ဖားကန့်တိုက်ပွဲ
-
May- 2026 -8 Mayသတင်း
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သား ၃ ဦးထိခိုက်ပြီး နေအိမ် ၁၀ လုံးခန့် မီးလောင်ပျက်စီး
ဖားကန့်မှာ တစ်ရက်တည်း စစ်တပ်ရဲ့ လေကြောင်း နှစ်ကြိမ်ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ကြောင့် အရပ်သား ၃ ဦးထိခိုက်ပြီး မှော်ဆီစာကျေးရွာက လူနေအိမ်များစွာ မီးလောင်ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။ စစ်တပ်ဟာ ဒီကနေ့ မနက်ပိုင်း ၁၂ နာရီမတိုင်မှီ မှော်ဆီစာအနီး မလောင်ကျေးရွာထဲက မြဥယျဉ်လုပ်ကွက်ဟောင်း (မြန်မာစည်သူ)နဲ့ မှော်ဆီစာနဲ့ ကုဋေမှော်လမ်းဆုံး နှစ်နေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ မှော်ဆီစာထဲက ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ထဲမှာ နေ့လည် ၁၂ နာရီဝန်းကျင် မှော်ဆီစာနဲ့ ကုဋေမှော်လမ်းဆုံးနေရာ ပစ်ခတ်ခံရမှုမှာ အဆိုးရွားဆုံးဖြစ်ပြီး ယခုညနေ ၇ နာရီဝန်းကျင်အထိ လူနေအိမ်တွေ ဆင့်ကူးမီးလောင်ကျွမ်းနေဆဲဖြစ်တယ်လို့ ဖားကန့် ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဒီကနေ့ လေယာဉ်ပစ်ခတ်ခံရတဲ့နေရာမှာက လူနေအိမ်တွေ ဆက်ပြီးမီးလောင်နေဆဲဖြစ်ပါတယ်။ ပြည်သူတွေကလည်း ကြောက်ပြီး ထွက်ပြေးတဲ့သူတွေက ထွက်ပြေး၊ နေအိမ်မီးလောင်တာကလည်း စစချင်းက ၂ အိမ်၊ ၃ အိမ်လောက်ပဲရှိတယ်။ တစ်အိမ်ပြီး တစ်အိမ်ဆင့်ကူးလောင်နေတာအခုမိုးချုပ်တဲ့အထိဆက်လောင်နေဆဲ။ မနက်ဖြန်အထိဆက်လောင်ရင် ဘယ်အိမ်ထိပါသွားမလဲမသိဘူး”လို့ပြောပါတယ်။ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ မှော်ဆီစာ – ကုဋေမှော်ရွာထိပ်လမ်းဆုံနေရာမှာ ကားဂိတ်၊ အထည်ဆိုင်၊ ကွမ်းယာဆိုင်နဲ့ စက်သုံးရောင်းတဲ့နေရာတွေရှိပြီး အဲ့ဒီတစ်လျှောက်က လူနေအိမ်တွေ မီးလောင်နေတာဖြစ်တယ်လို့ ပြောပါတယ်။ လေကြောင်းတိုက်ခိုက်ခံရချိန် လူနေအိမ် ၃ လုံးခန့် စတင်လောင်းကျွမ်းခဲ့ပြီး ယခုညနေပိုင်းအထိ မီးထဲပါသွားတဲ့ လူနေအိမ် ၁၀ လုံးဝန်းကျင်ခန့်ရှိနိုင်တယ်လို့ သတင်းအရင်းအမြစ်တွေက သုံးသပ်ပါတယ်။ စစ်တပ်ဟာ နေ့လည် ၁၂ နာရီဝန်းကျင်လောက်မှာ လေကြောင်းတိုက်ခိုက်ပြီးနောက် တစ်ပြိုင်နက် စစ်တပ်ရှိတဲ့နေရာတွေကနေ ဒရုန်းလက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်ခဲ့တဲ့အတွက် မှော်ဆီစာ ဘုန်းကြီးကျောင်း၊ လုံးခင်း ဒေါက်တာဘိုဘိုဟန် ဆေးဆိုင်နားအထိ ဒရုန်းလက်နက်ကြီး ကျမှန်ပြီး နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ပထမအကြိမ် မနက်ပိုင်း ၁၀ နာရီဝန်းကျင်လောက်မှာ မလောင်ကျေးရွာအနီး ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ထဲမှာ မြဥယျဉ်ကုမ္ပဏီဝင်းအတွင်း ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး ကုမ္ပဏီဝန်ထမ်းတစ်ဦးလည်းထိခိုက်မှုရှိခဲ့တယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။ စစ်တပ်ရဲ့ လေကြောင်းပစ်ခတ်ခံရတဲ့ဖြစ်စဉ်နဲ့ ဒရုန်းလက်နက်ကြီးကြောင့် လူနေအိမ်တွေ ထိခိုက်ပျက်စီးသွားတဲ့အပြင် အရပ်သား ၃ ဦးလည်းပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။ လုံးခင်း၊ မှော်ဆီစာ၊ ကုဋေမှော်တစ်လျှောက်ဟာ ပြီးခဲ့တဲ့ မတ်၊ ဧပြီလကတည်းကနေ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား နေရာလုတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ သို့ပေမယ့် စစ်တပ်က စစ်ရေးအရ စစ်ရေးနေရာတွေမှာ တိုက်ခိုက်တာမျိုးမလုပ်ဘဲ ကျေးရွာတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ နောက်ထပ် ဖားကန့်ဒေသခံတစ်ဦးက ဆက်ဆိုပါတယ်။ “လက်ရှိက လုံးခင်း၊ မှော်ဆီစာ၊ ကုဋေစသဖြင့် အဲ့တစ်ကြောက တိုက်ပွဲဖြစ်တဲ့ ဆက်စပ်ကြောမှာရှိနေတယ်။ ဖားကန့်က တောမှာဖြစ်နေတဲ့တိုက်ပွဲမဟုတ်ဘူး။ မြို့ပြတိုက်ပွဲလိုဖြစ်နေတာ။ စစ်တပ်က ဘယ်လိုဖြစ်နေလဲဆိုတော့ စစ်ရေးကို စစ်ရေးလိုမတိုက်ဘူး။ ပြည်သူ့နေအိမ်တွေမှာတပ်စွဲတယ်။ SKY ဟိုတယ်တွေလည်းတပ်စွဲထားတာဖြစ်တယ်။ ဒီလိုမျိုးအခြေအနေမှာ ပြည်သူတွေကတော်တော်ခက်ပါတယ်”လို့ပြောပါတယ်။ ဒီကနေ့ မနက်ပိုင်း ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် လုံးခင်း၊ မှော်ဆီစာ၊ ကုဋေမှာ် ကျေးရွာရှိ ဖားကန့်ပြည်သူတွေဟာ ကျေးရွာအတွင်းကနေ မဇွပ်ယန်၊ ကံဆီးနဲ့ ကထန်ယန် စတဲ့ကျေးရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ပြောပါတယ်။ ဖားကန့်တိုက်ပွဲဟာ မေလဆန်းပိုင်းကနေ ဖားကန့်ဒေသအတွင်း တစ်ခန့်အကြာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ ဝင်ရောက်တပ်စွဲနေရာယူထားတဲ့နေရာတွေကို ဝိုင်းရံပိတ်ဆို့ပြီး တန်ပြန်တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။ မေလ ၃ ရက်ကနေ ၆ ရက်နေ့အထိဖြစ်တဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်မှုများပြီး အခုလိုလေကြောင်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်နေတာဖြစ်တယ်လို့ ဖားကန့်စစ်ရေးသတင်းအရင်းအမြစ်တွေကပြောဆိုပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
Apr- 2026 -21 Aprilသတင်း
ဖားကန့်တိုက်ပွဲမှာ နာဂ NPDF တပ်သား နှစ်ဦးကျဆုံး
