ဆားလင်းကြီးနယ်တွင် စစ်ကောင်စီတပ် သေနတ်လိုက်လံပစ်ခတ်မှုကြောင့် ပြည်သူ ၂ဦးထိမှန်

စစ်ကိုင်းတိုင်းဒေသ ဆားလင်းကြီးမြို့နယ် တရားနှင့် ကန်တွင်း ကျေးရွာ ၂ခုမှ ဒေသခံပြည်သူ ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ သေနတ်လိုက်လံပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း Salingyi Special Task Force မှ သိရသည်။ ဇူလိုင်လ ၄ ရက်နေ့ ည ၉ နာရီဝန်းကျင်တွင် သံဖိုတောင်ကျေးရွာသို့ ရုတ်တရက် ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ မနက် ၇ နာရီဝန်းကျင်တွင် တရားကျေးရွာဘက်သို့ ထပ်မံဝင်ရောက်လာစဉ်