွားလာလို့မရသေးတာကြောင့် ဆန်တစ်အိတ်ကိုကျပ် ၅ သိန်းဝန်းကျင်အထိစျေးတက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ပထမ အပတ်ကတည်းကနေ ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်းမှာမိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့်လမ်းပိုင်းဆိုးဆိုးဝါးဝါးပျက်စီးခဲ့ပြီး ဒီကနေ့အထိပြန်လည်ပြုပြင်နိုင်ခြင်းမရှိသေးတဲ့အတွက် ကုန်ကားအဝင် ရပ်တန့်နေတာလို့ ခေါင်လန်းဖူးမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ဆန်ကပြတ်နေတာတော့မဟုတ်ဘူး…
Read More » -
18 Augustသတင်း
ပူတာအိုမှာ ကလေးတစ်ဦး ကျောင်းကအပြန် ကားတိုက်ခံရပြီးသေဆုံး
ကချင်ပြည်နယ် ပူတာအိုမြို့မှာ KG တန်းတက်နေတဲ့ မိန်းကလေးငယ်တစ်ဦးကျောင်းသွားနေစဥ်ကားတိုက်ခံရပြီးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရပါတယ်။ ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်ထဲက KG တန်းတက်နေတဲ့ အသက် ၄ နှစ်ခန့်အရွယ်ရှိ မိန်းကလေးငယ်တစ်ဦးဟာ ယနေ့ သြဂုတ် ၁၈ ရက်နေ့ နေ့လည်ပိုင်းကျောင်းဆင်းချိန်အိမ်အပြန်မှာ…
Read More » -
8 Augustသတင်း
တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့က မူးယစ်ဆေးဖြတ်ပေးမယ်လို့ခေါ်နေပေမယ့် တပ်သားစုဆောင်းခံရမှာစိုးလို့ စာရင်းပေးသူမရှိ
ပူတာအိုနဲ့မချမ်းဘော့မြို့နယ်ထဲက မူးယစ်ဆေးစွဲနေတဲ့လူငယ်တွေကို မူးယစ်ဆေးဖြတ်ပေးမှာဖြစ်တဲ့အတွက် နာမည်စာရင်းလာသွင်းကြဖို့ တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့က ခေါ်နေပေမယ့် စာရင်းပေးသူမရှိဘူးလို့ သိရကြောင်း ဒေသခံတွေကဆိုပါတယ်။ ရဝမ်ပြည်သူ့စစ်ခေါင်းဆောင်ဦးတန်ဂူးတန်ဟာ မူးယစ်ဆေးစွဲနေတဲ့လူငယ်တွေကို စခန်းသွင်းပြီးမူးယစ်ဆေးဖြတ်ပေးမယ့်အကြောင်း ပြီးခဲ့တဲ့ ဇူလိုင်လကတည်းကနှုတ်နဲ့လှုံ့ဆော်ထားတာမျိုးရှိသလို သြဂုတ်လ ၄ ရက်နေ့ကလည်း စာနဲ့ထပ်မံထုတ်ပြန်လာပါတယ်။ “ဆေးဖြတ်မယ့်ကလေးတွေကိုဆေးပြတ်အောင်ပေါ့စခန်းသွင်းပြီးဆေးဖြတ်ပေးမယ်ဆိုပြီးပြောနေတာတော့နည်းနည်းကြာပြီအစီအစဥ်ရှိတယ်တဲ့အခုလုပ်မယ့်ဟာပဲနေမှာ အဲ့ကတည်းကတချို့မိဘတွေကတော့စိုးရိမ်တာပေါ့…
Read More » -
Jul- 2025 -30 Julyသတင်း
ရွာလုံးကျွတ် ရေထဲမျောပါသွားတဲ့ ထလာထုရွာပြည်သူများအတွက် အကူအညီလိုအပ်နေ