ဖားကန့် မြေပြင်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့နဲ့ မဟာမိတ်တိုက်ပွဲဆင်နွှဲနေတဲ့ နာဂ NPDF တပ်သားနှစ်ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More » -
21 Aprilသတင်း
ဖားကန့် တိုက်ပွဲတွင်း အရပ်သားသေဆုံးသူများလာ
ဖားကန့်မှာ တိုက်ပွဲဖြစ်တဲ့ တစ်ပတ်အတွင်း လက်နက်ကြီးကြောင့် အရပ်သားပြည်သူထိခိုက်၊ သေဆုံးသူစုစုပေါင်း ၁၀ ဦးခန့်ရှိလာပြီလို့သိရပါတယ်။
Read More » -
20 Aprilသတင်း
စစ်တပ်က ဆိုင်းတောင်၊ အင်းတော်ကြီး – ဖားကန့် ဂွေခါလမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ စစ်ရေးဖော်ဆောင်နေတယ်လို့ KIO ပြော
KIA က ၂ နှစ်ခန့်အကြာ ထိန်းချုပ်ထားပြီဖြစ်တဲ့ အင်းတော်ကြီး - ဖားကန့် ဂွေခါလမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ ဖားကန့် ဆိုင်းတောင်ဘက်မှာ စစ်ရေးဖော်ဆောင်လာတာဖြစ်တယ်လို့ပြောပါတယ်။
Read More » -
Feb- 2026 -10 Februaryသတင်း
ဖားကန့်မှာ ထောက်ပို့ယာဉ်တန်းဝင်ရောက်လာတဲ့လမ်းကြောင်းတစ်လျှောက် ပေါက်ကွဲမှုဖြစ်ပြီး အရပ်သားထိခိုက်မှုရှိခဲ့
တိုက်ပွဲဖြစ်နေတဲ့ ဖားကန့်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းပို့ဆောင်ပေးတဲ့ထောက်ပို့ယာဉ်တန်းဝင်ရောက်လာတဲ့ လမ်းကြောင်းတစ်လျှောက် ပေါက်ကွဲမှုတွေရှိခဲ့ပြီး အရပ်သားပြည်သူတစ်ချို့ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။ ကားမိုင်းလမ်းပိုင်းကနေတက်လာတဲ့ ထောက်ပို့ယာဉ်တွေဟာ ဖားကန့်မြို့အဝင်လုံးခင်းယမ်းချက်စက်ရုံကနေ တစ်ဆင့် ယာဉ်တန်းတစ်ချို့ကို တိုက်ပွဲဖြစ်တဲ့နေရာဘက်ကို ဦးတည်ပြီး တက်လာတာကြောင့် ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ ဖားကန့်ပြည်သူအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “လုံးခင်းအုပ်စု မှော်ဆီစာမိန်းလမ်းမကြီးမှာ နေ့ခင်း ၁ နာရီလောက် မိုင်းသုံးလုံးကွဲတယ်။ တစ်လုံးကတော့ လုံးခင်းကနေ မှော်ဆီစာအဝင်မှာကွဲတယ်။ အဲ့မှာ ဆိုင်ကယ်နဲ့သွားတဲ့ အမျိုးသမီးနှစ်ဦးထိသွားတယ်။ ဒဏ်ပြင်းထန်တယ်လို့ပြောလို့ရတယ်။ နောက်ထပ် မှော်ဆီစာ Sky Hotel မျက်စောင်းထိုးမှာရှိတဲ့ လမ်းမကြီးပေါ်မှာလည်း အဲ့မှာက နှစ်လုံး ရှေ့ဆင့်နောက်ဆင့်ကွဲသွားတယ်။ အရပ်သားကားတစ်စီးထိသွားတယ်။ ကားထိတဲ့နေရာမှာပဲ ဆိုင်ကယ်တစ်စီးလည်းထိသွားတယ် လူကဒဏ်ရာရသွားတယ်”လို့ပြောပါတယ်။ ဒီကနေ့ တစ်ရက်ထဲ လုံးခင်းအုပ်စု မှော်ဆီစာကျေးရွာတစ်လျှောက်မှာ မိုင်းသုံးလုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ပထမဖြစ်စဉ်မှာ ဆန်းကြွယ်ကျေးရွာက သားအမိနှစ်ဦးထိခိုက်ခဲ့ရပြီး