ပြန်လည်ထူထောင်

  • Oct- 2024 -
    29 October
    သတင်း

    ဆိုင်းတောင်ပြည်သူတစ်ချို့နေရပ်ပြန်နေထိုင်ခွင့်ရ၊ 

    ဖားကန့် မြို့နယ် ဆိုင်းတောင်ကျေးရွာတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ ပြည်သူတစ်ချို့နေရပ်ပြန်လာနေထိုင်ခွင့်ရပြီဖြစ်တယ်လို့ ဒေသခံတွေ ပြောပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့ကနေ အောက်တိုဘာလ ၉ ရက်နေ့အထိ တစ်လဝန်းကျင်ကြာမြင့်ခဲ့တဲ့ ဆိုင်းတောင်ကျေးရွာတိုက်ပွဲကြောင့် ဒေသခံပြည်သူတွေဟာ အိုးအိမ်စွန့်ကာထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။ သို့သော် တိုက်ပွဲငြိမ်သက်သွားတဲ့နောက် အောက်တိုဘာလ နိုဝင်ဘာလ ၇ ရက်နေ့ကစပြီး ဒေသခံတစ်ချို့နေရပ်ပြန်လာနေထိုင်နေပြီဖြစ်ပေမဲ့ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ လေကြောင်းနဲ့ဗုံးကြဲတာ၊ ငွေကြေးပေးပြီး နေအိမ်မီးရှို့စေခိုင်းတာတွေကြောင့် အိမ်ခြေ ၂၀၀ ကျော်မီးလောင်ပျက်စ်ီးသွားတဲ့အတွက် အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ပြည်သူတွေများစွာရှိနေပါတယ်။ ဒါကြောင့် ဒေသခံတွေဟာနေရပ်ပြန်လာနေကြပေမဲ့ နေစရာအိမ်မရှိတော့တဲ့ အကူညီလိုအပ်နေတယ်လို့ ဆိုင်းတောင်ဒေသခံတွေက ပြောပါတယ်။ “အစကလို ပြန်လာတဲ့သူတွေကတော့ ဆိုင်တွေဘာတွေပြန်ဖွင့်နေပြီ။ အဝေးကိုတိမ်းရှောင်သွားတဲ့သူတွေ၊ မြစ်ကြီးနားဘက်တို့ ဆင်းသွားတဲ့သူတွေကတော့ မပြန်လာဘူး။ မီးလောင်သွားတဲ့အိမ်တွေကိုတော့ KIO ဦးဆောင်ပြီး ရှင်းလင်းရေးတွေလုပ်နေတယ်။ ကုမ္မဏီတွေကိုခေါ်ပြီး ကုမ္မဏီတစ်ခု ကားတစ်စီးနဲ့ နေ့တိုင်းလုပ်အားပေးလုပ်နေတယ်” လို့ ဖားကန့် ဆိုင်းတောင် ဒေသခံတစ်ဦးက ပြောပါတယ်။ ဒေသခံတွေနေရပ်ပြန်လာနိုင်ဖို့ အောက်တိုဘာလ လဆန်းပိုင်းကစပြီး KIO ဘက်က ဦးဆောင်ကာ ပရဟိတအသင်းများရွာသူ၊သားများနဲ့ ရှင်းလင်းရေးလုပ်ဆောင်နေပြီး ရပ်ကွက်တစ်ခုပြီးတစ်ခု တစ်သုတ်ပြီးတစ်သုတ် ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုနေပြီဖြစ်တယ်လို့ သိရပါတယ်။ သို့သော် တစ်ချို့ရက်ကွက်တွေကတော့  ရှင်းလင်းရေးလုပ်ဆောင်မှုမပြီးပြတ်သေးတဲ့အတွက် ရွာထဲပြန်လည်နေထိုင်ဝင်ခွင့်မရသေးသူတွေရှိသလို နေအိမ်မရှိတော့တစ်ချို့တစ်ဝက်ဟာ ဖားကန့်မြို့ အနီးအနားကျေးရွာတွေရှိ ဘာသာရေးအဆောက်အအုံ၊ စစ်ရှောင်စခန်းတွေမှာ ဆက်လက်ခိုလှုံနေကြရပြီး မြစ်ကြီးနားမြို့ဘက်ကို တိမ်းရှောင်သွားသူတွေလည်းများတယ်လို့ ဆိုပါတယ်။ ရွာထဲဝင်ခွင့်မပြုသေးတဲ့နေရာတွေဟာ ကျောက်တွင်းတောင်၊ ဖားပြင်၊ ယူမာကျေးရွာ(ကျောက်ဝိုင်း) ဘက်က ဒေသခံပြည်သူတွေနဲ့ ယူမာရွာနဲ့ကပ်ရပ် ဆိုင်းတောင် ရပ်ကွက် ၃ နေရာတွေဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။ မီးလောင်ပျက်စီးသွားတဲ့နေအိမ်တွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIO ဘက်ကဦးဆောင်ပြီး ရှင်းလင်းရေးတွေလုပ်ဆောင်ပေးနေပေမဲ့ ပြန်လည်ထူထောင်ရေးအတွက် တာဝန်ယူဖို့ အစီအစဉ် ရှိမရှိကိုတော့ မသိရဘူးလို့ ဒေသခံတွေဘက်က ပြောပါတယ်။ “ပြန်လည်ထူထောင်ရေးအတွက်ကတော့ စီမံကိန်းရှိမရှိ ကျနော်တို့လည်းမသိရဘူး။ KIO ဘက်က လက်ရှိမှာတော့ စစ်ရှောင်တွေကို ကုမ္မဏီတစ်ခုချင်းစီကနေ ဆန်ဘယ်နှအိတ်ဆိုပြီး ဦးစီးလှူဒါန်းပေးတာတွေတော့ ရှိတယ်။ ကူညီမှုတွေတော့ အများကြီးလိုအပ်နေတယ်။ အားလုံး ပြောင်သလင်းခါသွားပြီလေ။ နေအိမ်တွေ ပြန်လည်ဆောက်ယူဖို့က ဒီအချိန်မှာ မလွယ်ဘူးဒါကြောင့် ကူညီမှုအရမ်းလိုအပ်နေတယ်။ ကုန်စျေးနှုန်းတွေက မြှင့်နဲ့ တော်တော်ခက်ခဲတာပေါ့” လို့ ဆိုင်းတောင်ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ တစ်လခန့် ကြာမြှင့်ခဲ့တဲ့ ဆိုင်းတောင်တိုက်ပွဲအတွင်း စစ်ကောင်စီ စစ်ကြောင်းကနေ မြေပြင်ကနေ မီးလိုက်ရှို့လို့ အရပ်သားနေအိမ် ၁၇၅ ခု မီးလောင်ဆုံးရှုံး ပြာကျသွားပြီး စစ်တပ်ရဲ့ လေကြောင်းပစ်ခတ်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားတဲ့ အိမ်ခြေ ၆၈ အိမ်အပြင် တိုက်ပွဲကာလအတွင်း သူခိုးဖောက်ထွင်းမှုကြောင့် ပျက်စီးသွားတဲ့ အိမ်ခြေ ၃၀ ခန့်ရှိတယ်လို့လည်း KIO ကဆိုပါတယ်။  ဒါ့အပြင် ဆိုင်းတောင်တိုက်ပွဲမှာ အရပ်သား ၁၆ ဦးသေဆုံးခဲ့ရပြီး ၃၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးသတင်းဌာနရဲ့ဖော်ပြထားချက်အရ ဆက်လက်သိရပါတယ်။ တိုက်ပွဲကြောင့် အသက်အိုးအိမ်ဆုံးရှုံး နစ်နာသွားသူတဲ့ ဒေသခံပြည်သူတွေအတွက် သက်ဆိုင်ရာ  KIO ဘက်က ဦးစီးတာဝန်ယူလုပ်ဆောင်သွားဖို့ စီမံကိန်းရှိမရှိကိစ္စနဲ့ပတ်သက်ပြီး KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို  KNG သတင်းဌာနမှ ဆက်သွယ်နေပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။ ဖားကန့်မြို့ကနေ မြောက်ဘက် ၃ မိုင်လောက်အကွာမှာရှိတဲ့ ဆိုင်းတောင်ကျေးရွာရဲစခန်းကို KIA သိမ်းပိုက်လိုက်ပြီး Luck Man Hotel ထဲ ဝင်ရောက်တပ်ချလိုက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၅၀ ထက်မနည်းကို တစ်လခန့်ကြာ တိုက်ခိုက်ရှင်းလင်းလိုက်ပြီးနောက် အောက်တိုဘာ ၉ ရက်နေ့ကစပြီး ဆိုင်းတောင်တစ်လျှောက်ကို KIA နဲ့ PDF တပ်ပေါင်းစုတွေထိန်းချူပ်လိုက်ပြီဖြစ်ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • Jul- 2024 -
    8 July
    သတင်း

