,
စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် ဇွန်လ ၁၁ ရက်နေ့ မှ ၁၈ ရက်နေ့အထိ တစ်ပတ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကြား တိုက်ပွဲ ၄ ကြိမ်အထိဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၁၀၀ ကျော်သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ တစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။ ဇွန်လ ၁၁ ရက်နေ့မှ စတင်ကာ ကသာနယ်သို့ ကုန်းကြောင်း၊ ရေကြောင်းဖြင့် ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့များကို ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ အင်းကြီးလောင်းတော်ဦးဘုရားအနီးတွင် တစ်ကြိမ်၊ ဇွန်လ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ အရာတော်မြို့နယ် လဝကရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းကာ သွားရောက်ပစ်ခတ်ခဲ့ကြောင်း (ပကဖ) တာဝန်ရှိသူများမှ သိရသည်။ အဆိုပါမြို့နယ် လဝကရုံးကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန်တွင် မုံရွာခရိုင် တပ်ရင်း(၄) Chindwin Attack Force တပ်ခွဲ (၁) သပြေညိုပြောက်ကျားတပ်ဖွဲ့၊ တပ်ခွဲ(၃) Ayardaw Falcon Force (AF2)၊ Ayardaw Bone Naing –PDF (A.B.N.P.D.F)၊ ပတမြားညီနောင်ပြောက်ကျားတပ်ဖွဲံတို့ပူးပေါင်းကာ
စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် ယမန်နေ့ မတ်လ ၂ ရက်နေ့က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကြား သုံးနာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ် ၃၀ ကျော် ထိခိုက်သေဆုံးခဲ့ကြောင်း မြောင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ သိရသည်။ မြောင်မြို့နယ်သို့ အင်အား ၁၂၀ ခန့်ဖြင့် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ကို မြောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့ ၃၈ ဖွဲ့တို့ပူးပေါင်းကာ နံနက် လေးနာရီအချိန်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ သုံးဆယ်ကျော် ထိခိုက်သေဆုံးခဲ့ကြောင်း မြောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