ကချင်ပြည်နယ် ၊ပူတာအိုခရိုင် နောင်မွန်မြို့နယ်ထဲက ရေဘေးသင့်ခဲ့တဲ့ ထလာထုကျေးရွာနေပြည်သူတွေဟာ နောင်မွန်မြို့ပေါ်ကို ရွှေ့ပြောင်းလာကြပြီး အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။ အိမ်ခြေ ၁၄ အိမ်ရှိတဲ့ ထလာထု ကျေးရွာမှာ ဇွန်လ ပထမပတ်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိမ်ခြေအားလုံး ရေစီးထဲမျောပါသွားခဲ့တာဖြစ်ပြီး အဲ့ဒီရေဘေးသင့်ပြည်သူတွေဟာလက်ရှိနောင်မွန်မြို့ပေါ်ကိုပြောင်းရွေ့နေထိုင်လာကြတာကြောင့် အကူအညီတွေလိုအပ်နေတာလို့…
Read More » -
29 Julyသတင်း
ကချင်မှာ အိမ်ခန်းငှားရမ်းခစျေး အဆမတန်မြင့်တက်လာလို့ စစ်ရှောင်တွေအခက်တွေ့
ကချင်ပြည်နယ် မြို့နယ်တစ်ချို့မှာ အိမ်ငှားခ၊ အခန်းငှားခ ဈေးအဆမတန်မြင့်တက်လာတဲ့အတွက် မြို့ပေါ်စစ်ဘေးရှောင်တဲ့ပြည်သူတွေ အခက်တွေ့နေကြတယ်လို့ သိရပါတယ်။ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မိုးညှင်း၊ မိုးကောင်းမြို့၊ပူတာအိုမြို့၊ဖားကန့်မြို့တွေမှာ စစ်ဘေးရှောင်ပိုများလာတဲ့အပြင် တစ်ဖက်မှာလည်း ကုန်စျေးနှုန်းမြင့်တက်လာမှုကြောင့် အိမ်ငှားခ၊ အခန်းငှားခစျေးပိုမြင့်တက်လာတယ်လို့ မိုးညှင်းဒေသခံအမျိုးသမီးတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “အိမ်ဌားခတွေ စျေးအဆမတန်မြင့်တယ် ခုမိုးညှင်းမှာ အင်းတော်ကြီးဘက်ကကော တစ်ချို့ဖားကန့်ဘက်ကလည်း စစ်ရှောင်တွေ လာစုရပ်ဖြစ်နေတော့ အိမ်ငှားခ အရင်က ငါးသောင်းတန် ခုတစ်သိန်းဝန်းကျင်ရှိတယ်။ ဈေးက တော်တော့်ကို တက်လာတာ”လို့ ပြောပါတယ်။ လတ်တလော မိုးညှင်းမြို့မှာ ဆယ်ပေ ပတ်လည် အခန်းတစ်ခန်းလျှင် ယခင် ၅ ရှစ်သောင်းဝန်းကျင်သာရှိပေမယ့် ခုတစ်သိန်းခွဲ၊ လုံးချင်းအိမ်တစ်အိမ်မှာ ယခင် သုံးသိန်းတန်၊ အခု ခြောက်သိန်းဝန်းကျင်အထိ ဈေးတက်တယ်လို့ သူက ဆက်ပြောပါတယ်။ မိုးညှင်းမြို့၊ မိုးကောင်းမြို့ပေါ် အိမ်ငှားနေထိုင်သူတွေဟာ စစ်ကိုင်းတိုင်း အင်းတော်နဲ့ ကချင်ပြည်နယ် အင်းတော်ကြီးဒေသ စစ်ဘေးရှောင်များ၊ ဖားကန့် ဆယ်ဇင်းစစ်ဘေးရှောင်များဖြစ်ပြီး ၂၀၂၅ ခုနှစ် မတ်လနဲ့ မေလအတွင်း KIA နဲ့ စစ်တပ်တို့အကြား တိုက်ပွဲကြောင့် ခိုလှုံလာကြတာဖြစ်တယ်လို့ သိရပါတယ်။ အလားတူ မြစ်ကြီးနားမြို့မှာလည်း အိမ်နဲ့ အိမ်ခန်းငှားခ ထက်ဝက်ခန့် ဈေးမြင့်တက်နေတယ်လို့ မြစ်ကြီးနား အိမ်ခြံမြေပွဲစား အမျိုးသားတစ်ဦး ခုလိုပြောပါတယ်။ “ဒီခေတ်အခြေနေအရ ကုန်စျေးနှုန်းတွေအရလည်း အရင်စျေးအတိုင်းဌားလို့မရတော့ဘူးဆိုတာတော့ ဌားတဲသူတွေလည်း သိတယ်။ ဒါပေမယ့် တစ်ချို့ကျတော့ ငှားတဲ့သူတွေများလာတော့ မတရားကိုစျေးတင်ကြတာ။ အဲမှာတစ်ချို့ပွဲစားတွေကတစ်ဆင့် ပွဲစားခတစ်လစာလောက်ကို ယူနေကြတာတွေ့ရတယ်။ ကျနော်တို့လည်း ပွဲခတော့ ယူပါတယ်။ဒါပေမယ့် သူတို့တတ်နိုင်သလောက်လေး ဆီဖို့း၊ခေါက်ဆွဲဖိုးလောက်ပဲယူတယ်”လို့ ပြောပါတယ်။ မြစ်ကြီးနားမြို့ ပျဉ်ထောင်နှစ်ထပ်လုံးချင်းအိမ်တစ်လုံး ယခင် ၃ သိန်းဝန်းကျင်၊ ယခု ၆ သိန်း ကျော်ရှိပြီး ၁၀ ပေပတ်လည် အခန်းတစ်ခန်း ယခင် ၅ သောင်း၊ ယခု တစ်သိန်းခန့်ရှိတယ်လို့ သိရပါတယ်။ အခုလို အိမ်၊ အခန်းငှားရမ်းခ ဈေးမြင့်တက်ပေမယ့် အိမ်ငှားသူများ တစ်နေ့ထက်တစ်နေ့ ပိုများလာတယ်လို့ သူက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ် စစ်ဆင်ရေးစတင်လာချိန် ဝိုင်းမော်မြို့နယ်ဘက်က ကျေးရွာပေါင်း ၂၀ ကျော် ပြည်သူသောင်းချီဟာ ဂွေထုနဲ့နောင်းချိန်းဘက်ကို သွားရောက်ခိုလှုံနေေထိုင်ကြတာရှိသလို ငွေကြေးတတ်နိုင်သူ အများပိုင်းက မြစ်ကြီးနားမြို့ပေါ် အိမ်လုံးချင်း၊ အခန်းငှားပြီး နေထိုင်ကြတာဖြစ်ပါတယ်။ ဒါ့အပြင် မြစ်ကြီးနားမြို့ပေါ် အိမ်ငှား၊ အခန်းငှားသူများထဲမှာ ဗန်းမော်မြို့ဘက်က တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်များလည်း ပါဝင်တယ်လို့ သိရပါတယ်။ ကုလသမ္မဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၂၀၂၄ ခုနှစ် ဩဂုတ် ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်မှာ ၂၀၁၁ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေတို့ရဲ့ တစ်ကြော့ပြန်စစ်ပွဲပြန်လည် စတင်ချိန်ကတည်းကနေ ၂၀၂၁ ဖေဖော်ရီလထိ စစ်ရှောင်ဦးရေဟာ တစ်သိန်းတစ်သောင်းငါးရာ (၁၁၀၅၀၀ ) ထိရှိပေမယ့် အာဏာသိမ်းပြီးနောက် ၂၀၂၄ ဩဂုတ်လ ၁၂ရက်အထိမှာတော့ တစ်သိန်း ကိုးသောင်းလေးထောင်ကိုးရာ (၁၉၄၉၀၀)ထိ မြင့်တက်လာတယ်လို့ ဖော်ပြထားတာဘဲ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ကနေ ၂၀၂၁ ခုနှစ်အထိရှိခဲ့တဲ့ စစ်ရှောင်အရေအတွက်နဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ဩဂုတ်လအထိ မြင့်တက်ခဲ့တဲ့ စစ်ရှောင်အရေအတွက် နှစ်ခုကိုနှိုင်းယှဉ်ကြည့်လိုက်ပါက အာဏာသိမ်းပြီးနောက် ၃နှစ်အတွင်း ကချင်ပြည်နယ်မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်တဲ့ စစ်ရှောင်ဦးရေ ၈သောင်း ၄ ထောင်၄ရာ (၈၄၄၀၀) ထိ တိုးလာပါတယ်။ By – CJ
Read More » -
24 Julyသတင်း
လာဟီဆင်စခန်းပြန်ရဖို့ စစ်ကောင်စီပူးပေါင်းတပ်ကြိုးပမ်းနေ
ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်မှာ စစ်ကောင်စီလက်လွတ်ဆုံးရှူံးခဲ့ရတဲ့ လာဟီဆင်ရှေ့တန်းစခန်းကိုပြန်ရဖို့ စစ်ကောင်စီတပ်နဲ့ ဌာနေပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေကြိုးပမ်းနေတယ်လို့သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ထားတဲ့ လန်ဆယ်ကျေးရွာနဲ့ ခေါင်လန်းဖူးမြို့ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ်က လာဟီဆင် မဆုတ်တမ်းခံစစ်စခန်းကိုပြန်ရဖို့ စစ်ကောင်စီတပ်နဲ့ခေါင်လန်ဖူးဌာနေပြည်သူ့စစ်ပူးပေါင်းတပ်တွေကြိုးပမ်းနေတယ်လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။ “မြေပြင်သတင်းအရကတော့ သူတို့ ခေါင်လန်ဖူးမှာ စစ်သားအင်အားတွေဖြည့်တင်းနေတယ်။ ပြီးတော့…
Read More » -
21 Julyသတင်း
ခေါင်လန်ဖူး-ပူတာအိုလမ်းပျက်စီးမှု တစ်လကျော်ကြာမြင့်လာတဲ့အထိ ပြုပြင်နိုင်ခြင်းမရှိသေး
ကချင်ပြည်နယ် ပူတာအို–ခေါင်လန်ဖူး ကားလမ်းပိုင်းပျက်စီးမှုတစ်လကျော်ကြာမြင့်လာတဲ့အထိ ပြုပြင်နိုင်ခြင်းမရှိသေးတဲ့အတွက် အသွားအလာပြတ်တောက်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဇွန်လ ပထမအပတ်ကနေ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ခေါင်လန်ဖူး –ပူတာအိုကားလမ်းပိုင်း နေရာအများပိုင်း လမ်းမြေပြိုတာ၊တောင်ပြိုတာတွေကြောင့် လမ်းပိုင်းသွားလာလို့မရပဲ ဒီကနေ့အထိ အသွားအလာပြတ်တောက်နေတာဖြစ်တယ်လို့ ခေါင်လန်ဖူး ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “လမ်းကအခုထိရှင်းကိုမရှင်းသေးတာ ဟိုတလောတခါပြိုတုန်းက ရှင်းသေးတယ်။ ဒါပေမယ့်ထပ်ပြိုထပ်ပြိုတော့ရှင်းလည်းမထူးတော့ဘူးဆိုပြီး အခုက မရှင်းတော့တာ မိုးကုန်မှပဲရှင်းမယ်တဲ့။ အဲ့ချိန်မှသွားလို့ရမှာအခုလမ်းကသွားလို့မရတာ တစ်လကျော်နေပြီ”လို့ အသက် ၄၀ ကျော်အရွယ်ခေါင်လန်ဖူးဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ ခေါင်လန်ဖူး– ပူတာအိုကမ်းလမ်းပိုင်းမှာ ဒီနှစ် မတ်လမှာတစ်ကြိမ် လမ်းပိုင်းမြေပြိုမှုဖြစ်ခဲ့ပြီး ဒေသခံတွေပြန်လည်ပြုပြင်ခဲ့ပေမယ့် ယင်းနေရာမှာထပ်ပြိုခဲ့တာကြောင့် မိုးရာသီကုန်မှသာ ပြုပြင်နိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ ကားလမ်းပြိုတဲ့နေရာဟာ ပူတာအို–ခေါင်လန်ဖူး လမ်းရှိ ရီဒမ်းဂိတ်တစ်လျှောက်အဆိုးဆုံးလို့သိရပြီး တစ်လမ်းလုံးနီးပါးပြိုထားတာကြောင့်ပြန်လည်ပြုပြင်ဖို့ လနဲ့ချီကြာနိုင်တယ်လို့သိရပါတယ်။ “လမ်းကဒီရှစ်လကုန် ကိုးလပိုင်းလောက်မှရှင်းမယ်တဲ့ အခုရှင်းလည်းမိုးရွာရင်ထပ်ပြိုမှာဆိုတော့ အခုကမရှင်းတော့ဘူး ရှစ်လ၊ကိုးလ လောက်မှသွားလာလို့ရမှာ”လို့ ပူတာအိုဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ ယင်းလမ်းပိုင်းဟာ ခေါင်လန်ဖူးဒေသအတွက် တစ်ခုတည်းသော ကုန်စည်စီးဆင်းရာလမ်းကြောင်းဖြစ်ပြီး အခုလိုအသွားအလာပြတ်တောက်နေတဲ့အတွက် ခေါင်လန်ဖူးဒေသခံအတွက် အခြေခံစားသောက်ကုန်၊လူသုံးကုန်တွေကို တရုတ်ပြည်နယ်စပ် ဝင်ပေါက်ဖြစ်တဲ့ရှိန်းခေါင်လမ်းပိုင်းကိုအသုံးပြုနေရတယ်လို့သိရပါတယ်။ ရှိန်းခေါင်လမ်းပိုင်းဟာ ကားသွားလို့မရတာတာကြောင့် ကုန်သယ်ယူဖို့ အခက်အခဲရှိနေပြီး ကုန်စည်အဝင်နှေးတဲ့အတွက် ကုန်စည်ရှားပါးတာ၊ကုန်စျေးတက်တာတွေလည်းကြုံတွေ့နေရကြောင်းဒေသခံတွေကဆိုပါတယ်။ ပူတာအို –ခေါင်လန်းဖူး ကားလမ်းပိုင်းဟာမြေသားလမ်းဖြစ်တာကြောင့် ပုံမှန်အချိန်တွေမှာလည်း ခက်ခက်ခဲခဲသွားလာနေရတဲ့လမ်းပိုင်းဖြစ်ပါတယ်။ ခေါင်လန်းဖူးနဲ့အလားတူ နောင်မွန်မြို့နယ်ထဲမှာလည်း ပြီးခဲ့တဲ့ ဇွန်လပိုင်းက မိုးရွာသွန်းမှုကြောင့်ကျေးရွာချင်းဆက်တံတားကြီး ၅ စင်းနဲ့လမ်းပိုင်းအများအပြားပျက်စီးခဲ့ပြီးတချို့နေရာတွေမှာဒီကနေ့အထိအသွားအလာပြတ်တောက်နေဆဲ လို့သိရပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
10 Julyသတင်း
ဆွမ်ပရာဘွမ်ဘက်ကို စစ်တပ်က စစ်ရေးလှုပ်ရှားမှုစတင်ပြုလုပ်လာ
ကချင်ပြည်နယ် ပူတာအိုမြို့တွင်း အခြေစိုက် ခ.လ.ရ ၄၆ တပ်ထဲမှာ လက်နက်ခဲယမ်းတွေဖြည့်တင်ပြီးနောက် စစ်ကောင်စီတပ်က ဆွမ်ပရာဘွမ်ဘက်ကိုဦးတည်ပြီး စစ်ရေးလှုပ်ရှားမှုတွေလုပ်လာနေတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ပထမအပတ်မှာ ပူတာအို ခ.လ.ရ ၄၆ တပ်ထဲကို လက်နက်၊…
Read More » -
8 Julyသတင်း
ပူတာအို နမ့်ထွမ်ချောင်းမှာ အမျိုးသမီးနှစ်ဦးရေနစ်သေဆုံး၊တစ်ဦးရုပ်အလောင်းပြန်တွေ့
ကချင်ပြည်နယ် ပူတာအိုမြို့နယ် နမ့်ထွမ်ချောင်းမှာအမျိုးသမီးနှစ်ဦး ရေနစ်သေဆုံးခဲ့ပြီး တစ်ဦးရုပ်အလောင်းပြန်တွေ့ကြောင်းဒေသခံများထံမှ သိရပါတယ်။ ရေနစ်သေဆုံးတဲ့ အမျိုးသမီးနှစ်ဦးဟာ ပူတာအိုမြို့နယ် နာမ်ထူခူးကျေးရွာထဲကဖြစ်ပြီး ဇူလိုင်လ ၅ ရက်နေ့မွန်းလွဲပိုင်းမှာ အခင်းကနေ နေအိမ်ပြန်လာတဲ့လမ်းရှိ နမ့်ထွမ်ချောင်းဖြတ်ကူးစဥ် ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ပူတာအိုမြို့ခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “ပြန်လာတာက သုံးယောက်တဲ့ယောက်ကျားလေးတစ်ယောက်နဲ့အဲ့မိန်းကလေးနှစ်ယောက်ပေါ့။ ယောက်ကျားလေးကရှေ့ကနေဦးဆောင်ပြီးချောင်းကူးတာ။ အဲ့မှာတွဲထားတဲ့လက်ကပြုတ်သွားတာရေစီးသန်တော့ လက်တွဲပြုတ်သွားတော့နှစ်ယောက်စလုံးရေနစ်သွားတာ”လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသမီးကပြောပါတယ်။ ရေနစ်သေဆုံးသွားတဲ့အမျိုးသမီးနှစ်ဦးက နာမ်ထူခူးရွာခံ အသက် ၅၂ နှစ်အရွယ်အမျိုးသမီးတစ်ဦးနဲ့ အသက် ၁၅ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးတို့ဖြစ်ပြီး မြေအဖွားတော်စပ်သူတွေဖြစ်ကြောင်းသိရပါတယ်။ “အဖွားရဲ့ရုပ်အလောင်းကိုတော့ မနေ့က ပြန်တွေ့တယ်။ ရွာသားတွေရှာတော့ပြန်တွေ့တာကလေးမရဲ့ရုပ်အလောင်းကတော့ပြန်မတွေ့သေးဘူးပြောတယ်”လို့ ဖြစ်စဥ်သိတဲ့အထက်ဖော်ပြပါအမျိုးသမီးကဆက်ပြောပါတယ်။ နာမ်ထူခူးကျေးရွာဟာ ပူတာအိုမြို့ရဲ့တောင်ဘက် မြို့နဲ့ ၁၀ မိုင်ကျော်အကွာမှာတည်ရှိတာဖြစ်ပါတယ်။ ပူတာအိုမှာပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကတည်းကနေ မိုးတွအဆက်မပြတ်ရွာသွန်းနေတာကြောင့် လက်ရှိနမ့်ထွမ်ချောင်းရေကြီးရေလျှံနေတဲ့အပြင် နာမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံပါရေကြီးမှုကြောင့်စက်ပိုင်းဆိုင်ရာချို့ယွင်းမှုတွေဖြစ်ပေါ်နေတာဖြစ်ပါတယ်။ နာမ့်ထွမ်ချောင်းရေကြီးပြီး ရေအားလျှပ်စစ် စက်ရုံစက်ပိုင်းဆိုင်ရာထိခိုက်ပျက်စီးမှုဖြစ်သွားတာကြောင့် ပူတာအိုမှာ တစ်ပတ်ကျော်ကြာ လျှပ်စစ်မီးတွေပြတ်တောက်နေတာ ဖြစ်ပါတယ်။ ဇူလိုင်လ ၅ ရက်နေ့က အမျိုးသမီးနှစ်ဦးရေနစ်မြှပ်မှုဖြစ်သွားတဲ့ နာမ့်ထွမ်ချောင်းမှာ ၂၀၂၄ ခုနှစ်တုန်းကလည်း ပူတာအိုအထက်တန်းကျောင်းက ကျောင်းသားတစ်ဦးရေနစ်သေဆုံးမှုဖြစ်ခဲ့တဲ့ချောင်းလည်းဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
3 Julyသတင်း
မဆွန်စွပ်ရွာအနီး မြေပြိုလို့ ပူတာအို – မြစ်ကြီးနားလမ်းပိုင်း ကုန်ကားကြီးတွေပိတ်မိနေ
ကချင်ပြည်နယ် မြစ်ကြီးနား– ပူတာအိုကားလမ်းပိုင်းရှိ မဆွန်စွပ်ကျေးရွာအနီးမှား ကားလမ်းမြေပြိုနေတာကြောင့်ကုန်ကားကြီးတွေ သွားလာလို့မရ ပိတ်မိနေတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ တတိယပတ်ကတည်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပူတာအို–မြစ်ကြီးနားကား လမ်းပိုင်းမှာမြေပြိုမှုတွေဖြစ်ပေါ်ခဲ့ပြီး မဆွန်စွပ်ကျေးရွာအနီးမှာ ဆိုးဆိုးဝါးဝါးမြေပြိုသွားတာဖြစ်တယ်လို့ ကားသမားတစ်ဦး KNGကိုပြောပါတယ်။ “လမ်းက ကျဥ်းကျဥ်းလေးပဲကျန်တော့ မိုးဆက်ရွာလို့ထပ်ပြိုရင်တော့…
Read More »