    မြစ်ကြီးနား – ဆွမ်ပရာဘွမ့်လမ်း မလိခမြစ်ချောင်းတစ်ကြောက လူနေအိမ် ၂၀၀ ခန့် ထိခိုက်ပျက်စီးသွား

    မြစ်ကြီးနား – ဆွမ်ပရာဘွမ့် ကားလမ်းမကြီးပေါ် မလိခမြစ်ချောင်းတစ်ကြောမှာရှိတဲ့  ကျေးရွာတွေမှာ ဒီရက်ပိုင်း ရေကြီးရေလျှံဖြစ်ခဲ့တဲ့အတွက် လူနေအိမ် ၂၀၀ ကျော်ထက်မနည်းပျက်စီးဆုံးရှုံးသွားတာကြောင့် ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ ရေကြီးရေလျှံဖြစ်ပြီး နေအိမ်အများအပြား ထိခိုက်ပျက်စီးသွားတဲ့ ကျေးရွာတွေကတော့ ဖုန်အိန်ယန်(Hpung Ing…

    Read More »
  • May- 2024 -
    9 May
    သတင်း

    နန့်ယားကျေးရွာကို ပြန်လည်ထူထောင်ရေးလုပ်ဆောင်ပေးဖို့ဒေသခံတွေ တောင်းဆို

    ဖားကန့်သွားလမ်းမပေါ်မှာရှိတဲ့ နန့်ယားကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နေရပ်ပြန်ကြတဲ့ ဒေသခံပြည်သူတွေ နေစရာ အခက်အခဲဖြစ်နေတာကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အမြန်ဆုံးဆောင်ရွက်ပေးဖို့ ဒေသခံ‌တွေ တောင်းဆိုနေကြပါတယ်။ တိုက်ပွဲအတွင်း မီးလောင်ပျက်စီးသွားတဲ့ လူနေအိမ် စုစုပေါင်း ၅၀ ခန့်ရှိပြီး အဲဒီထဲကအိမ်ထောင်စု ၂၀ ကျော်ဟာ…

    Read More »
  • May- 2023 -
    18 May
    စစ်ပြေးဒုက္ခသည်များ

    နေရပ်ပြန်မည့် ရွှေကူစစ်ရှောင်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးရန် စစ်ရှောင်များတောင်းဆို

    ကချင်ပြည်နယ် ရွှေကူမြို့နယ်၏ အရှေ့တောင်ဘက်ခြမ်းရှိ ကျေးရွာပေါင်း ၁၂ ခုမှ နေရပ်ကြပြန်မည့် စစ်ရှောင်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးရန် အကူအညီများလိုအပ်နေကြောင်း ဒေသခံများမှ သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးဝင်ရောက်ပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ကျေးရွာပေါင်း ၁၂ ရွာမှ…

    Read More »
Back to top button