,
ကချင်ပြည်နယ် ဝိုင်းမော်မြို့ ဝါးရှောင်ကျေးရွာနှင့် ကန်ပိုက်တည်လမ်းပိုင်းတွင် ပြည်သူ့စစ်၏ အကောက်အခွန်ဂိတ်နှင့် စစ်ဆေးရေးဂိတ် ပိုမိုများပြားလာနေ ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ ဝါးရှောင်-ကန်ပိုက်တည် လမ်းပိုင်းတွင် ယခင် အာဏာမသိမ်းခင်က ဝါးရှောင်ကျေးရွာအထွက် စုပေါင်းဂိတ် ၊ ဆဒုံးဂိတ် နှစ်ခုခန့်သာရှိပြီး စစ်တပ်အာဏာသိမ်းသည့်နောက်ပိုင်း ၂၀၂၁ ခုနှစ် စက်တင်ဘာလပိုင်းမှစကာ ယင်းလမ်းပိုင်း၌ ဦးရွှေမင်း၏ ပြည်သူ့စစ်နှင့် ဦးဇခုန်တိန့်ယိန်း၏ ပြည်သူ့စစ်အကောက်အခွန်ဂိတ်နှင့် စစ်ဆေးရေးဂိတ် ဆယ်ခု ထက်မက တိုးလာသောကြောင့် ခရီးသွားလာရေး ခက်ခဲလာကြောင်း
တနိုင်း လီဒိုလမ်းမပေါ် ရှဒူးဇွပ် (Jahtu Zup) ကျေးရွာတွင် ရွှေတူးဖော်နေသော စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် ခေါင်းဆောင် မင်းဇင်သန့်၏ ဘက်ဟိုး ၂ စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂ မှ မီးရှို့ လိုက်ကြောင်း သိရသည်။ မေလ ၁၉ ရက်ည ထိုသို့ မီးရှို့လိုက်ပြီးနောက် မေလ ၂၂ ရက်နေ့တွင် လုပ်ငန်းရှင် ၃၀ ဝန်းကျင်ခန့်ကို စံပြ
စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်အဖွဲ့နှင့် နယ်ခြားစောင့်တပ်အပြင် ၂၀၀၈ ဖွဲ့စည်းပုံအောက် နိုင်ငံရေးပါတီများကို ရန်သူ အဖြစ် သတ်မှတ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပြောသည်။ မေလ ၁၆ ရက်နေ့ KIO သတင်းပြန်ကြားရေးစာမျက်နှာ ‘The Kachin Net’ တွင် ဖော်ပြချက်နှင့်ပတ်သက်ပြီး ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ယခုလို ပြောသည်။ “တကယ်တော့ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်ဆိုတာ ကိုယ့်ဒေသကိုကာကွယ်တာ၊ လူထုကိုကာကွယ်တဲ့တပ်ဖွဲ့ဆိုရင်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကားမိုင်မြို့တွင် ယနေ့နံနက်ပိုင်း ၈နာရီဝန်းကျင်တွင် စစ်ကောင်စီလက်အောက်ခံ ကားမိုင်းဌာနေ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦး သေနတ်ပစ်သတ်ခံလိုက်ရကြောင်း သတင်းရရှိပါသည်။ ပစ်သတ်ခံရသူမှာ အသက် ၅၈နှစ်အရွယ်ရှိ ဦးဇော်ဌေး ခေါ်သူဖြစ်ပြီး ကားမိုင်းမြို့မရပ်ကွက်ရှိ မြန္ဒာလက်ဖက်ရည်ဆိုင်အတွင်း ထိုင်နေစဉ် ဆိုင်ကယ် မောင်နင်းလာသော လူ ၂ဦးက ဝင်ရောက်ပစ်သတ်သွားသည်ဟု ကားမိုင်းဒေသခံတစ်ဦးက KNG သတင်းဌာနကို အတည်ပြုပြောဆိုသည်။ “သူက ပြည်သူ့စစ်အဖွဲ့တစ်ဦးဖြစ်တယ်။ ဆိုင်ကယ်နဲ့ လူ ၂ယောက်ဝင်ပစ်သွားတယ်လို့ပြောပါတယ်။ သူထိုင်နေတဲ့ နေရာကနေ
စစ်ကိုင်းတိုင်း ကသာမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများတွင် ပြည်သူ့စစ်လုပ်ရန် ဟုဆိုကာ ကသာမြို့နယ်အုပ်ချုပ်ရေးရုံးမှ တောင်းဆိုထားကြောင်း ဒေသခံများထံမှ သိရသည်။ "ကသာထွေအုပ်ကနေ ရပ်ကွက်မှူးတွေ၊ အုပ်ချုပ်ရေးမှူးတွေခေါပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့ဖို့ တစ်ရွာကို လူ ၂၀ ပေးဖို့ တောင်းထားတယ်လို့ကြားရတယ်" ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။ အဆိုပါ လူစာရင်းအား ဇန်နဝါရီလ ၆ ရက်နေ့ ကသာအထွေအထွေအုပ်ချုပ်ရေး အစည်းအဝေးကျင်းပစဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ " ခုထက်ထိ ကျမတို့ရပ်ကွက်မှာ လူစာရင်းလာကောက်တာတော့
ကချင်ပြည်နယ်အနောက်ဘက် လီဒိုလမ်းမပေါ်ရှိ ရှထိုးဇွပ်ကျေးရွာတွင် ပြည်သူ့စစ်အဖွဲ့က လူငယ်တစ်ဦးကို ရိုက်နက်ခဲ့သည့်အမှုနှင့်ပတ်သက်ပြီး ကျူးလွန်သူများကိုအရေးယူပေးရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ တောင်းဆိုထားသည်ဟု သိရသည်။ (more…)
ဝိုင်းမော်မြို့နယ် ဦးလဆန်အောင်ဝါ ဌာနေပြည်သူ့စစ်ဒေသ နမ်ခေါင် ရွာသားများ၏ အခက်ခဲ ငိုကြွေးသံများကို ကျွန်တော်တို့ အနေဖြင့် ယခုနှစ်ဆန်း ကတည်းကပင် စတင်ကြားခဲ့ရပါသည်။ ထို့ကြောင့် မတ်လ ၇ ရက်နေ့တွင် ကျွန်တော်တို့ သတင်းသမားအချို့သည် ဂွေထုဒေသ နမ်ခေါင်ကျေးရွာကို ရောက်သွားခဲ့ပါသည်။ အကြောင်းတိုက်စွာဖြင့် ထိုနေ့တွင် စိတ်မကောင်းစရာ မြင်ကွင်းများကို တွေ့ခဲ့ရသည်။ အဖြစ်အပျက်မှာ ကျွန်တော်တို့အဖွဲ့ ရွာကိုရောက်ပြီး ခနအကြာ ရွာနဘေး မီးလောင်သံ စတင်ကြားရပြီး ကောင်းကင် တစ်ခုလုံး