နောက်ထပ်တစ်ဦးက ဆိုင်ကယ်စီးနင်းတဲ့ ဆိုင်းတောင်ကျေးရွာက အမျိုးသားတစ်ဦးဖြစ်တယ်လို့သိရပါတယ်။ စစ်ယာဉ်တန်းတွေဝင်ရောက်လာချိန် လမ်းကြောင်းတစ်လျှောက် ပေါက်ကွဲမှုဖြစ်ခဲ့ပြီးနောက် မိနစ် ၄၀ ခန့်အကြာမှာ စစ်တပ်က လက်ရှိတိုက်ပွဲဖြစ်နေတဲ့ မရှီကထောင်ရပ်ကွက် အနောက်ဘက်ခြမ်း ထုံးဘို ဆုတောင်းကုန်းဘက်ကို ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဆက်ပြီးဆိုပါတယ်။ “စစ်တပ်က လေကြောင်းတိုက်ခိုက်သွားပြီးနောက် တိုက်ပွဲပြန်ပြီးပြင်းထန်ပါတယ်။ မနက်ပိုင်းကမဖြစ်ဘူး လေယာဉ်လာပြီးနောက် ပြန်ပြင်းထန်လာတာ။ ညနေ ၄ နာရီလောက်မှာ တိုက်ပွဲဖြစ်တဲ့နေရာမှာ ပြန်ပြီးလာပစ်တာ။ အခုချိန်အထိတော့ ပစ်လိုက်နားလိုက်နဲ့ ဖြစ်နေကြတာ”လို့ပြောပါတယ်။ ဖားကန့်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်တွေဟာ ဆိုင်းတောင်ကျေးရွာဘက်ကို စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက် ဒီကနေ့ အထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။ နှစ်ပတ်ခန့်ကြာမြင့်လာတဲ့ ဖားကန့်တိုက်ပွဲမှာ စစ်တပ်ဘက်က စစ်ကြောင်းမထိုးနိုင်ဘဲ လက်နက်ခဲယမ်းတင်တဲ့ စစ်ယာဉ်တန်းတွေ ဝင်ရောက်လာသလို လေကြောင်းအကူနဲ့ တိုက်ပွဲဖော်ဆောင်လျက်ရှိနေပါတယ်။ စစ်တပ်ဘက်က လေကြောင်းအပါ မြေပြင်စစ်ကြောင်းထိုး တိုက်ခိုက်နေဆဲဖြစ်တဲ့အတွက် မရှီကထောင်ကျေးရွာနဲ့ ထိစပ်တဲ့ ကျေးရွာနေပြည်သူတွေ ရာနဲ့ချီစစ်ဘေးတိမ်းရှောင်နေကြပြီဖြစ်ပါတယ်။ တိုက်ပွဲဧရိယာနဲ့ ထိစပ်တဲ့ ပြည်သူတစ်ချို့က လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲကာလာကြာမြင့်လာနိုင်တဲ့အတွက် နမ္မတီး၊ မိုးကောင်း၊ မြစ်ကြီးနားစတဲ့မြို့ပေါ်ဘက်ကို စစ်ဘေးတိမ်းရှောင်လာကြတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာလည်း မရှီကထောင်စစ်ဘေးရှောင် အိမ်ထောင်စု ၆၀ ခန့်က မြစ်ကြီးနားမြို့ဘက်ကို စစ်ဘေးတိမ်းရှောင်လာကြတယ်လို့ စစ်ရှောင်ကူညီပေးနေတဲ့ တာဝန်ရှိသူတွေဆီကနေ ဆက်သိရပါတယ်။ ဖားကန့်မှာ စစ်တပ်က ဖော်ဆောင်နေတဲ့ စစ်ရေးဗျူဟာအရ စစ်တပ်က လက်လွတ်ထားရပြီး ဆိုင်းတောင်း၊ ဂွေခါစတဲ့ ဖားကန့်မြို့အတွက် အရေးပါတဲ့ ကျေးရွာနေရာတွေသိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဖော်ဆောင်နေတာဖြစ်ပြီး မရှီကထောင်အနောက်ဘက်ခြမ်းရှိ ဆုတောင်ကုန်းနေရာကို သိမ်းပိုက်ဖို့ ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။ ဇန်နဝါရီလကုန်းပိုင်းကနေ တိုက်ပွဲပြင်းထန်နေတဲ့ဖားကန့်တိုက်ပွဲမှာ နှစ်ဖက်တပ် အပြန်အလှန်လက်နက်ကြီးပစ်ခတ်မှု၊ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေကြောင့် အရပ်သား၊ ထိခိုက်သေဆုံးသူ စုစုပေါင်း ၂၀ ကျော်ခန့်ရှိလာပြီလို့ ဖားကန့်လူမှုကူညီရေးအဖွဲ့တွေဆီကနေ သိရပါတယ်။ By –…
Read More » -
4 Februaryသတင်း
ဖားကန့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပိုပြီးလုပ်ဆောင်နေ
တစ်ပတ်ခန့် တိုက်ပွဲပြန်လည်ပြင်းထန်နေတဲ့ ဖားကန့် တိုက်ပွဲနေရာကို စစ်တပ်က ဒီကနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ လေကြောင်း ၂ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တပ်တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ ဖားကန့် မရှီကထောင်အနောက်ဘက်ခြမ်း ထုံးဘိုကျေးရွာ ဆုတောင်းကုန်းအနီးတဝိုက်ကို…
Read More » -
3 Februaryသတင်း
ဖားကန့်တိုက်ပွဲမှာ စစ်ကော်မရှင်ဘက်က တပ်ခွဲမှူးနဲ့တပ်သားတစ်ဦးသေဆုံးပြီး တပ်သား ၆ ဦးအလင်းဝင်လာ
တိုက်ပွဲပြင်းထန်နေတဲ့ ဖားကန့်မြို့မှာ စစ်ကော်မရှင်တပ်ဘက်က တိုက်ပွဲအတွင်း အရာရှိတစ်ဦးသေဆုံးပြီး တပ်သား ၆ ဦး အလင်းဝင်လာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့နီးစပ်သူတွေဆီကသိရပါတယ်။ နှစ်ဖက်တပ်တွေတိုက်ပွဲပြင်းထန်နေကြချိန် ဇန်နဝါရီလ ၂ ရက်နေ့မှာတော့ စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ထဲက တပ်သားတစ်ဦးအရင်ဆုံး အလင်းဝင်လာရာကနေ ဒီကနေ့မနက်ပိုင်းမှာလည်း နောက်ထပ်တပ်သား…
Read More » -
Nov- 2025 -11 Novemberသတင်း
ဖားကန့်မှာ စစ်တပ်က အရပ်ပြည်သူတွေရှိတဲ့ အဆောက်အဦး ဟိုတယ်တွေအထိ တပ်စွဲလာ
ဖားကန့်မှာ စစ်ရေးအသာရဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်က စစ်ရေးနေရာမဟုတ်ဘဲ ကျေးရွာ၊ ရပ်ကွက်အတွင်းရှိ ခိုင်ခံ့တဲ့အဆောက်အဦး ဟိုတယ်နေရာတွေမှာ တပ်စွဲဝင်ရောက်နေရာယူလာတာကြောင့် နှစ်ဖက်စစ်တပ် စစ်ရေးပိုပြီး ပြင်းထန်လာနိုင်တယ်လို့ ဖားကန့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အရေးပါတဲ့ မြို့နေရာ၊ ကျေးရွာ၊ ရပ်ကွက်တွေကို စစ်ရေးအရ နယ်မြေစိုးမိုးနိုင်ဖို့အတွက်…
Read More » -
10 Novemberသတင်း
ရဲတပ်သားအပါ စစ်အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံနေရပြီး ထိခိုက်မှုရှိနေ
ကားမိုင်း - နန့်ယားလမ်းအတိုင်း တက်လာတဲ့ စစ်ကြောင်းတွေ ဖားကန့်အဝင် လုံးခင်းနဲ့ မှော်ဆီစာကျေးရွာ မိန်းလမ်းမတစ်လျှောက် တိုက်ခိုက်ခံရကာ ကြီးမားတဲ့ပေါက်ကွဲမှုတွေဖြစ်စဉ်မှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဖားကန့်ပြည်သူတစ်ဦး KNG ကိုပြောပါတယ်။
Read More »








